18
May
11

များများစားစား

နှလုံးသားထဲတွင်၊ ဦးနှောက်အတွင်းပိုင်းတွင်
ရှုထောင့်ပြောင်းခြင်းနဲ့ စပ်ဆက်
ဝန်းကျင်ရဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့အတွက်
ပစ္စည်းတွေရဲ့ အရဲစွန့်မှုနဲ့ စွမ်းဆောင်မှုကနေ
တွဲချိတ်မှု၊ လိုင်းဖွဲ့မှု၊ လည်ပတ်ဆောင်ရွက်မှု
အပြုစုခံ၊ အပြဌာန်းခံ တည်ဆောက်မှု၊
နည်းစနစ်အမျိုးမျိုးနဲ့ သင်္ကေတတွေ၊
အလှမွေးမြက်ခင်းစိမ်းစိမ်းတွေ၊
ကွင်းဆက်တွေ၊ ဂယက်အနက်တွေ၊ ဝတ်မှုံကူးမှုတွေ
မပီပြင်တဲ့စာသားတွေ
အချင်းချင်းကို ဘယ်လိုဆွဲဆန့်ချိတ်ဆက်ယူသလဲ
အရေအတွက်အားဖြင့်လည်းကောင်း
အရည်အသွေးအားဖြင့်လည်းကောင်း
တစ်ဖက်တစ်လမ်းက ပိတ်ပင်တားမြစ်လို့ရတယ်
စစ်ဆေးလို့ရပါတယ်
စာဖတ်ခြင်းဖြစ်စဉ် ၀င်္ကဘာလမ်းတွေ
အရေးအသားဟာ ပုဂ္ဂလကိစ္စ
လိုအပ်သော အာဟာရ
မသိနိုင်သော အခြားနေရာတစ်ခု
ကော်ဖီပူပူ တစ်ခွက်
တောင်တောင်အီအီ ဖြစ်နေမယ့်အစား
တစ်ခုခုေ၀၀ါးသွားလိုက်ရတာ ပိုကောင်းမယ်
ဘာသာစကားနဲ့ မတည်ဆောက်ရင်
စူးစမ်းလေ့လာတာဖြစ်ပါတယ်
အလုပ်ကို မဆုတ်မနစ် လုပ်နေကြရမှာပါပဲ
ထင်၏သို့ မထင်၏သို့
ကာရံသင့်ပြီး တစ်ခုခုဖြစ်သွားတာပဲ
အဓိပ္ပါယ်အားဖြင့် ပုံဖော်ပြီး
အနှစ်သာရအားဖြင့် ဟင်းလင်းပြင်
အတွေးကိုကိုက်ဖဲ့ရာ ပြဿနာ
ခေတ်ပြိုင်အာရုံခံစားမှု လက်ရှိဈေးကွက်အတွင်း
ခံရသူမဟုတ်ရင် အားပေးကူညီသူ
အနုပညာဆိုတာ
တစ်ယောက်အတွက် ဇာခန်းစီး
တစ်ယောက်အတွက် မဟာတံတိုင်း
လုံခြုံမှုနည်းနည်းတော့ ဖြိုချရမှာပဲ

သိုးထိန်း(အန္တိမ)
ref: equalsignpoetryetics


2 Responses to “များများစားစား”


  1. May 18, 2011 at 10:36 PM

    အဓိပ္ပါယ်အားဖြင့် ပုံဖော်ပြီး
    အနှစ်သာရအားဖြင့် ဟင်းလင်းပြင်
    အတွေးကိုကိုက်ဖဲ့ရာ ပြဿနာ
    ခေတ်ပြိုင်အာရုံခံစားမှု လက်ရှိဈေးကွက်အတွင်း
    ခံရသူမဟုတ်ရင် အားပေးကူညီသူ
    အနုပညာဆိုတာ
    တစ်ယောက်အတွက် ဇာခန်းစီး
    တစ်ယောက်အတွက် မဟာတံတိုင်း
    လုံခြုံမှုနည်းနည်းတော့ ဖြိုချရမှာပဲ…

    mostly i want to learn how to sell my feeling and creation. coz it is my life and my profession.
    now i got a lot of concept and thinking from this poem. really thanks!


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: