02
May
11

ဘ၀မှာ နေ့တိုင်းဟာ မျက်လုံးကားကား မှတ်သားတွေ

ဘယ်မှရွေ့မသွားတဲ့ ဆိုင်းဘုတ်
ဖျတ်ကနဲ ပျောက်သွားနိုင်သလို
နံနက်ခင်းရေဒီယိုလေးနဲ့၊ ဆူးတောင်နဲ့၊ စလမ်းတွေနဲ့
အလယ်မှာ မီးကို ကျယ်ကျယ်ဖွင့်မောင်း
လက်ခလယ်သားကို လျှော့ထား
အရောင်းအဝယ်လိုက်တယ်ဆိုနေရင်
ကြီးကျယ်မှုမှန်သမျှနဲ့ မီးလင်းတဲ့အရွယ်
လူငယ်လေးပါ
ကြီးမားကျယ်ပြန့် အုန်းသီးစိမ်းတစ်လုံးရဲ့အစအဆုံး
လေကောင်းလေသန့်တွေ အသစ်ထည့်သွင်းထား
သွေးလည်ပတ်မှုဟာ အခါခါလင်းလာတော့
ခံစားချက်တွေထည့်ရေးရင် ပန်းဝါ၀ါလေးတစ်ပွင့်ဟာ
နေရောင်မှာ တစက်စက်ပျော်နေတဲ့
စကားလုံးတွေနဲ့ အရှိတရားပေါ့
ရေနံတွင်းနံရံက အညစ်အကြေးလို
နာမ်ဓါတ်ငွေ့ယိုစိမ့်နေတဲ့ ရုပ်ဓါတ်အန္တရာယ်
အများသုံးအိမ်သာမှာ
ကျောပိုးအိတ်လေးတစ်လုံးလွယ်ပြီး မဖွယ်မရာများဖြစ်မလား
အကောင်းမြင်ဝါဒ နှင်းတွေလား
ဘဝဟာ အရသာရှိလိုက်တာလို့
သူတို့မှ မတတ်နိုင်တာ
ကြမ္မာဇာတ်တစ်ပုဒ်ရဲ့ ချက်မြုပ်ဟာ
အမည်မပေါ်တဲ့နယ်ခြားမျဉ်းကြောင်းလား
အားလုံးဟာ လိင်ကြောင့်ဖြစ်ရတာဆိုတော့
ပျက်ခြင်းဟာ အသံကုန်အော်ပြီးမှ
ကယ်သူမရှိတဲ့ အားကစားပါ
ဒီအမှုဟာ ငါနဲ့ဘာမှမဆိုင်သလို မီးလောင်နေတဲ့ သစ္စာ။

သိုးထိန်း (အန္တိမ)


0 Responses to “ဘ၀မှာ နေ့တိုင်းဟာ မျက်လုံးကားကား မှတ်သားတွေ”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: