02
Mar
11

အနောက်တောင်ဆီက ရွာမယ်

စိတ်အလျဉ်ရေနွေးပူစီးကြောင်းကနေ သစ္စာတရားတစ်ခုခုကို ရှာဖွေနေတာလည်း ဖြစ်မယ်။ လူမှုဆက်ဆံရေး ဘာသာစကားအပေါ် collage အတွေ့အကြုံအများကြီးရှိပြီး တံခါးမရှိ ဓါးမရှိ။ ရင်သပ်ရှုမောဖွယ်ရာေ၀၀ါးဖျာကျနေသောလရောင်က ဘောင်သတ်မှတ်မှုကို ရောက်လာမှာ မဟုတ်ပါဘူး။ မိုးလေ၀သ ခန့်မှန်းချက်တစ်ရပ်အဖြစ် ငါးရစ် ငါးသန် ဘေးမဲ့ချန်။ နည်းပညာရဲ့ စွမ်းဆောင်ရည်တွေကြောင့် အိပ်တန်းပြန်လာတဲ့ နေရောင်တစ်ချို့ရဲ့ အသံတွေကို ကြားနေရတယ်။ ထိန်းသိမ်းတာတွေဘာတွေတော့ မရှိသေးဘူး။ အမှောင်ထုကိုဖြတ်လာတဲ့ ရေဒီယို။ – Night Fishing – အဆင့်အတန်းဆိုတာက ဘာလဲ။ လိုင်စင်ရထားတာမျိုးလား။ မိုးရေချိန်မှာ လက်မတွေတစ်ထွေးကြီးရှိတာ ခင်ဗျားသဘောပေါက်ချင်မှ ပေါက်မယ်။ သံယောဇဉ်ကလွဲရင် ရိုးရာရနံ့ရှိတဲ့ကြိုးတွေကို ဖြတ်တောက်ဖို့က အဲလစ်ရဲ့အံ့ဖွယ်ကမ္ဘာနဲ့ မပြီးတော့တာပဲ။ ဆင်ခြင်ဥာဏ် အတိမ်အနက်အလိုက် အပေါင်းအနုတ်ပြောင်းလဲတတ်သောစကားလုံးများ ဆိုက်ရောက်ထွက်ခွာ၊ သေဘေးက အကြိမ်ကြိမ်လွတ်ခဲ့။ စနစ်+လူရဲ့ အကျိုးကျေးဇူးတွေခံယူရင်း လုံးပါးပါးလယ်သမားတစ်ယောက်ရဲ့စကားလုံးတွေ ဘ၀ကိုဘယ်လိုရိုက်ခတ်သလဲဆိုတာထက် တရုတ်တွေက မျိုးရိုးစဉ်ဆက်နဲ့ ဥစ္စာဓနအင်အားကို တည်ဆောက်ကြတာ။ အဲ့နွားတစ်အုပ်ကလည်း ကွန်မြူနစ်တွေလား။ ကျရာဇ၀တ်ကောင်ပီပြင်အောင် စကားပြောတာလည်း ဇာတ်ကောင်တွေအတိုင်းပဲ။ တအံ့တသြနဲ့ ထစ်ထစ်ငေါ့ငေါ့နဲ့ မရွှင်မပြနဲ့။ လူ့အဖွဲ့အစည်းမှာ အသီးအပွင့်ဖြစ်ခဲ့ပြီလို့ ဆိုရမလား။ ဘယ်သူတွေက ဘာတွေရနိုင်မလဲ။ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ။ လောကီသားပေမို့ ကောင်းတာချင်းတူရင် အားလုံး အိမ်ကိုကောင်းမွန်စွာ ပြန်နိုင်ပါစေ။ လမ်းမက ကားဘီးတွေအောက် ရောက်ရောက်သွားတာကို တွေ့မိသလိုလို မတွေ့တော့သလိုလို။ ချိုးဖျက်ဖန်တီးခြင်းမှာ ရေသည်မြင့်ရာမှ နိမ့်ရာသို့စီးဆင်းသည် မဟုတ်ဘူး။ ဇလုံအတွင်းသို့ တစက်စက်ကျလာသောပျင်းရိခြင်းများကို အလောင်းအစားလုပ်ဖို့ အကြံထုတ်မိတော့ မိုးက ရပ်လိုက်၊ ရွာလိုက်၊ မြို့နယ်လိုက်၊ တိုင်းဒေသကြီးလိုက်၊ နိုင်ငံလိုက်။ ပြန်ကြည့်မယ်ဆိုရင် အဓိပ္ပာယ်ဖွင့်ဆိုတာ လိုတာထက်ပိုပြီး ထောင်လွှားပြတာပဲ။ အလျှံပယ်သဘောဆောင်တာပဲ။ အပြန်အလှန်သဘောတရားဆိုတာကို နားမလည်တာလား။ တဒင်္ဂသဘောက ပိုတန်ဖိုးရှိတယ် ထင်လာကြတာလား။ တနင်္ဂနွေတွေကို ခေါင်းထဲမှာ တစ်ချိန်လုံး ထပ်တလဲလဲ သေသေချာချာ ဖျက်ဖျက်ပြီး ညည်းကြည့်တယ်။ ရုတ်တရက် လန့်နိုးလာရင်ကောင်းမလား စဉ်းစားပြီးမှ လက်တွန့်နေတယ်။ ဖြစ်စဉ်တိုင်း၌ မဝေခွဲတတ်ခြင်းအမည် ဖော်ပြရခြင်းအကြောင်း အတွေ့အကြုံဖြတ်သန်းမှုတွေထဲ အ၀င်မခံပါနှင့်။ အတိတ်ဆိုတာ မိန်းမ၀၀ကြီးတွေရဲ့ လှုပ်ခါသွားတဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ထိုင်၍သာ ကြည့်နေလိုက်။ သူတို့ဆီက စာတစ်စောင်မှ ပြန်ရောက်မလာခဲ့ဘူး။ အချိန်တွေက အဆင်တန်ဆာတွေပဲ။ လူမျိုး၊ ဘာသာ၊ အသက်အရွယ်မရွေးထက် အခိုက်အတန့်တော့ လွတ်မြောက်နေတယ်ပဲ။ အရသာကိုခံစားဖို့အတွက် ချော်လဲရာရောထိုင်ခဲ့သည်ဖြစ်စေ၊ ဤကို ကျွဲဖတ်ခဲ့သည်ဖြစ်စေ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ ပြန်ပြောလိုက်ရမှာက ပြန်လည်ဖြည့်စွက်ရန်မလွယ်ကူသော သယံဇာတဟာ စီးဆင်းနေတယ်။ တဖျတ်ဖျတ် ခပ်နေတယ်။ ပိုးဖလံတွေ တစ်ကောင်ပြီး တစ်ကောင်… စိတ်လှုပ်ရှားစရာတွေရဲ့ နောက်ဆုံးရာသီ ရောက်လာပါပြီ။ တည့်တည့်လေး ဂိတ်ကုန်။

သိုးထိန်း (အန္တိမ)


3 Responses to “အနောက်တောင်ဆီက ရွာမယ်”


  1. March 2, 2011 at 6:36 PM

    စိတ်ဆိုတာ တဒင်္ဂအတွင်း ယူဇနာပေါင်းများစွာ ဖြတ်သန်းသွားလာတတ်တယ်ဆိုတဲ့ တရားကို ရုတ်တရက် အမှတ်ရမိတယ်…။
    စာပုဒ်ကို ဖတ်ရင်း ဖတ်ရင်း တွေးမိတာတွေက တော်တော်များသွားတာကိုးး)

  2. March 2, 2011 at 6:38 PM

    btw, new theme of webpage ?


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: