16
Aug
12

ပွတ်သီးပွတ်သပ် သတ်မှတ်ချက်တွေနဲ့ တည်ဆောက်လိုက်တဲ့ လက်နက်နိုင်ငံတော်သစ်

 

အနုပညာမှာ ဖန်တရာတေလူလိမ္မာလို ငါမနေဘူး

စုပေါင်း စောက်ဖောင်း ငါမလုပ်ဘူး

ထင်ရှူးသေတ္တာထဲမှာ ငါ့ အခွေနဲ့ငါ ရှည်မျောတွန့်လိမ်လို့

“ရဲဘော်…ကျွန်တော်ကျသွားတယ်” ဆို မင်း လိုက်ကောက်မှာလား

ကိုယ်ပိုင် အမှတ်တံဆိပ်ပြား၊ ကိုယ်ပိုင် ငရဲလား

အဖြေတစ်ခုခုက ပီယာနိုထဲမှာ ပေါ်လာလိုက် မြုပ်သွားလိုက်

စေ့စပ်လို့မရတဲ့ နယ်ပယ် အပိုင်းအခြားအတွင်းမှာရှိတဲ့ ရမ္မက်ဆန္ဒဟာ

အမျိုးမျိုးသောအရေးအသားတွေ ဖြစ်တယ်

မိတ်ဟောင်း မိတ်သစ်အလိုက် လိုက်ပြောင်းလဲလာကြဖို့အကြောင်း

အားလုံးအတွက် ထားရှိလိုက်တဲ့ ရဲရဲတောက် ကိုယ့်ထမင်းကိုယ်စား စိတ်ဓာတ်

ရှိပါတယ်

အများနဲ့ဆိုင်တဲ့ တစ်ဦးနဲ့ တစ်ဦး လေ့လာလိုက်စားပြီး ရောထွေးနားလည်နေကြခြင်း

ကိုယ့်အထာနဲ့ကိုယ်တော့ ပေါင်းစပ်ခြင်းနဲ့ သီးခြားခွဲထုတ်ခြင်းဟာ ကဗျာဆရာ တစ်ဦးစီပဲ

ကိုယ့်သက်ပြင်းထဲမှာ ဘာသာစကားဟာ ရေကြည်ရာမြက်နု ပြောင်းလဲခြင်းတရား

ချသံက တော်တော်နဲ့ မသေနိုင်ဘူး

ရှူး…တိုး…တိုး

မေ့လျော့မှုရဲ့ သဘောထားအချိုးအကွေ့မှာ

သေခြင်းတရားဟာ လေထဲတွဲလောင်းထားခဲ့ရတဲ့ ပန်းသီးတစ်လုံး

စားသောက်ခြင်းကို စိတ်ရှည်လက်ရှည် စောင့်နေတယ်

မြစ်ကြီးတစ်ခုလုံး ပုခုံးပေါ်တင်ထားပြီးကာမှ

ခေတ်ကြီးတစ်ခုထဲ လျှောခနဲ ဆင်းသွားသလို

အရောင်တွေ ကျွတ်သွားတယ်

အနံ့တွေ ကျွတ်သွားတယ်

အရသာတွေ ကျွတ်သွားတယ်

အချို့လည်း အဲသလိုပဲ

ကောက်ရိုးပုံထဲ ပျောက်နေတဲ့ အပ်ကလေးတစ်ချောင်းသို့ သံရှည်ဆွဲပြီးအူလိုက်တယ်

နားမလည်နိုင်တဲ့အရာကိုမှ ဘာလို့ ပကတိအရှိတရားလို မိရိုးဖလာ ကိုးကွယ်တာလဲ

ကဗျာ အပေါ်နားလည်မှု သဘောထား ဖိအား တွန်းအား

အတက်အကျ နှစ်ဘက်စလုံးကို သီးထပ်သီးညှပ်ပါမကျန် စုပြုံတိုးဝှေ့

တချို့ လက်ထိုးခံ၊ တချို့ ခြေထိုးခံ (ခံချင်သလို ခံကြ)

အများညီသလို စစ်မစစ် ဘယ်ပေတံနဲ့ တိုင်းမလဲ

လိုအပ်ချက်တွေရဲ့ အဆုံးသတ်မှာ မလိုအပ်မှုကို လိုအပ်နေသေးတာပဲ မဟုတ်လား

ပုံသေကအစ ပိတ်ကားပေါ်ပြေးလွှားမှုတွေအဆုံး

အခြားဩဇာသက်ရောက်မှုတွေရဲ့ အဝေး

ပြေး မထွက်နိုင်ကြတော့ဘူး

အသက်မွေးဝမ်းကျောင်း

အပြင်ဖက်က ရှုခင်းတစ်ခုလုံးက ဖိတ်ဖိတ်ထအောင် စိမ်းတောက်နေတယ်

ရှေ့နောက်မညီပဲ ဆန့်ကျင်တဲ့အတွေ့ နဲ့ ရွေ့နေတယ်

ဒီမိုကရေစီလမ်းကြောင်းအရဆိုရင်

မမြင်ရတဲ့တံခါးတွေမှာ မမြင်ရတဲ့ အားတွေတော့ ရှိတာပေါ့

မပြုမပြင် ရင်သားနဲ့ ရင်သီးလေးတွေ

တစ်မိုးတည်းအောက်မှာပဲ တစ်ယောက်ကို တစ်မျိုးစီ

သူတို့ မှာ တူတာဆိုလို့

ရှင်သန်မှုရဲ့ တငွေ့ငွေ့ တနွေးနွေး တိုးနေတဲ့အသိ

မိမိအတ္တဟာ တစ်ခုမကဖြစ်တယ်

သစ္စာတရားဟာ ကတ္တားနဲ့ ကံ ကြားမှာ တစ်ကိုယ်လုံးဖော်ထားရတဲ့ အရသာ

မိသားဖသားပီပီ မိသမီးဖသမီးတွေဆီ…

မေးခွန်းတစ်ခုခု ရှိခဲ့ရင် တံစက်မြိတ်မှာ တွဲလောင်းချိတ်ထားလိုက်

ပြီးတော့မင်းရဲ့ ပြောနေတဲ့အသံကို တမင်ဖျက်ခြင်း

ပြီးတော့ ဆက်စပ်ဝန်းကျင်တစ်ခု မဟုတ် တစ်ခု

ကာလ နဲ့ ဒေသထဲ ဘယ်လိုပရောဂဟာ အရောင် ၊ အနံ့ ၊ အရသာ မရှိ

တဖျတ်ဖျတ်လွင့်ပါသလဲ

ဖွင့်ဆိုချက်တစ်ခုတည်းနဲ့ တွေ့ကြုံခံစားမှုရဲ့ မူလအရင်း

အမြစ်မှာ တသီးပုဂ္ဂလယစ်မူးနေစဉ်အတွင်း

ဘာသာစကားရဲ့ အခန်းကဏ္ဍက နံရိုးတစ်ချောင်း လိုနေသလိုမျိုး

လူသားတို့ပါဝင်ဖွဲ့စည်းတဲ့ မျိုးဆက်ပြန့်ပွားရေး အထိမ်းအမှတ်တစ်ခုခု

သိမှုတည်ဆောက်မှုဂရပ်ဖ်ထဲ ထိုးထည့်စိုက်ပျိုး

လူဖြစ်ကျိုးတွေ ချုပ်ရိုးမပြေခင် ဘယ်သူ ပါဝါပေါက်ထဲ လက်နှိုက်ရဲခဲ့သလဲ

လမ်းကြောင်းမှန်ဖို့ တစ်ခုတည်းအတွက် အများလိုရင်း

အနဲ စားခြေ

 

သိုးထိန်း(အန္တိမ)


1 Response to “ပွတ်သီးပွတ်သပ် သတ်မှတ်ချက်တွေနဲ့ တည်ဆောက်လိုက်တဲ့ လက်နက်နိုင်ငံတော်သစ်”


  1. August 26, 2012 at 1:12 AM

    အနဲ စားခြေ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: