16
Oct
12

အခက်တွေ ခဲနေရာက အပူကြောင့် ပျော်သွားတဲ့အခါ

 

မိုးပျံပူဖောင်းကြီးများဖြင့် ဆွဲသော ဘဝတစ်ပါးခရီးသွား

အများသုံးယာဉ်တွေကို ဦးစားပေး

ဘေးဘီ ဝဲယာ

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး မှာရပ်

တွေးနေတုန်း ငါ့ရဲ့ ဟီးရိုးတွေပဲလို့ ပြောလိုက်တဲ့အသံ

ဖောင်တိန်အစုတ်တစ်ချောင်း မှင်နဲ့ မောင်းနဲ့

ကလစ်ကိုနှိပ်ရင် ထွက်လာတယ်

ကလစ်ကိုနှိပ်ရင် ဝင်သွားတယ်

ခေါင်းထဲ ဉာဏ်ကွန့်မြူးမှုတွေ ကွန်မန့်တွေ

မီးခိုးတွေများပြီး “ဟွန်းမတီးရ” အသံတွေကျယ်လောင်နေတဲ့

လူမှုရေးအမြင်တစ်ခုရဲ့ ထိပ်ဖျားပေါ်မှာ နေရောင်

ဖြည်းဖြည်းချင်း ပျောက်သွား

ခေါင်းလွယ်လွယ် ညိတ်ပြလိုက်တာ

ဘာအဓိပ္ပာယ် ရှိမှန်း မသိဘူးဆိုတာကို ငြင်းဆိုလိုက်တာပဲ

မဟုတ်လား

ပုလင်းအဖုံးပိတ် ခဲပတ်တွေက ပြောင်းလဲပျက်ကွက်တယ်လို့

မရှိ

ပစ္စည်းကောင်းကို ကုန်ကျစရိတ်နည်းနည်းနဲ့ ထုတ်လုပ်နိုင်ဖို့

မသိ

ဘယ်လည်းမဟုတ် ညာလည်းမဟုတ်ဆိုတဲ့သူတွေသာ

စက်သုံးဆီ ချွေတာသလိုလို

သူတို့အကြောင်း လှမ်းကြည့်လိုက်တော့ ကြာလှပြီ

မြို့တော်အင်္ဂါရပ်နဲ့ မညီ၊ လမ်းကျက်သရေပျက်စီးပေါက်ပြဲ

လက်ဆွဲနှုတ်ဆက်ရင်း တရားဥပဒေကြောင်းအရ ယောင်နေကြတာ

လွယ်လွယ်လှည့်ဖွင့်လို့ရရင် အကြံပေးအရာရှိပဲ

မဟုတ်လား

အတွင်းသား ကံစမ်းမဲမဲတွေ

စနစ်နဲ့ အညီ အင်မတန် ရုပ်ဆိုးအကျည်းတန်တဲ့ ဥပဒေတွေ

ဖန်တီးထားတဲ့ လောကကြီးထဲ ဝီစကီခွက်တွေ ဂျမ်းမဖြစ်စေချင်ပါဘူး

ပူဆင်းသွားတဲ့ လည်ချောင်းတလျှောက် စကားလုံးတွေ ပျော့နူးတွန့်ကြေ

သိမှုတွင်းထဲမှာ ကြီးမားတဲ့ လှိုင်းလုံးကြီးများ

ကမ်းအကပ် မှန်းချက်နဲ့ မကိုက်ညီ

ပြောင်းလဲမှုကကြီးတော့ လမ်းတွေ ပိတ်လာတာပေါ့

တရားဥပဒေစိုးမိုးရေး၊ ရေလွှမ်းမိုးခြင်းနှင့် ကားမျိုးစုံ

နိုင်ငံတစ်နိုင်ငံ ဗိုက်ပူလာရင်

အရေပြားပေါ်က အစက်အပြောက်ကို လွယ်လွယ်နဲ့ ဖျောက်ပစ်လို့ မရနိုင်တော့ဘူး

မဟုတ်လား

အရှိကို အရှိအတိုင်း ကျွေးသမျှ

အကုန်စားပြီး အလွတ်ခုန်ချမှု

ပိုဆန်းကြယ်တဲ့ လုပ်ကွက် ပြကွက်တွေ

လောက ရုပ်ရှင်ရုံကြီး ဟီးနေတာပ

ခေါင်းခါပြလိုက်တာ ဘာကိုမှ မသိချင်တော့ဘူးလို့ ကြေငြာယုံ သက်သက်

မြေပေါ်မြေအောက် သယံဇာတနှင့် အငြင်းပွားဖွယ်ရာ

အလွဲသုံးစားပြုမှုများ၊ ခြစားမှုများ

မြွေကိုက်ခံရတဲ့သူတွေအားလုံးက မမြင်လို့သာ ကိုက်ခံရတာပါ

သုညလည်း တစ်ဖြစ်နေနိုင်တော့

တစ်ဦးနှင့် တစ်ဦး

တစ်ဖွဲ့နှင့်တစ်ဖွဲ့

တစ်ပါတီနှင့် တစ်ပါတီ

တစ်လူမျိုးနှင့် တစ်လူမျိုး

တစ်ဘာသာနှင့် တစ်ဘာသာ

အစုလိုက်အပြုံလိုက် ကိုယ်ကျိုးစွန့် အနစ်နာခံ သံသယများစွာ

တောင်ပေါ် မြေပြန့် မခွဲခြားဘဲ ကပ်ရောဂါအသွင်ဖြစ်နေရင်

မြေပုံဆွဲ

ဖြစ်ပွားနေတဲ့ ဒေသဝန်းကျင်ကို ဝိုင်းကျီးလန့်စာ စားနေ ကြသည့်ဘဝမျိုးနှင့်

နေ့စဉ်ရက်ဆက် ရိုးသားစွာ အပေးအယူတွေ

အမြန်ဆုံး ချီတက်သွားနိုင်ကြမယ့်

လက်ခတ်လည်းလွဲ ခြေခတ်လည်းမထိ သာတူညီမျှအဂတိတရား

အမှုန်နှစ်ခု တိုး တိုက်မိသောအခါ တွဲလိမ်သွားပြီး

ကိုယ်ကျိုး အတ္တများနည်းကာ တစ်ခုချင်းစီတွင် သိုမှီးကာ

ကချင်လှပါပြီ အမှုဆောင် အရာရှိဟောင်းများ!

ဤလောကကြီး တည်ရှိနေသရွေ့ ယုံကြည်မှုသည် အမှုအခင်း

သို့ဖြစ်၍လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရင်း

တစ်ချိန်တည်းတွင် ခေါင်းခါလိုက်မိတယ်

ဘဝမှာ အဲဒါက သိပ်ထူးခြားတဲ့ ပြောင်းလဲမှုကြီးလားလို့ သံသရာ ရှည်မိ

 

သိုးထိန်း (အန္တိမ)


0 Responses to “အခက်တွေ ခဲနေရာက အပူကြောင့် ပျော်သွားတဲ့အခါ”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: