06
Nov
12

ဂိန် မာန်

 

လမ်းမပေါ်ကနေ တွားသွားနေတုန်း

ခွေးအရဲ့လည်ပင်းဟာ သူ့နာမည်ကို

အရစ်ကျ အော်ဟစ်

အချိန်တစ်ခုက ကားပြတင်းကနေ ခုန်ချ ထွက်ပြေး

သွားတယ်

အဝေးကလှမ်းမြင်ရတဲ့ ဇနီးကြီးကိုးပါးဟာ ခပ်ပြပြ

နို့စိမ်းဟာ ပြည့်ကျ ဖြစ်နေခဲ့တယ်

မိုးလေဝသအခြေအနေဟာ  ပြည်သူတွေအတွက်ဆို

ဝမ်းရေးကို ဘယ်လို ချူရမလဲ

လူဖြစ်လာရခြင်းအတွက်

အာရုံမှာ ထွေထွေထူးထူး သတိမရတာ ဘုန်းခေါ်သံ

ဘာရှိမလဲ ဆက်ကြည့်တော့ လူတစ်ယောက် အချစ်စိတ်

ဒါပေမယ့် ဒီခေတ်မှာ ကိုယ့် ဥ ပဒေသာ နဲ့ကိုယ်

ဘာသာစကားကို ချွတ်ဆေးနဲ့ ချွတ်ပစ်လိုက်ကြပြီ လား

ကနဦး စိမ့်ဝင်ပျံ့နှံ့မှုဟာ သိမှုနယ်ပယ်ဝန်းကျင်ဆိုင်ရာ အာရုံတွေ

အကြောင်းအရာ၊ အရေးအသားနဲ့ အယူအဆဆိုင်ရာ အစေ့ဆော်မှုတွေက

လောက်တွေလို လန်းလန်း လန်းလန်း လာထိသလိုလို ရှိလာတယ်

ခြေတစ်ဖက်ဆာနေတဲ့ ခွေးတစ်ကောင်ရဲ့ ပါဝါဟာ

အိုင်ဒီရော်လော်ဂျီ ဘယ်လောက်ပြောင်းပြောင်း

သူစိမ်းဆို တဝေါင်းဝေါင်း ထိုးဟောင်တယ်

ဘုံဗိမ္မာန်ဂိတ်တံခါးဝမှာ ရစ်သီရစ်သီဖြစ်နေတဲ့ နတ်စိမ်းတွေ

ပုံသေပြဌာန်းသလို ခံစားရတဲ့ခွေးဟောင်သံ

ဖွင့်ဟဖော်ထုတ်မှု = ဖောက်ပြန်မှု

မျက်နှာဟာ တပ်ဆင်ထားခဲ့တဲ့အတိုင်း သူ့အလုပ် သူလုပ်တယ်

ဘာဆက်ဖြစ်မလဲဆိုပြီး စိတ်ဟာ ဟစိဟစိ ဖြစ်နေတယ်

ရုပ်ဝတ္ထုသမားက ခင်ပွန်းကြီးဆယ်ပါးကို လောက်စာလုံးနဲ့ ပစ်ပြလိုက်တယ်

မကျေနပ်သေးရင် မျိုးလိုက် ရိုးလိုက် ရော်ဘာအိတ်ထဲ စွပ်ပစ်လိုက်

ပြုနေချိန်ကတည်းက ဒီစာသားတွေနဲ့ ခွဲခြားမရအောင် တည်ဆောက်နေတယ်

မသိမသာနဲ့ သိသိသာသာရောစပ်သွားတဲ့ အရိုးလွတ် ချိတ် ဆက်မှု

ဂျယ်လီကြိုက်တဲ့ အန္ဒြိုက်ခွေးတစ်ကောင်ဟာ

မြေဆီသြဇာ ခမ်းခြောက်နေတဲ့ စူပါအနာဂတ်မြေပုံစာရွက်ဆီကို တရှုံ့ရှုံ့တရှူရှူ

ဘယ်သူ့စပွန်ဆာနဲ့မှတော့ မဟုတ်ဘူး သူတို့ တနေ့ ပြန်လာနိုင်မှာပါ

ခွေးကောင်း သခင်ကောင်းဖြစ်ဖို့ ဘော်ဘီတို့ ဂျော်ကီတို့ကို ပလပ်ခွင့် ပေးလိုက်မယ်

ဆီလီကွန်တောင်ပူစာတန်းလို ခွေးမတစ်ကောင်ရဲ့ သားမြတ်အစုအဝေးကြီး

သူလည်း ခုဆို milky way ကို မော့ကြည့်ခံစားတတ်လာတယ်

လိင်ကိစ္စအရှုပ်အထွေးတွေကြားမှာ လင်ကောင်းမရခဲ့တဲ့ ခွေးမတွေ

မိခင်ကောင်းအဖြစ် ကျစ်ကျစ်ပါအောင် အူပစ်ချင်သော်လည်း

လမစေ့ခင်ပျက်ကျသွားတဲ့ တံတားစီမံကိန်းကြီးတွေနဲ့အတူ

ကျောက်ဂူနံရံထက်က ပင့်ကူမျှင်ထွေးတွေနဲ့ဆိုက်ဘာစတုန်းအကျိုးအပဲ့တွေ

အိမ်ဆောက်တမ်း ကစား လို့ မဝ

 

သိုးထိန်း (အန္တိမ)



categories

archives