24
Feb
12

မဟာလက်ရာစာရင်းထဲက လျှာဖွေရေးသမား

ဂြိုဟ်ခွင်တစ်ခု ၊ ဇာတ်ကောင်တစ်ကောင် ၊ ကြိုးကွင်းတစ်ခု

မီးတွေလင်းလင်းထိန်နေတဲ့ တံတားကြီးအောက်မှာ လရောင်တွေ ဖြာတာတာ

ဘ၀မှာ အတွင်းသားတွေအားလုံး အချိန်မှန်ရောက်တဲ့အခါလည်း ရောက်လာ

ရထားတွေကတော့ နောက်ကျတဲ့အခါလည်း နောက်ကျနဲ့ပေါ့

ဒီလိုပဲတစ်နေရာမှာ ကြာရှည် ၀က်စာကျွေး၊ ချဉ်ပေါင်စိုက်၊ ကန်စွန်းရွက်နှုတ်နေရတာ

တည်မြဲလာတော့လည်း အပြောင်းအလဲ လုပ်ဖို့ကမလွယ်တော့ မလွယ်ဘူး

လက်ဘက်ရည်တွေ စီးနေသမျှတော့ သိမှာလည်းမဟုတ်ဘူး

အဲဒီအခွင့်အရေး ဘယ်တော့ရမလဲ မှ အဲဒီအခွင့်အရေး ဘယ်ရတော့မလဲ

ဘူတာရုံဘေးက ကန်စွန်းခင်းလေးလို နောက်ကြောင်းပြန်လှည့်လို့မရတဲ့ လမ်းတွေ

ဖြတ်သွားရင်လည်း သတိပြုမိမှာ မဟုတ်ဘူး

စစ်ပွဲအပြီးမှာ ဒီသေနတ်တွေက ဘာတို့ကို ဝေဆာစေမှာလဲ

အဲဒါကြီးပြီးတဲ့ နောက်နေ့မှာ အနည်းဆုံး ပါးစပ်နဲ့ ဖြစ်ဖြစ် စစ်သားအိုကြီးတွေကို တပြွတ်ပြွတ်

သူတို့ရဲ့ သွေးနံ့ ၊ လိင်နံ့ ၊ ဇီဝမျိုးကွဲနံ့

သူတို့ အကြောတွေဟာ မကောင်းတော့ဘူး

သူ လေဆာသုံးပြီးတိုင်း ကျွန်မ  ဘာလုပ်မယ်ထင်သလဲ တဲ့

ဖခင်တွေ အတွက်၊ သားတွေ အတွက်

ရာသီ (အလိုက်) ပန်းပွင့်ချိန်တွေ

တကယ့်ဘ၀ထဲက စကားလုံးတွေ အချင်းချင်း စကားပြောတယ်

တုတ်ကွေးပိုးတွေဟာ တောအုပ်ထဲကနေ လမ်းကြောင်းပေါ် ပြန်ရောက်သွားတယ်

နောက်နေ့တွေလည်း မေပယ်ပင်တွေအောက်မှာ

လူတစ်ယောက်ရဲ့ ဧရာမဘ၀ဟာ ၀ိတိုရိယလျှို့ဝှက်ချက်

အိပ်မက်ထဲမှာ / နေပူကျဲတောက်ထဲမှာ အကြိမ်ကြိမ် အပြန်ပြန်

တောအုပ်များ၊ အဆန်းတကြယ် ပြုပြင်ထားသော လှိုဏ်များ၊ ရေကန်အတုများ

တို့ကမ္ဘာကြီးကို တို့ထပ်ပြီး ခဏတာ ပြန်ဆုံဖို့တောင် ရေငတ်နေတယ်

တုံးလုံးပက်လက်သေဆုံးကြရင်း ဆက်စ်ရှင်သန်မှုတွေပဲ

ဥဒဟိုသွားလာနေကြတဲ့ ဆိုင်းဘုတ်တွေ

သူတို့တွေဟာ ယုတ္တိ၊ယုတ္တာထဲကနေ ဆင်ခြင်ခြင်းကို

တဖြည်းဖြည်းချင်း ပုံဖော်တာ အကြောင်းရော အရာပါ ကွဲသွားတယ်

ကွဲကြောင်းတစ်လျှောက်မှာ အထိုင်ကျနေတဲ့ နှင်းဆီတွေ

လုံခြုံရေးတပ်သားတွေ၊ အဓိကရုဏ်းတပ်သားတွေ၊

မျက်မှန်နက်ကြီးတွေနဲ့ ဘေးမှာ တဖွဲဖွဲကျနေတဲ့ နှင်းတွေ

အကြမ်းဖျင်းပြောရလျှင် သည်ကောင်းကင်ပြင်ပါပဲ

ကာတစ်အဆောက်အအုံနဲ့  ပရီကာတစ်အဆောက်အအုံတွေရဲ့ ကမ်းခြေမှာ

လှည့်စားထားတဲ့ တစ်ချက်နှိပ်ခလုတ်တွေ၊ ကျောက်ထွင်းအက္ခရာတွေ

နတ်ဘုရားတွေဟာ ရပ်သွားတာမဟုတ်ဘူး

ပါဝါတူ အချင်းချင်းကြား လမ်း ရှာမရတော့သလို လျက်နေတာ

အဲဒါ လူတိုင်းနီးပါး လုပ်နေကျကိစ္စပဲ လို့

လိုလီတာ က ဘရိတ်ဓားနဲ့ ဘော်ဒီကို မွှန်းတယ်

အသားညှပ်မုန့်ရော၊ ငှက်ပျောသီးရော

ရသာချိုမြိန်မှုမရှိရင် အားလုံးအတူတူ ဆိုပေမယ့် တန်ဖိုးကတော့ ဖြတ်လို့မရဘူး

ဒါမျိုးက ရွာဦးကျောင်းဆရာတော်လို အနန္တကို မလိုချင်ဘူး

ကြာသာပတေးကိုပဲ လိုချင်ပါတယ်…လို့ ဆိုမလား

သိုးထိန်း (အန္တိမ)


1 Response to “မဟာလက်ရာစာရင်းထဲက လျှာဖွေရေးသမား”


  1. February 27, 2012 at 3:41 PM

    အဲဒိအခွင့်အရေးဘယ်တော့ရမလဲ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: