23
Feb
12

ခင်ဗျားတို့လည်း တစ်ခုခုကို ကိုင်ထား

ဤအရာကို ကစားနည်းဟုခေါ်ဆိုခဲ့လျှင်

မာန်ပါသော လုပ်ဆောင်မှု တစ်ခုခုကို ကိုင်ထား

အသိဆုံး အသိဥာဏ်ဟာ

လက်ခလယ်တစ်ချောင်းတည်းကိုပဲ ကွက် ခံစား / ပြုလုပ် ရတာတွေ

တကယ်ပဲ လက်လျော့ထားလိုက် တစ်ခုခုကို ကိုင်ထား

ရင်မခုံခင် တစစ်စစ်အသက်ရှူနေသံဟာ

သံနေသံထားအပြည့်နဲ့ သိမှုထဲရောက်လာလား

မလာလားဆိုတာ မသေချာဘူး

သဒ္ဒါနည်းအရ တစ်ခုခုကို ကိုင်ထား

တဖြေးဖြေးမှတ်မိလာတဲ့ မလွဲမသွေယိုယွင်းမှုဟာ

မရောက်ဘူးတဲ့ တောင်တန်းတွေပေါ်က

မရောက်ဘူးတဲ့ မြို့ပေါ်က

မလျှောက်ဘူးတဲ့ လမ်းပေါ်မှာ

စွန့်လွှတ်အနစ်နာခံနိုင်ပါ့မလား

တစ်ခုမကျန် ဖယ်ရှားခြင်း တစ်ခုခုကို ကိုင်ထား

စိတ်ကို ထုရိုက်သံတချွင်ချွင်၊ နွေးနွေးထွေးထွေး အော်သံတွေ

အဲဒါက နတ်တွေကိုပူဇော်ပသတဲ့ စိတ်ကူးပဲ

ဟိုစမ်းစမ်း ဒီစမ်းစမ်း လူလုံးနဲ့ လေလုံးမကွဲတဲ့ဟာကြီး

ကိုယ့်ကိုယ်ကို မသိ တစ်ခုခုကို ကိုင်ထား

သတိသာသာ မှဲ့တွေအများကြီးဟာ ကင်ဆာလား
ကောင်းကင်ဘုံမှ အရာတွေအကြောင်း တွတ်ထိုးရန်မလိုတော့တာ

ဆင်တစ်ကောင်လို နှေးကွေးမှုမျိုးဖြင့် သင့်ကိုယ်သင်သိပါ

ဆက်လက်ရှင်သန်ဖို့ တစ်ခုခုကို ကိုင်ထား

လူမုန်းများတာကို စိတ်လည်းဝင်စားတယ် စိတ်လည်းမ၀င်စားဘူး

ဘာတွေ အကျုံးဝင်သလဲ / ဘာတွေ အဝင်ကျုံးသလဲ

မချွင်းမချန် တစ်ခုခုကို ကိုင်ထား

အရာအားလုံးအတွက် ဘာမှဆင်ခြေ ဆင်လက် မပေးနဲ့ကွယ်
ပေးချင်းပေး ဆင်နှာတံလေး ပေး တဲ့

အချိန်သာပေးလျှင် အလူးလူးအလိမ့်လိမ့်

ချွင်းချက်မဟုတ်သော ပုဒ်စု တစ်ခုခုကို ကိုင်ထား

ပါးစပ်ဟလိုက်သည့်အတွက် ဘာများရသလဲ
ပြောင်းဝကထွက်တဲ့ အမှန်တရားနဲ့ ထိုစာသားတွေကို

ယခုတိုင်

တစ်ခုခုကို ကိုင်သလို

ထား

 

 

သိုးထိန်း (အန္တိမ)


1 Response to “ခင်ဗျားတို့လည်း တစ်ခုခုကို ကိုင်ထား”


  1. February 23, 2012 at 5:55 PM

    ယခုတိုင်
    တစ်ခုခုကို ကိုင်သလို
    ထား


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: