09
Feb
12

လူပျောက် (၂)

ဘယ်လိုပြောရမလဲ
ဒီမှာက မိန်းမတစ်ယောက်အတွက် ရှင်သန်ဖို့ဆိုတာအခက်ကြီးမဟုတ်ဘူး
နေတတ်ရင် ကျေနပ်စရာတွေက အများသားဆိုတော့ ရှင်သန်ရဲဖို့ပဲလိုတာပေါ့နော်
နာမည်သုံးလေးမျိုးနဲ့ ဆိုင်သုံးလေးဆိုင် ပြောင်းပြီးပြီ
အင်းပေါ့…သီချင်းဆိုတယ်ပဲ လွယ်လွယ်ပြောရမယ်
တကယ်ကို ဘုရားစူးစေရဲ့ မိုက်ခဲပဲ
ရွယ်တူတွေက ဘိုင်ကျ၊ ပေသီးခေါက်
တစ်ယောက်ခင်းပြီး တစ်သင်းလုံးဝိုင်းကန်ချင်တာမျိုးဆိုတော့
သက်ကြီးမိတ်ဆွေတွေပဲ တစ်လှေကြီးရတယ်
ရခိုင်သင်္ကြန်သာဆို ရွှဲရွှဲစိုပြီ
တစ်ခါတစ်ခါတော့လည်း ငယ်ရည်းစားကို သနားစိတ်ဝင်မိတယ်
ခုတော့ ဘာသားနဲ့ထုထားတာမို့လဲ
တစ်လတာ စားဝတ်နေရေးက ဆယ့်လေးငါးမိနစ်ပဲဆိုတော့
ပျော်တယ်လည်းမဟုတ်ဘူး သူလျော်ရင် ကိုယ်လျော်ပဲ
ရောမကို ရောက်တော့ ရောမမြို့သားတွေကို တွေ့တာပေါ့ရှင်
အော်ကီးဖြစ်ဖြစ် ကျော်ကြီးဖြစ်ဖြစ်
ကောင်းရင် အကြောင်းမရွေးတော့ပါဘူး
တိမ်တွေစီးနေရသလိုလို၊ အိပ်မက်တွေကို အတောင်တပ်လိုက်သလိုလို
ရောင်စုံမီးတွေထဲဝဲလို့ ဟေးမစ္စတာ ဒီးဂျေ
ကျွန်မကိုယ် ကျွန်မဖြေချလိုက်တယ်
တောင်တွေ၊ တောတွေ၊ မြစ်တွေ၊ မြို့တွေကျော်ပြီး မွေးရပ်မြေ ပြန်ရောက်သွားသလိုလို
ချွေးနဲ့ မျက်ရည်ကြားမှာ မိသားစုကို မှောင်ရီဝိုးတဝါး မြင်ရတယ်
ငါးနှစ်သာပြည့်တော့မယ် အိမ်ဆိုတဲ့အဓိပ္ပါယ်ကို ဖမ်းလို့မမိသေးဘူး
လိပ်စာအပြောင်းအလဲနဲ့ အိမ်ကိုဖွင့်မပြောရဲတဲ့ကိစ္စတွေ
အမှိုက်ခြင်းထဲပဲ လုံးခြေပစ်လိုက်ပါတယ်
အဖေနဲ့အမေကတော့ ကျွန်မကို အမျှဝေလိုက်ပြီလားမသိဘူး
ဒီမှာက ကိုယ့်ကိုယ်ကို ဝေမျှလို့ကို မပြီးနိုင်ဘူး
ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုတာ အခုတော်တော်သဘောပေါက်လာတယ်
ဘယ်လိုပြောရမလဲ
ဒီမှာက မိန်းမတစ်ယောက်အတွက် ရှင်သန်ဖို့ဆိုတာအခက်ကြီးမဟုတ်ဘူး
နေတတ်ရင် ကျေနပ်စရာတွေက အများသား။

သိုးထိန်း (အန္တိမ)
၂ဝ၁ဝ ဂျွန်လ ၂၈ရက်

[first published on kaungkin]


1 Response to “လူပျောက် (၂)”


  1. February 10, 2012 at 11:13 AM

    ဒီမှာက ကိုယ့်ကိုယ်ကိုဝေမျှလို့ကိုမပြီးနိုင်ဘူး


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: