18
Oct
12

ရှုံးနေတဲ့ စတော့ခ်

ဆိုင်းဘုဒ်ကြီးတစ်ပုံထဲ ထူးခြားတဲ့အတွေးတွေဟာ

တ စာ စာ တန်းသွားလိုက်တာ

လမ်းနေရာမှာ လမ်းမရှိတာလည်း သိပ္ပံပဲ

လက်တွေ့ <——> ဘဝ

ပျော်ရွှင်စရာ စီမံကိန်း

ချကြည့်

လုပ်ကြည့်

အဖြစ်အပျက်တွေဟာ သူ့အဓိပ္ပာယ်နဲ့ သူ

ကွင်းဆက်တွေဟာ သူ့အကျိုးပြုချက်နဲ့ သူ

ခေတ်အဆက်ဆက်မှာ မပြောဝံ့မဆိုသာ

အားလုံးဟာ ဇာတ်လမ်းတစ်ပုဒ်လို အမြင့်ဆုံးအနေနဲ့

နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် ရောဂါထတာကို

ကက်ဘိနက်ထဲမှာ ခဏဖယ်ထားပြီး

မီဒီယာတွေကျေနပ်အောင် ဖြည့်ဆည်းဆောင်ရွက်

အဖတ်ရော အရည်ရော ရမယ့်

ထမင်း    စား

ရေ        သောက်

ဘာကြောင့်တော့ မသိဘူးပေါ့

ပြည်သူတို့ရဲ့ စစ်မှန်သော ဘဝဆိုတာ ဒီလိုပဲ

မြေဇာပင်လည်း မြေဇာပင်အလျောက်

ကျရာတာဝန် ကျေပွန်ရမယ် မဟုတ်လား

ဝန်ထမ်းလား ဆိုတော့ ဝန်ကိုထမ်းတဲ့ လားသတ္တဝါ

လားပေါ့

မအောင်တဲ့ အဖူးတွေနဲ့  မမြင်တဲ့အပွင့်တွေ

တစ်နွယ်ငင် တစ်စင်ပါ ယုံကြည်ချက်

မည်သည့်မီဒီယာမှာမဆို အလွယ်တကူချိတ်ဆက်ခြင်းများ

မည်သည့် မှတ်တိုင်မှာမဆို အလွယ်တကူ ဖတ်ရှုနိုင်ခြင်းများ

လမ်းဆုံ(း)ကို မြင်တာ မမြင်တာ

ဘာ စောဒကမှ တက်စရာမရှိပါဘူး

နေ့စဉ်ဘဝထဲ တိုက်ပွဲတွေ

အသေအပျောက်စာရင်းနဲ့ ပတ်သက်လို့

နတ်လူ သာဓု ခေါ်ကြ ပါ့မလား

အဆင့် အသီးသီး

နယ်ပယ် အသီးသီး

နေရာ အသီးသီး

အသီး သီးပြီးရင်

တစ်ယောက် တစ်ထစ် ခုတ်ထစ်ပစ်ကြ

ပြီး

ယုံကြည်ချက်ကြောင့်

ထမင်းတစ်လုတ်ကြောင့်

ထင်းစိုက်

လက်တွေ့ဘဝမှာ လာဘ်စားမှုနဲ့

ပွင့်ချိန်တန် ပွင့် ပိတ်ချိန်တန် ပိတ်

ဆင်နားရွက်တံခါးကလေးတွေ

တခြားကျယ်ပြန့်တဲ့ တကယ်လွတ်လပ်တဲ့

အားတက်ဖွယ်ရာ နောက်တစ်နေ့ကို လိုက်ရှာဖို့

လူမှုဆက်ဆံရေးပရိယာယ်တွေ နဲ့ စကားထောက်ပေးတယ်

စားကောင်း သောက်ဖွယ် ပြည်သူလူထုကြီး

မိသားစုငတ်နေတာလည်း ၀တ္တရားအရ

ဒဿနိကဗေဒပညာရပ်ဆိုင်ရာအပြုံးတွေ

ကုန်ဈေးနှုန်းဟာ ခေါင်မိုး မလုံရုံတင်မကဘူး

စာရိတ္တသွပ်ပြားတွေကိုပါ အချပ်လိုက် လန်စေတယ်

သဘောထားဆန္ဒဆိုတာ လူတိုင်းလျှောက်တဲ့လမ်း

လမ်းဘေးကလေး လမ်းဘေးခွေးလို့ တွေးကြည့်နေရင်

မရောက်ဖူးသေးတဲ့နေရာမှာ ရေကြည် မြက်နု

လက်ညှိုးများတဲ့ လူ့အဖွဲ့အစည်း

တောမီးထဲက တောကြောင်တွေလို

မီးခိုးထွက်တဲ့ ပတ်ဝန်းကျင်

ပတ္တာလွဲတဲ့ အတွေးအခေါ်က

ချစ်မှု နဲ့  နိဗ္ဗာန်မျက်မှောက် ပြုတာက အစ

အကောင်ထည်မရှိတဲ့ နိုင်ငံတော်ကြီးအထိ မဟုတ်လား

လေထဲမှာ ဘာမဆိုရှိနေတော့

ဘာမဆိုဟာ လေထဲမှာပဲ ဖြစ်ရှိတရား

လူ့ဘဝဆိုတာ လေကို မှီဝဲခြင်း တစ်မျိုး

ယဉ်ကျေးသိမ်မွေ့လုံခြုံတဲ့ ကုဒ်တွေထဲ ပိတ်မိနေရာကနေ

ဆင်းရဲတွင်းကို ဘယ်က စ ဆင်းခဲ့တာလဲ

သဘာဝ ဓာတ်ငွေ့၊

ဆန်စပါး၊ ပဲမျိုးစုံ၊

ကျွန်းသစ်၊ ကျောက်စိမ်း၊

ပတ္တမြား

ဆည်မြောင်း၊ လမ်းတံတား

လယ်ယာမြေများ

လမ်းဆုံးသွားသည့်တိုင်

သစ္စာ ၀မ်းတစ်ထွာအတွက် ကြိုတင်ပေးချေကဒ်

ကိုကာကိုလာ တစ်ဗူးပေးပါ

ဘယ်သူ့ဆီမှာလဲ

ဒီမိုကရေစီမှာ မိမိကိုယ်ကို ကာကွယ်ရင်း

လက်လွန်သွားရင်လည်း

စိတ်မရှိပါနဲ့

ကိုယ့်တိုင်း ကိုယ့်ပြည်မှာ

ကိုယ့်အမှား ကိုယ်သိပြီး

ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရဲတဲ့သူ

ရှိမလား

ရိုးရိုးအေးအေး မေးမြန်းရတာပဲ

စိတ်မရှိပါနဲ့

ငါ့ ပွဲတက်မယားတွေဟာ ငါ့ဘဏ္ဍာကို သုံးသွားပါပေါ့

 

 

သိုးထိန်း (အန္တိမ)


2 Responses to “ရှုံးနေတဲ့ စတော့ခ်”


  1. October 20, 2012 at 11:39 AM

    ဒီမိုကရေစီမှာ မိမိကိုယ်ကို ကာကွယ်ရင်း

    လက်လွန်သွားရင်လည်း

    စိတ်မရှိပါနဲ့


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: