07
Sep
12

ငါ့သမီး ကဗျာ ရေကိုရှာ၊ ဆားသာများ၍ ငါးမတွေ့

ပညာရှင်လက်ချောင်းလေးတွေ

ထိပ်က သညာသေတွေနဲ့

ဖွဲ့စည်းတည်ဆောက်ထားတဲ့လက်သည်းခွံ

ကြားမှာ ဘာသာစကား

နှပ်ချေးခြောက်ဖတ်ကလေးတွေ

ရေနှူး

ယနေ့အထူးမီနျူး

အာလုပ်သံခပ်ကြီးကြီးနဲ့

ဂလုမှာ

ရင်ခေါင်းပေါက်ဝက ကျသွားတာ

ထမင်းလုံးတွေလား

တံတွေးတွေလား

တွေးပြီးသားအတွေးတွေ = ထွေးပြီးသားတံတွေးတွေ

လား

ပြန်မျိုချလို့ရ

လား

မိကဗျာရေ…

ကဗျာ…မေမေ့သမီးလေး…လေးနေတဲ့

မေမေ့ရင်ကို ဖေဖေ ဝယ်ပေးတဲ့

ခေတ်ပြိုင်ပင့်တင်ဘရာလည်း မတည့်မတ်စေနိုင်ခဲ့

ခေတ်ထိုင်ချွေးခံထဲလည်း ထိုးသိပ်မဝင်နိုင်ခဲ့

ရှေ့နောက်ဖိစီးမှုနဲ့ တင်းရင်းမို့မောက်လို့ …

အို…မေမေရယ်

ကဗျာလေ ကဗျာကသီဆိုပေတဲ့

ကဗျာ လင် မတခဲ့ပါဘူးမေမေ

ကိုကိုမောင်မောင် မရွေး

ရေလာမှ မြောင်းပေးမယ်ရယ်လို့ စိတ်ကူးပါတယ်

“မျက်နှာသာပေးလို့ ရွှေအေး ပန်လန်လက်” ဆိုသလိုတော့

ကဗျာ မနေခဲ့ပါဘူးရယ်

မဏ္ဍပ်ပေါ်က (မီးသတ်)ရေပိုက်ခေါင်းနဲ့ထိုးနေတဲ့သူတွေနဲ့

လမ်းမပေါ်မှာ/ကားပေါ်မှာ ပျော်ပျော်ကြီး ဘယ်နည်းနဲ့ဖြစ်ဖြစ် ရေစိုခံချင်သူတွေကြားမှာ

ပါဝါဟာ ထက်အောက်ဖိစည်းမှုလား အောက်ထက်ဆန်တက်မှုလား

ဘယ်လိုလှုပ်ရှားသွားလာမလဲ

အခုအခံမပါတဲ့ ရေစိုရင်သားတွေလိုလား

ရေစိုပြီး ချွတ်ရခက်သွားတဲ့ ဂျင်းဘောင်းဘီတစ်ထည်လိုလား

ရေထဲမျောပါသွားသလား

ပလက်ဖောင်းပေါ် မူးလဲနေသလား

ဖိစည်းမှုများခြင်း/ဆန်တက်မှုများခြင်း နဲ့ စုစည်းညီညွတ်မှု ဆက်သွယ်မှုရှိမလား

ဖူးကိုးနဲ့ ဒီလူးဇ် ရေပက်ခံထွက်ဖူးသလား ရေကစာဖူးသလား

မဏ္ဍပ်ပေါ်က ရေပိုက်တွေဟာ ရိုင်ဇုံမ်းသဘောတရားအရ ဆက်သွယ်မှုလား

ဗျစ်ဗျစ်နဲ့ ဗွမ်းဗွမ်းကြားမှာ အလုပ် လုပ်သွားတဲ့ သဘောတရားဟာ ဘာလဲ

တစ်နေ့သ၌ ပလိုင်းပေါက်ကလေးလွယ်ထားတဲ့ ကဗျာဟာ

ပလက်ပေါက်လိုက်ရှာနေတဲ့ ကောင်လေးတစ်သိုက်နဲ့ ရေပက်ခံထွက်ရင်း

ခ ခ ကြီး ထမင်းဆိုင်မှာ နေ့လည်စာ စားနေတုန်းမှာ ခုလို မဆီမဆိုင် စဉ်းစားမိသတဲ့

ဆားများဟာ စားရတယ်မရှိပါဘူး ဟင်းခပ်ရင်း ကုန်သွားတာပါပဲ ဆိုသလို

နွားနို့ဟာ နွားတွေစို့ရတယ်မရှိဘူး လူတွေပဲသောက်သုံးသွားကြတယ်ပေါ့

ဒါပြီးရင် ဘယ်သွားပြီး ဘာလုပ်ကြမလဲလို့ တစ်ယောက်က မေးလိုက်တဲ့ အသံဟာ

ကဗျာ့အတွေးကို တုံ့သွားစေတယ်

သင်္ကြန်ဆိုတာ နှစ်တိုင်းရောက်လာနေကျအရာလို့ သူက အပိုင်တွက်ပြီးသား

ရေစိုနေတဲ့ ဂျင်းဘောင်းဘီဆိုတာ ချွတ်ရခက်တယ်လို့ ချက်ကော့ဗ်က ပြောခဲ့တယ်မဟုတ်လား

ခြောက်သွားရင် ဆားပွင့်တွေကျန်ခဲ့မလားဆိုတာကတော့ ကဗျာလည်း မသိဘူးရယ်

 

သိုးထိန်း (အန္တိမ)

၁၉:၁၅၊ စက်တင်ဘာ ၆၊ ၂၀၁၂


2 Responses to “ငါ့သမီး ကဗျာ ရေကိုရှာ၊ ဆားသာများ၍ ငါးမတွေ့”


  1. September 7, 2012 at 9:47 PM

    ကဗျာလင် မ တ ခဲ့ပါဘူးမေမေ

  2. September 14, 2012 at 9:50 PM

    လူသား=အရူး


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: