14
Sep
12

အနုပညာခွဲခန်းသုံးဓားပါးပါးနဲ့ ဖြတ်ဖောက်ချုပ်ထားတဲ့ မုသားစစ်စစ် မျှစ်စို့ပျိုနုထွား

 

အစုလိုက်ကို အပြုံလိုက်က သတ်တယ်

မသေကျန်ရစ်တွေက မှတ်ထားတယ်

အဲ့လို သတ်မှတ်ချက်တွေနဲ့မို့

ရင်လေးပါတယ် ယဉ်ကျေးပါတယ်ဆိုတဲ့ လူအဖွဲ့အစည်း

သူ့အဖွဲ့ သူ့အစည်း ငါ့အဖွဲ့ ငါ့အစည်း အစရှိသဖြင့်

သင်းဖွဲ့စည်းခြားနေတော့ကာ လူအဖွဲ့အစည်း

စားနေကျ ကြောင်ဖားကြီးတွေနဲ့ ရေးနေကျ javaကြီးတွေ

ajax အချင်းချင်း အိုးမဲသုတ်၊ ဝ ဝ ဝ ပေါ်တင်ပြီး တိုက်ခိုင်းလိုက်တာ

ဆိုက္ဘာစစ်ပွဲဆိုမလား အိုင်ဒန္ဒတီမရှိတဲ့အတွက်

ဆိုက္ဘာတုပွဲဆိုမလား

အတ္တနောမတိဟာ အန္နီမိတ္တဂ်ဖြစ်လို့

“တိုက်ပွဲဝင်သူ” ဆိုတာနဲ့ စိတ်ကူးထဲ ပြေးမြင်မိတာ

အမျိုးသားတွေဆိုရင် ဘာလွှမ်းမိုးကြီးစိုးတဲ့ သိမှုမျိုးလဲ

ဗင်ဂိုးက ဘာလို့ သခွားသီးစားသူများဆိုတဲ့ပန်းချီကား

ကို

သူ့ချစ်သူ

ကို

လက်ဆောင်မပေးခဲ့တာလဲ

စီမံကိန်းနဲ့တူသောအသံများ

မုသားပါတဲ့ မိန့်ခွန်းတွေဟာ နားထဲကို လျှောရှောလျှူရှူဝင်သွားကြတယ်

ဘယ်မှလည်း မရောက်ဘူး၊ ဟုတ်လည်း မဟုတ်ဘူး

အနုပညာဆိုတာ လူ့အဖွဲ့အစည်းအတွင်း သီးခြားအဆောက်အအုံတစ်ခု

ဘယ်မှလည်း မရောက်ဘူး၊ ဟုတ်လည်း မဟုတ်ဘူး

ဒီဘက်နားက ဝင်ပြီး ဟိုဘက်နားက ထွက်သွားတာ ကဗျာတွေလားပေါ့

ဘယ်မှလည်း မရောက်ဘူး၊ ဟုတ်လည်း မဟုတ်ဘူး

ကြားပါများ မုသားအမှန်ထင် သိမှုတွေထဲမှာ

ပြည်သူကို လိုအပ်တာထက် ပိုပြီး လှိုင်လှိုင်ကြီး သုံးတဲ့အခါ ကြားရတာ

အရသာပျက်တယ်ဗျာ

ဆော်ကြီးက ပြောင်းခဲ့သော်လည်း ခေတ်ကြီးက မပြောင်းသေးဘူး

အပျက်သာရတယ်ဗျာ

သမိုင်းထဲကထွက်လာတဲ့ လောက်ကောင်များ

ဘယ်မှလည်း မရောက်ဘူး၊ ဟုတ်လည်း မဟုတ်ဘူး

အဓိပ္ပါယ်တွေ အရက်ခွက်ထဲ ပျော်ဝင်သွားတယ်

ဤတွင် ဆိုလိုသော ကန့်သတ်မှုသဘောမှာ

ဟေ့ ဒီမှာ ငါ့ခွက်ထဲက အရက်ကို အသစ်ပြန်လဲပေးစမ်း

စီမံကိန်းနဲ့တူသောအသံများ

မုသားဆိုတာ အဖော်အချွတ်တွေ ဘာမှမပါတဲ့ မိန်းကလေးတစ်ယောက်ရဲ့အလှတရားဆိုရင်

အမှန်တရားဟာ ကျက်သရေ မင်္ဂလာအပြည့်ရှိတဲ့ မိမွေးတိုင်းဖမွေးတိုင်း အလှတရားပဲ

မိသားစုသစ်ပင်ခြေရင်းက ပွင့်လင်းခြတောင်ပို့ကြီး

အမွှေးတိုင်ထွန်း၊ ပန်းဆီမီးကပ်

အဓိပ္ပါယ်တွေ ပြယ်ထွက်နေတယ်

ကာလနဲ့ အာကာသကို ထောင်လိုက်ဖြတ်နေတဲ့မျဉ်းပေါ်မှာ

ရှရိုးဒင်္ဂါးရဲ့ ကြောင်ကလေးဟာ ဆင်းတက်လို့ပြေး

ဘယ်မှလည်း မရောက်ဘူး၊ ဟုတ်လည်း မဟုတ်ဘူး

အိုင်းစတိုင်းက နောက်တစ်ပေါက် ထပ်ဖောက်လိုက်တယ်

ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်တွေ၊ ကြောင်လေကြောင်လွင့်တွေ

ဒီနေရာကနေ ထွက်သွားပြီးရင် ဒီနေရာကို ပြန်ရောက်ဖို့

စကြဝဠာထဲမှာ ကြောင်ကွက်တွေရှိတယ်ဆိုတာ အိုင်းစတိုင်း ဖောက်ထားခဲ့တဲ့ အပေါက်တွေလား

အတွေးရဲ့ ချူချာမှုကို ဘာဆေးနဲ့ ပျောက်ကင်းစေမှာလဲ

လှေကလေး ရှပ် လျှပ် သျှပ် ပြေးနေတဲ့

နောက် နောက် နောက် ကျိနေတဲ့ ရေပြင်မညီပေါ် ကျန်နေခဲ့တဲ့ ဂြော်မတ္ထရီအရိပ်တွေ

အဆိုပြုချက်တွေ

၁. ငါဟာ လူသားပါ

၂. ငါဟာ အရူးပါ

၃. ဒါကြောင့် လူသား = အရူး

ဘာမှစိတ်မပူကြနဲ့ အရူးစကား ယုံမိရင် အရူးဖြစ်ကုန်မှာပေါ့

ဆင်ခြင်သိဟာ ဆင်သေကောင်ကြီးလို ဘောလောမျောလို့

ဘယ်မှလည်း မရောက်ဘူး၊ ဟုတ်လည်း မဟုတ်ဘူး

အာကာကို လွှာပုံပြုပါလို့ မေယုကိုတဲ့ စုတ်တံချီပြီး

အမွှေးအမျှင်တွေအုပ်ထားတဲ့ အနုပညာပစ္စည်းလေး

မုသားနဲ့ ပျစ် ချွဲ ချော ကျိ လို့

အင်ဂျင်ဝိုင်တိုင်းသလို ပေတံဖြင့် ထောက်တိုင်း၍ တန်ဖိုးဖြတ်ခဲ့လျှင်သော်မှ

ပြည်သူကြား ထဲထဲဝင်ဝင် ရောက်ကို မရောက်ခဲ့တာကိုတော့ ၀န်ခံရမယ်

တကယ်ဖတ်တတ်လာတဲ့အခါ လိုင်းတွေကလည်း ချိုမြိန်လာတယ်

တွေးလိုက်ရုံနဲ့ တကိုယ်လုံး တုန်တက်လာစေတယ်

ဘယ်မှလည်း မရောက်ဘူး၊ ဟုတ်လည်း မဟုတ်ဘူး

စီမံကိန်းနဲ့တူသောအသံများ

အနုပညာဆိုတာ နားလည်ခြင်း နားမလည်ခြင်းထက်

နှလုံးသားမှာ ရှိခြင်း မရှိခြင်းနဲ့ပဲ ဆိုင်တယ်လို့ ဘယ်သူပြောလဲ

ဘယ်သူ သေချာသိမလဲ

တွေဝေမှုရဲ့နောက်မှာ

ငါလည်းတွေ

သူလည်းတွေ

သူများလည်းတွေ

ဒီလူလည်းတွေ

ဟိုလူလည်းတွေ

မင်းလည်းတွေ

အစရှိတာ တွေကို အဆုံးသတ်ဖို့

ဤတွေ ထိုတွေ၏ အဖို့ဘာဂကို ဝေသမျှ ရကြစေ

ရင်သားပေါ် ပြုတ်ကျလာတဲ့ မျှော့သိုက်ကို ကြေးစည်ရိုက်လိုက်တယ် ဒူဝေဝေ

ဘယ်မှလည်း မရောက်ဘူး၊ ဟုတ်လည်း မဟုတ်ဘူး

နယ်ပယ်တစ်ခုက နယ်ပယ်တစ်ခုဆီ ရွှေ့ပြောင်းမှုမှာ

အပြင်သွားတယ်ဆိုတာ အပြင်ထဲကို ဝင်သွားရတာ

ကွင်း(ဂွင်း)ထုတ်လိုက်တယ်ဆိုတာ

ကွင်း(ဂွင်း)ကိုဖယ်ထုတ်လိုက်တာလား

ကွင်း(ဂွင်း)ထဲကနေ ဖယ်ထုတ်လိုက်တာလား

ကွင်း(ဂွင်း)ထုတ်ခံဟာ

ကွင်း(ဂွင်း)လုံးကျွတ် လွတ်လပ်မှုရဲ့အရသာထဲ ဝင်ရောက်သွားတဲ့အခါ ကျန်ရစ်သူ

ကွင်း(ဂွင်း)ဟောင်းလောင်းဟာ

ကွင်း(ဂွင်း)ဂုဏ်ရည်

ကွင်း(ဂွင်း)သတ်မှတ်ချက်စံနှုန်းနဲ့ ကိုက်ညီပါဦးမလား

သွားပြီ

တခမ်းတနား တိုက်ချွတ်ထားတဲ့ အရေးအသားတွေ

သွားပြီ

သူတို့ သွားကြလေပြီ

ဘောကွင်း(ဂွင်း)ကျွတ်ကဲ့သို့ ပင်လယ်ဆီသို့ မျောရချေပြီ

နှင်းပျောက်တဲ့နွေကဲ့သို့ သောင်ပျောက်တဲ့ ဠင်းတဖြစ်ရချေပြီ

ဘယ်မှလည်း မရောက်ဘူး၊ ဟုတ်လည်း မဟုတ်ဘူး

ဆဲလ်ဖိုများ ဆဲလ်မများ အင်္ထြိုပီများ အင်္ဇိုင်းများ ပေါ်လတ္တစ်များ

ဘယ်မှလည်း မရောက်ဘူး၊ ဟုတ်လည်း မဟုတ်ဘူး

ထိုနှစ်များ၌ ဘာသာစကားတို့သည် မချို

မတ္တဖာတို့သည် မပေါက်

ကဗျာတို့သည် ခြောက်ကုန်၏

 

သိုးထိန်း (အန္တိမ)

စက်တင်ဘာ ၁၄၊ ၂၀၁၂ ၁၄:၃၃နာရီ


0 Responses to “အနုပညာခွဲခန်းသုံးဓားပါးပါးနဲ့ ဖြတ်ဖောက်ချုပ်ထားတဲ့ မုသားစစ်စစ် မျှစ်စို့ပျိုနုထွား”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: