01
Nov
12

ကြိတ်စက်ကတော့ ကြံရည်ရဲ့ အရသာကို မသိဘူး

စစ်ဘောဒဏ်ထိထားတဲ့ တောင်ကြားချိုင့်ဝှမ်းအပေါ်မှာ

သူဟာ ပေါက်ကွဲခဲ့တဲ့ ဧရာမလျှို့ဝှက်ချက်ကြီး

တစ်ချိန်တုန်းက သူတောင်းဆိုခဲ့တာ ဘာခေါ်လဲ

သွေးသားလား? ရိုးတွင်းချဉ်ဆီလား? မွှေးညင်းလား?

ညွတ်အိပိကျလာတဲ့ ရင်သားခုံးခုံးကြီးတွေဟာ မိုးကုပ်စက်ဝိုင်းကို ဖုံးသွားတယ်

နတ်တွေကို နို့နဲ့ပူဇော်ပသတဲ့ဓလေ့ဟာ ဘယ်မှာ အစပြုခဲ့သလဲ

နို့ချည်း အတိပြီးတဲ့ ၀တ်ပြုအဆောက်အဦးခန်းမကြီး

နံ့သာတိုင်မီးခိုးငွေ့တွေဟာ နို့ပျစ်ပျစ်နှစ်နှစ်တွေလို အုံ့ဆိုင်းလို့

နံငယ်ပိုင်းကလေးပတ်ထားတဲ့ နတ်ဘုရားဟာ ကပ္ပလီအပြုံးကြီးကိုတပ်လို့

ခြေခွင်ပြီးရပ်နေတယ်

ပိုကြီးတဲ့ စောင်းတွေဟာ ပိုကြီးတဲ့ နတ်တွေတီးဖို့ပဲဖြစ်တယ်

ဂိတ်တံခါးကို ဆွဲဖွင့်လိုက်တဲ့အခါ

နေခြည်အလင်းမှာ နို့တွေဟာ ဝင်းခနဲ လက်ကုန်တယ်

နေ့တိုင်းဝင်လာတာ ဒီ လူအုပ်ပဲ၊ ဒီ စစ်ပွဲတွေပဲ၊ ဒီ ဆုတောင်းတွေပဲ

သူတို့ကိုကြည့်ရတာလည်း ဒီလိုဆေးမျိုးပဲ လိုအပ်နေပုံ

နို့ထဲကို လက်တစ်ဖက်နှစ်လိုက်တယ်

စီးကျလာတဲ့ နို့နှစ်တွေဟာ သူ့သလုံးသားတွေကတဆင့်

ကော်ဖီခွက်ထဲ

လူ့အဖြစ်ဟာ နို့ပွက်ပမာပဲလို့ မြင်ရင်း

ရှည်လျားပြီး စွေစောင်းနေတဲ့အလင်းတန်းတွေထဲ

စောင်းတီးဖို့ အသင့်ရပ်နေတဲ့ နတ်ဘုရားတွေ

စိတ်ကို လှန်ချလိုက်တော့ သူတို့ဟာ အပေါ်ကို ရောက်သွားတယ်

ဗိုက်သားအိအိပေါ်မှာ အဆီရစ်နေတဲ့ လျှို့ဝှက်ချက်ကို တွေ့လိုက်တော့

ရဲဘော် မင်းအရင်စ ငါအရင်စ နဲ့ ငနဲကြီးတွေ နဲနဲတော့ စိတ်ရှုပ်သွားကြတယ်

ငါတို့ဟာ အပျိုရည်မဖျက်ဖူးသေးတဲ့ နတ်ဘုရားတွေပါ

ယုံကြည်ကိုးကွယ်မှုအတွက်…

မျိုးနွယ်စုအတွက်…

မိသားစုအတွက်…

ချစ်သူအတွက်…

အဲဒီလို အုပ်မိုးလို့ ဖြန့်ကျက်ထားတဲ့ မျက်ခွက်ကြီးတွေကို ဘယ်လို ခွေခေါက်ငြင်းဆိုရမလဲ

ဒါ နေ့ပြန်တိုးနဲ့ ရှိခိုးပူဇော်ခြင်းမဟုတ်ဘူး

သေခြင်းတရားထက် မြင့်မြတ်တဲ့အမှုကို ပြုခြင်းဖြစ်တယ်

ခေတ်အဆက်ဆက် မတီးခတ်နိုင်ခဲ့တဲ့ ရင်ဘတ်စည်ကြီး

အမှောင်ထဲမှာပြန်ပေါ်လာတယ်

သူ မမွေးဖူးသေးတဲ့ အမျိုးသားရေးစိတ်ဓာတ်

ဖွတ်ထွက်မှ တောင်ပို့မှန်းသိသလို နို့ထွက်မှ မိခင်မှန်းသိစေရမယ်

သူဆွဲချွတ်နေတဲ့ အလင်္ကာ၊ သူခံနေတဲ့ အညွှန်း

စင်ထွက်မာခဲသွားတဲ့ သွေးစက်တွေကြားမှာ

သူ့ဘာသာစကားဟာ နီရဲပွန်းရှလို့

သူ့နံရံတွေကို သူမကာကွယ်နိုင်ခဲ့ဘူး

ချစ်ကြောက်ရိုသေမှုနဲ့ ထုံကျင်နေအောင်ရွှမ်းမှည့်ခဲ့တဲ့ ပါဒလေးတစ်စ

ရသဗေဒကို အနိဋ္ဌာရုံအလှနဲ့ လဲလိုက်ရတယ်ဆိုရင်လည်း ယုံပါ

ကိုယ် စိတ် နှလုံး သုံးပါးလုံး စူးစမ်းခြင်းအမှုကို ပြုပြီးနောက်

နီကျင်မျက်နှာတွေပေါ် ချိုချိုအစက်တွေ ဖိတ်လက်လို့

စစ်ပွဲအပြီး စုတ်ဖွာကျန်ရစ်ခဲ့တဲ့ အလံရွက်လို

ကျောက်သားပြင်ထက်က ထာဝရလွတ်လပ်မှု

ဘာလို့ နို့နံ့ မစင်သေးတဲ့ နတ်ဘုရားတွေကို ပူဇော်သမှု ပြုနေရပါလိမ့်

 

သိုးထိန်း (အန္တိမ)


2 Responses to “ကြိတ်စက်ကတော့ ကြံရည်ရဲ့ အရသာကို မသိဘူး”


  1. November 2, 2012 at 6:54 PM

    ထိထိရှရှ ရှိတယ် ညီလေး.. ဟုတ်ပ.ကြိတ်စက်ကတော့ ကြံရည်ရဲ့အရသာ ဘယ်တော့မှ သိလာမှာ မဟုတ်ဘူး..

  2. 2 lanolay
    February 26, 2013 at 8:39 AM

    ခြေစုံရပ် ရိုကျိုးခဲ့ပါတယ်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: