09
Jun
11

အကုသိုလ်မြေကြီးက သူ့ကိုယ်ပိုင်အသီးတွေနဲ့ ညွှတ်ဖီးလေးလံ

ပြတင်းပေါက် ဖြစ်ဖြစ်၊ အခန်း ဖြစ်ဖြစ်၊ လုံးချင်း တစ်ခုခု ဖြစ်ဖြစ်…
တစ်ဦးနဲ့တစ်ဦး အစားထိုးဖို့ ဖြစ်ဖြစ်…
(အ)စမ်းသပ်(ခံ)စရာမဟုတ်တော့
ချစ်ခြင်းတရား၊ စားဝတ်နေရေး၊ မိသားစုပန်းခင်း…
ဒီ မမေ့ဘူး တွေထဲ အချိန်ပြည့်ရင်ခုန်မိရင်း
အမှောင် တဖွဲဖွဲကနေ ရယ်သံ သေးသေးလေးတွေအဖြစ်
တစ်နည်း မဟုတ် တစ်နည်း
တစ်စ မဟုတ် တစ်စ
ကဗျာအသားဟာ သဲကန္တာရကို တစ်ဟုန်ထိုးဖြတ်နေတယ်
သံသရာအဖူးပေါ် လိပ်ပြာတွေဝေပုံကအစ
စတီရီယို သုညတွေက
ဘယ်တော့မှ မရောက်ခဲ့ရာအပေါ်
ဝတ္တရားမကျေမနပ်နဲ့
သူ ငါ မကွဲမပြားနဲ့
ရောင်ပြန်ဟပ်ယိုယွင်းနေတဲ့ ကောင်းကင်ကို ဘယ်သူကယ်မှာလဲ
ရှိနေခြင်းဟာ မရှိနေခြင်းလား
မဟုတ်လားပဲ ဟုတ်လားလား
ဆာလောင်မှုဆိုတာ အစစ်လား
မေးခွန်းမှာ ဘာအသားပြည့်ဝမှုမှ မရှိဘူးဆိုတာ
အနုပညာထဲ ကိုယ့်ကိုယ်ကို
ခုန်ခုန်ချနေရ
ချိန်တွယ်ကြည့်ကြည့်နေရ
မပြည့်သေးတဲ့ စည်းကမ်းထဲ လွတ်လွတ်ကျွတ်ကျွတ် ကော်ကပ်ချိတ်ဆက်လုပ်သားကြီး
ပေါင်းပင် ထူထပ်တဲ့ ဧရာမ သိုလှောင်ရုံတစ်ဝိုက်
ပြင်ပစေခိုင်းချက်အရ၊ ဘာသာစကားနဲ့ ညွတ်တဲ့အာရုံအရ၊ အတွင်းဆန္ဒဖြင့် ပြုလုပ်လိုခြင်းအရ…
လုပ်အားနဲ့ တန်ဖိုးလေးကို နားလည်ရင် မတိကျတဲ့ အဓိပ္ပါယ်တွေက
ပြည့်ဝ အမှိုက်ပုံတွေလို…ဟိုး…မိုးကုတ်စက်ဝိုင်းတန်းအထိ ပွတ်ခြစ်ဆောင့်ထွက်လာပါမယ်
ကျန်တာကတော့ ပြုလုပ်ခြင်းနဲ့မဆိုင်တဲ့ အခြားကိစ္စတွေ။

သိုးထိန်း(အန္တိမ)

Note: Just an attempt to intertextualize Mg Chaw Nwe and Zeyar Lynn.


2 Responses to “အကုသိုလ်မြေကြီးက သူ့ကိုယ်ပိုင်အသီးတွေနဲ့ ညွှတ်ဖီးလေးလံ”


  1. June 15, 2011 at 9:30 AM

    မိုက်တယ်ဗျာ…တကယ်…တကယ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: