30
Jan
12

မွေးနေ့ရှင်

သူ့အသက်(၂၀)ပြည့်မွေးနေ့မှာ ခါတိုင်းလိုပဲ
စီစဉ်ထားခဲ့တာတွေက နေရာမကျမြဲ မကျ
အဲဒီသောကြာညသာ ပုံမှန်အတိုင်းဆိုရင်
ဆူသံ ပူသံတွေ၊ ဖုန်းသံတွေ၊
ပြီး…ခပ်မှိုင်းမှိုင်း ဇာတ်ကောင်တွေ၊ လမ်းအချက်ပြမီးတွေ၊
အေးစက်မာကျောတဲ့ ပင်လယ်လေနဲ့ ချောင်းဆိုးပျောက်ဆေးလုံးတွေပေါ့
အံဆွဲတစ်ခုထဲမှာ သိမ်းထားတဲ့ အနံ့တစ်မျိုးက
ပုံမှန်ဖောက်သည်တွေရဲ့ စိတ်အားတက်ကြွမှုအတွက်…
အဲဒီဖောက်သည်ကြီးတွေက သူ့အလုပ်အတွက် ဂုဏ်ယူကြတယ်
သီးသန့်နေရာတွေဟာ ဒီမိုကရေစီ ဓနရှင်တွေ အတွက်
ဆိုပါတော့
ပါတီသွားတဲ့ ပြည်သူတွေဟာ သဘာဝမြေဩဇာနဲ့ပဲ ကြီးထွားလာကြရတယ်
ဆိုပါတော့
စားသုံးသူတွေကို နိစ္စဓူဝ ကျွမ်းကျင်လိမ်မာစွာ သူ ပြုံးပြနှုတ်ဆက်ရတယ်
ဆိုပါတော့
တစ်ဦးချင်းစီအတွက် ဘယ်လိုနေ့မျိုး ဖြစ်ခဲ့တယ်ဆိုတာကို တလေးတစား နားထောင်ပေးရတယ်
သူ့ရဲ့ အထူးတာဝန်ကတော့ ညစာကို အထွဋ်အမြတ်နေရာအဖြစ် သန့်ရှင်းစင်ကြယ်စေရတယ်
အသင့်ပြင်ပြီးသား ညစာကို အဲဒီနေ့အတွက် အထူးဟင်းလျာနဲ့တွဲ ရှင်းပြတယ်
(လည်ချောင်း ထပ်ရှင်းရင်း)
ဆရာ့အတွက် ညစာပါ
ကျသင့်တန်ဖိုး ကပ်ထားတဲ့ အရာမျိုး မဟုတ်ဘူး
လေထဲမှာပါလာတဲ့ ထိလို့ကိုင်လို့မရတဲ့ အစားမျိုးပါ
မျက်နှာကိုပါ ရိုရိုကျိုးကျိုး ဖြစ်နေအောင် တစ်ခါတည်း ပုံပြောင်းထားရတယ်
မျက်နှာကျက်စပီကာတွေထဲက သိုသိုသိပ်သိပ် စီးထွက်လာနေတဲ့ အလင်းစူးစူးထဲ
နက်ရှိုင်းတဲ့ ရနံ့တစ်မျိုးဟာ သူ့နည်းသူ့ဟန်နဲ့ တစိမ့်စိမ့်
ညရဲ့အလင်းမှာ မျှော်စင်ရဲ့ ကောက်ကြောင်းတွေက အပြောင်လက်ဆုံး တိုက်ချွတ်ထားပုံရပြီး
ဘယ်လိုအရိပ်မည်းမျိုးမှ အဲဒီအပေါ် မထိုးပါစေနဲ့
အဲဒီခဏငယ်လေးတွေမှာ ဘာမှ ပြုပြင်မွမ်းမံစရာမရှိဘူး
မိမိရဲ့ ဘ၀ကို မိမိ ဘာမှ ဖြိုဖျက်စရာမရှိတော့ဘူး
အတွေးတွေက လက်ကနဲ လက်ကနဲ ဖြာကျလာတယ်
လည်ချောင်းတွေ ခြောက်သွေ့လာတယ်
လေအဝှေ့မှာ ပြတင်းမှန်ကို မိုးစက်တွေ မညီမညာ လာရိုက်တယ်
အချိန်ရဲ့ မညီမညာခုန်နှုန်းတွေဟာ သူ့နားထဲကို လာလာရိုက်နေတယ်
အချိန်ဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါ
ဘာမှမရှိတော့တဲ့ အဲဒီအချိန်မှာ သူဟာ သိသိသာသာကြီးကို ပေါ့ပါးနေခဲ့ပြီး
ထူးခြားဆန်းကြယ်တဲ့ တိမ်စိုင်တစ်ခုပေါ် လမ်းလျှောက်နေရသလိုမျိုးတောင် ခံစားမိတယ်
ရေခဲမုန့်ဟာ တစ်နာရီတစ်ကြာ ရွာလိုက်တိတ်လိုက်
တစ်ခါတစ်လေမှာတော့ သစ်အယ်သီးနဲ့ မလိုင်အချိုပွဲ စတာတွေပေါ့
ပြီးတာတွေကို မေ့ထားလိုက်၊ ထွေးထုတ်လိုက်
သူ့လည်ချောင်းကို တိတ်တိတ်လေး နောက်တစ်ခေါက် ထပ်ရှင်းလိုက်မိတယ်
ချောင်းဆိုးပျောက်ဆေးလုံးတွေ…
အဲဒီအခိုက်မှာပဲ ပုံသဏ္ဍာန်ပြောင်းသွားတယ်၊ ရုတ်တရက်လဲကျသေဆုံးသွားတယ်
ပြန်လာမယ်၊ နောက်ကြာရင် နာရီလည်သလို သူပြန်တက်သွားပြီး ပြန်လာမယ်
စိတ်လှုပ်ရှားနေတဲ့အခါတွေမှာ နဖူးထိပ်မှာ ချွေးတွေသီးလာရင်းက
သူ့အသံဟာ အက်အက်သွားလေ့ရှိတယ်
လေထဲမှာ ပေါလောမျောနေတဲ့ မြင်နိုင်စွမ်းမရှိသော အရာတစ်ခုခု…
မျှော်စင်ဆီက အလင်းရောင်တွေဟာ မိုးစက်တွေကြားထဲ ထိုးဖောက်ဖြာထွက်နေတယ်
အင်မတန်ကြီးမားတဲ့ မုန့်ကြီးတစ်ခုကို မုန့်ဖုတ်စက်ထဲမှာ မီးအေးအေးနဲ့ ဖုတ်နေပုံပါပဲ
လက်ဗလာနဲ့ပေါ့
ဒဏ္ဍာရီထဲက ကြင်နာတတ်တဲ့ နတ်သမီးလေးတစ်ပါးလို ဒါကျမရဲ့ ၀တ္တရား
ဒါပေမယ့် လူတွေဟာ သူတို့ကိုယ်တိုင်ထက် ဘာမှပိုမဖြစ်နိုင်ဘူး မဟုတ်လား?

Ref: Haruki Murakami – Birthday Girl [translated by lanolay]


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: