20
Mar
12

တောင်ပေါ်လမ်းကွေ့ကနေ မြူနှင်းဝေရဲ့ တောင်ပူဇာများဆီသို့ ကျန်းမာရေးလေ့ကျင့်ခန်း

ကြိုးတန်းလန်းနဲ့ စာသားများက ရှင့်စိတ်ကို တဖြန်းဖြန်း တီးခတ်နေတာဖြစ်တယ်။ ကိုယ့်ယုံကြည်မှုနဲ့ အမှောင်ဟာ တစ်လက်မမှ မဆုတ်ချင်တဲ့ စိတ်ရဲ့အနက်အရှိုင်းဆုံးမှာ ဝေခွဲမရတဲ့ လမ်းဆုံ။ ခေါင်းထဲကနံရံကို စက္ကူနဲ့ အစားထိုးဖို့၊ စက္ကူကို တစ်ယောက်နဲ့ တစ်ယောက်ကြား ဝမ်းနည်းကြေကွဲစရာများနဲ့ အစားထိုးဖို့၊ ဝမ်းနည်းကြေကွဲစရာများကို ဆူနာမီငလျင်ဇုန်များနဲ့ အစားထိုးဖို့၊ ဆူနာမီငလျင်ဇုန်များကို လွတ်လပ်မျှတတဲ့ ကိုယ်လုံးတီးခတ်မှုနဲ့ အစားထိုးဖို့။ ဒါပေမယ့် စကားလုံးတွေကြားမှာ ကိုယ့်ဘာသာကိုယ်ပဲ ဆက်လျှောက်ရမယ်။ တစ်ယောက်ပေါ်တစ်ယောက် ချစ်မှုချစ်ခင်းကို တစ်ဘက်မှ တစ်ဘက် တစ်ခန်းမှ တစ်ခန်း လူနဲ့ နာမည်နဲ့ တွဲမမှတ်မိတော့ ဖြတ်သန်းစီးဆင်းမှုမှာ ဒီတစ်လိုင်းကျော်ပြီးရင် လွမ်းပြီး သိပ်ခံစားနေမှာပဲလို့ ဘယ်လို နားလည်မလဲ? သုစိပုဘာဟာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ခြင်းကြောင့် ဝေငှခြင်းကို နားမလည်နိုင်တော့ဘူး။ မီးကို ကဗျာက ဖန်ဆင်းခဲ့တာလား။ ကဗျာကို မီးက ဖန်ဆင်းခဲ့တာလား။ မီး မသိပါဘူး။  ပြုတ်ထွက်ရမှန်းလည်း မသိတော့ဘူး။ သက္ကရာဇ်တွေတိတ်ဆိတ်လေ အသက်ကို ရိုးအီလေပဲ။ ရိက္ခာမရှိ၊ ရေမရှိနဲ့ မျောနေတယ် ဆိုတဲ့ ခေါင်းစဉ်တစ်ခုအဖြစ် မှတ်သားထားပေးပါ။ ငါနဲ့ နေချင်နေ၊ ငါ့ကို မရဘူး၊ ငါ့ကိုယ် ရမယ်။ ထူခြားတဲ့ ဆက်ဆံရေးတစ်ခုထဲ တစ်ယောက်နဲ့ တစ်ယောက် ကုတ်ခြစ်ရုန်းကန်  ပြီးတော့ ထွက်လာတဲ့ သွေးစက်တွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ မဟာဒုက္ခ တွင်းဆုံးကျပြီလား။ အမှန်တရားဆိုတာကတော့ မိုးပေါ်က ကျမလာဘူး။ ဘုရားသခင်! ရှင့်ရင်ထဲမှာ အဆိပ်တမျိုးမျိုး ရှိနေခဲ့သလား? ရှင့်စိတ်ကို မျှော်လင့်တယ်ဆိုတာ ဘာမှကောင်းတာ မဟုတ်တော့ လိုအပ်တဲ့အခါ ရထားဖြတ်တုန်း နှင်း တွေ ဝေ နေတာလောက်ပါပဲ။ ကဗျာက စကားလုံးတွေနောက်ထပ်ချပ်မကွာ လိုက်မလာတော့ဘူး။ (ဒီနေရာမှာ full stop ချမိမလား?) လေဟာနယ်အသိုင်းအ၀န်းထဲက သမားရိုးကျဗြောက်အိုးတွေက ဘာသာဗေဒကို လွယ်လွယ်နဲ့ နားမလည်လည်း အရာရာကို ပိတ်လှောင်ထားတဲ့ အမှောင်ထုထဲမှာတောင် မြင်နေရတယ်။ ဘယ်သူမှ အဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတွေက ငါတို့ ပုခုံးပေါ်ရောက်လာတယ်။ တစ်ယောက် နောက်ကျောကို တစ်ယောက်က ဓါးနဲ့ မွှန်းနေတယ်။ တဂျစ်ဂျစ်မြည်လေ အဓိပ္ပါယ်ပိုရှိလေပဲ။ တစ်ယောက်တစ်ကိုယ်စီနဲ့ စိတ်လွတ်သလောက် ကိုယ်လွှတ်ပြေးသွားကြတာ ကြည့်လို့ ကောင်းလိုက်တာ။ ဒါပေမယ့် ဒီနေရာကိုပဲ ရောက်နေတယ်။ သစ္စာတရားဟာ သူ့အကြောင်းသူ အောင်မြင်စွာ မပြောကြားနိုင်ခဲ့ဘူး။ ပြောင်းလဲမှုဟာ နောက်ဆုံးဆေးလိပ်ပဲ။ သတ်မှတ်ပေးထားတဲ့ ခွဲတမ်းအပြင်မှာ မည်းတက်လာတဲ့ မီးခိုးလုံးတွေ၊ ယမ်းငွေ့တွေ၊ ခေါင်းငိုက်စိုက်အတွေးတွေ။ အရွေ့ကို မသွားနဲ့လို့ ပြောလို့မရဘူး။ မလာနဲ့လို့လည်း ပြောလို့မရဘူး။ ကြားရမြင်ရတဲ့အတိုင်း ကြုံရတွေ့ရတဲ့အတိုင်းဆို တယောကို တယောမှန်းမသိတော့ အသံလည်းရှိချင်မှ ရှိနေမယ်။ သတိထား…တိတ်ဆိတ်မှုဟာ ဟသွားတတ်တယ်။ ဒါဟာ အိမ်မက်လို ကြုံရာအစက ဆွဲထုတ်လိုက်တာပါ။ အရာရာဟာ အကြောင်းကြောင်းနဲ့ စိတ်ကို တွန်းဖွင့် ဆက်ဆံပြီး နောက်ပိုင်း ရေကြည်မျက်နုရာတွေရဲ့ ပဟေဠိကို စနစ်တကျ နှုတ်နဲ့ယူတာပါပဲ။ လေထုထဲမှာ တိရိစ္ဆာန်သတ္တိကြွမှုပျံ့နှံ့တဲ့ အကျိုးဆက်အနေနဲ့ပဲ လှိုင်းတွေကြီးပြီး ဖောင်ချည်ကြိုးတွေ ပြုတ်ထွက်သည်အထိ မီးတွေ တအားလင်းနေသလား။ သန်းတစ်ထောင်ထဲမှာ ချိုမြိန်ခြင်း ခွင့်လွှတ်ခြင်းတွေကို မကြိုးစားနိုင်ဘူးလား။ အကြမ်းဖက်သမားလို မုတ်ဆိတ်မွေးထားတဲ့ နှုတ်ခမ်းဝမှာ တွေ့ရှိချက်တိုင်းဟာ ဘယ်တော့မှ အလဟဿ မဖြစ်စေရဘူး သိလား။ ကျွန်မ လေကြောင်းဆိုင်ရာ ၀င်ခွင့်တားမြစ်ဇုန်ကို ရှင်အလေးအနက် ထားသင့်ပါတယ်။ အခုချိန်ထိမရပ်တဲ့ တီးလုံးတွေကြားမှာ ဆို့နစ်လို့။ နည်းနည်းရက်ကြာလာတော့ ရာသီဒဏ် မခံနိုင်ဘူး။ ဒါပေမယ့် ပဲပုပ်သည် အစေ့သေး၍ အလေးချိန်စီးလျက် ဥတုဒဏ်ခံပြီး ခံစားမှုကို ဘာမဆိုလာဆိုက်ကပ်ရတဲ့ အထဲနံရံမှာသွင်းထားပြီး စိတ် အငြိအပြဲချင်း ခဏ ချိတ်တွဲထားကြည့်ရင် ထိုင်းမှိုင်းပုံကိုယ်တိုင်ဟာ အရောင်အဆင်းမတူတဲ့ အသားအရည်ကနေ နက္ခတ်တာရာကြည့် မှန်ပြောင်းအတိုင်း အမှောင်ထဲမှာ လွင့်ပျံလို့။  တုံ့ပြန်ပုံထူးခြားတဲ့ ကြွက်သားတွေကို ထိန်းကျောင်းလို့မရသေးသမျှမှာ ခဏရပ်၊ ခေါင်းငုံ့ ၊ လက်နှိုက်ကြည့်မယ်ဆိုရင်တော့ ခေတ်ရဲ့ တစ်နေရာရာမှာ အချိန်နဲ့အမျှ ဖြတ်ကျော်နေကြရသည့် အလုပ်အကိုင်အခွင့်အလမ်း မမျှတမှု၊ လုပ်ခလစာ ကွဲပြားမှု၊ အရှိအတိုင်းရိုက်ပြထားတဲ့ အရေပြားတွေကနေ ထွက်ခွာ ကတ္တရာလမ်းမပေါ်က ဘုရားသခင်ဆိုတာ လေထုထဲမှာ အခိုးအငွေ့တွေထဲမှာ လွင့်ပျံနေတဲ့ အမည်းစက်ကလေး။

သိုးထိန်း(အန္တိမ)


3 Responses to “တောင်ပေါ်လမ်းကွေ့ကနေ မြူနှင်းဝေရဲ့ တောင်ပူဇာများဆီသို့ ကျန်းမာရေးလေ့ကျင့်ခန်း”


  1. 1 kaa
    March 22, 2012 at 9:14 AM

    မီးကို ကဗျာက ဖန်ဆင်းခဲ့တာလား။ ကဗျာကို မီးက ဖန်ဆင်းခဲ့တာလား။ မီး မသိပါဘူး။ ပြုတ်ထွက်ရမှန်းလည်း မသိတော့ဘူး။

    သက္ကရာဇ်တွေတိတ်ဆိတ်လေ အသက်ကို ရိုးအီလေပဲ။

  2. March 23, 2012 at 10:46 AM

    အမှန်တရားဆိုတာကတော့မိုးပေါ်ကကျမလာဘူး

  3. April 22, 2012 at 1:33 AM

    အယ်ပီဆရာကြီးတွေဖြစ်တဲ့ဂွန်ဆီလီမန်တို့1ဆူဆန်ဟိုးတို့၊1ချားလ်ဘန်စတိုင်းတို့တွေဟာသူတို့ကဗျာ
    တွေအတော်များများကိုဒီလိုစကားပြေရေးဟန်တွေနဲ့ရေးပါတယ်။ဒါပေမယ့်စကားပြေရေးဟန်ဟာအယ်ပီရဲ့ဂုဏ်သိက္ခာတစ်ရပ်တော့မဟုတ်ဘူး။ProsePoetryဟာလွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကြာကတည်းကရှိနှင့်နေတဲ့အရေးအသားဖြစ်ကြောင်းရှေ့မှာရေးပြီးခဲ့ပြီးဖြစ်ပြီ။ဒါ့ကြောင့်စကားပြေအားလုံးဟာအယ်ပီရေးသူများမဟုတ်ဘူး။ဒါပေမယ့်အယ်ပီသမားအတော်
    များများကိုတော့စကားပြေကဗျာရေးသူအမျိုးအစားထဲမှာထည့်လို့ရတယ်။ဒါ့ကြောင့်အဘိဓါန်ရဲ့ProsePoetryWriters.စာရင်းထဲ
    မှာအယ်ပီသမားအတော်များများပါတယ်။ဆီလီမန(RonSilliman)ရဲ့ပန်းဒေသနာ(FlowerSermon)ကိုကြည့်ရင်စကားပြေကဗျာမဟုတ်ပြန်ဘူး….ကဲကျုပ်တို့ရဲ့ခွက်ဟာရေတစ်ဝက်ဖြည့်ထားတဲ့ခွက်ပါ။တစ်ဝက်လျော့သွားတဲ့ခွက်မဟုတ်ဘူး။တစ်ချို့က
    တော့ကဗျာရဲ့နိဂုန်းလို့ဆိုချင်ပြန်ပါတယ်။ကျွန်တော်သဘောမတူပါဘူး။စကားပြေဟန်ကြောင့်
    ဒါမှမဟုတ်ရေးဟန်တစ်ခုခုကြောင့်ကဗျာဟာရုပ်ဖျက်ပြီးခင်ဗျားဆီကိုအလည်လာပါလိမ့်

    Reply


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: