15
Mar
12

ဒါမှမဟုတ် အချင်းချင်း ခေါင်းထဲမှာ ပြောင်သလင်းခါသွားသလို ဟာ

အရင်ကနဲ့မတူတဲ့ အခြေကျမှုမှာ

လေးလေးပင်ပင် ဘောင်ခတ်ပြီး

တဖြည်းဖြည်းနဲ့ အားပျော့သွားတယ်

ဖြစ်နိုင်ခြေတွေ ကြားထဲမှာပဲ ငြိမ်သက်နေတဲ့

လှိုင်းလုံးကြီးကြီးတွေ

စိုးရိမ်ပူပန်မှုတွေလည်း ကိုက်ဖြတ်ပစ်လိုက်တယ်

မကောင်းပါဘူးဗျာ

စိတ် ဟာ

(နှင်းတွေကျလာသလို)

ဖြည်းဖြည်းချင်း ဘာအစအနမှကို မကျန်ခဲ့ဘူး

အားလုံးနီးနီးဟာ ပုံသွင်းခြင်းခံခဲ့ရတဲ့ အမှတ်အသားတွေ

ဒါပေမဲ့ သဘာဝမှာက

အစီစဉ်တကျ သေရတယ်ဆိုတာ မရှိဘူး

ကားကြုံပဲ တားစီးနေရတာ

တစ်ယောက်ကို တစ်ယောက်က ဆက်စပ်တဲ့ တင်းအားတွေ

ဒေါသနဲ့ အမုန်းတွေ မရှိဘူး

နာကျင်စရာကောင်းတဲ့ အတွေ့အကြုံဆိုတာ

သံသရာနဲ့ အံဝင်ခွင်ကျပဲ

နွေရာသီဆို ပူမယ်၊ ဆောင်းရာသီဆို အေးမယ်

ကိုယ်ရေးကိုယ်တာဟာ အကြိမ်ကြိမ်ပြန်ကျော့လာတာနဲ့အမျှ

အရာရာနဲ့ အကြောင်းကြောင်းက ပျက်ပြယ်ယွင်းနေတော့

အဖြစ်အပျက်တွေဟာ တကယ်မဟုတ်သလို

အသားစကလေးနည်းနည်းကလွဲလို့

မြင့်မြတ်တဲ့စိတ်ထားတွေ၊ အကြောင်းအရင်းတွေဆိုတာ အလကား

အကြောင်း ဆိုတာ အရင်း မရှိရင် မရှိတော့ဘူး

အရိုးမှာရော ကိုယ်ပိုင်အမှတ်အသား ဆိုတာ ရှိသလား

အတွင်းသားထဲမှာ ထူးခြားမှုတစ်ခုရှိနေတာ

ဆွဲဆောင်မှုလို့ ခေါ်နိုင် မခေါ်နိုင် မသိဘူး

ဒါဟာ လူစည်ကားစေတဲ့ အရည်အသွေးပါ

အဆုံးစွန် ရိုးသားကြေးဆိုရင်တော့

တစ်ယောက်ရဲ့ ထမင်းလုံးတစ္ဆေကို တစ်ယောက်က ကိုယ်ချင်းစာ

နာပေးမလား

မသိဘူး ဆိုတဲ့ သဘောထားချင်းတိုက်ဆိုင်မျိုးမှု

ဒါက တစ်သက်လုံးဖို့တော့ မရည်ရွယ်သင့်ဘူး

သူ သိပ်ချစ်တဲ့ လှိုင်းစီးတဲ့ နေရာကပဲ

ပစ္စုပ္ပန်ဆီကနေ ကွက်လပ်အဖြစ်

သူ့ ၀န်ထုပ်ဝန်ပိုးကြီးဟာ ရေနစ်သွားတာ

ခပ်လှမ်းလှမ်းမှာ ပြပြလေး

(တိတ်ဆိတ်ခြင်း)

အဲဒီ ပျင်းရိဖွယ်မြင်ကွင်းမှာ

ပျင်းရိဖွယ် အလိုအပ်ဆုံးအရာက

တစ်ယောက်ယောက်က လောင်းချလိုက်သလို

ခပ်ပေါ့ပေါ့ ဖန်တီးထားတဲ့ နေ့ရက်တွေ

နောက်တစ်နေ့ ဆိုတာက အရင်လိုပဲ ခြေကုန်သုတ်သွားမယ့်

မရှူနိုင် မကယ်နိုင် ပျင်းရိဖွယ် ဒယ်အိုးပူပူကြီး

အဲလို ထင်တာပဲ

အဲလို ဖြစ်အောင် ပြင်းပြင်းထန်ထန် အမြဲကြိုးစားနေတယ်

သိုးထိန်း (အန္တိမ)


0 Responses to “ဒါမှမဟုတ် အချင်းချင်း ခေါင်းထဲမှာ ပြောင်သလင်းခါသွားသလို ဟာ”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: