15
Dec
12

အောမ္မလက်

ဟမ်ဘာဂါတွေ သူတို့ ပစ်ကျွေးကြတယ်

ဝဋ်ကြွေးလိုပဲ အလုအယက်

အသက်ဟာ အညိုရောင်စက္ကူအိတ်ထဲ

မယောနိတွေရွှဲလို့

အာလူးချော်တွေ အာလူးချောင်းတွေ

ပျစ်စိုနီရဲစေးကပ်လို့

လျှာတွေဟာ ဗလာသက်သက်မှာ တပျတ်ပျတ်လျက်လျှက်

လက်တွေ လေထဲ မြှောက်ထားကြ

လက် မြှောက်ထားလိုက်ကြစမ်းဟေ့

ကတ္တရာလမ်းကြီးတစ်ခုလုံးကို လိပ်တင်ပြီး ဆီပူအိုးထဲ လှိမ့်လိုက်တယ်

လမ်းကျဉ်းတာ ဖြေးဖြေးမောင်းလို့ရတယ်

အမြင်ကျဉ်းတာ ဖြေးဖြေးပြောလို့ ရပါ့မလား

ရှဲ ခနဲ ညှော်နံ့တွေသင်းလာ

ဖောင်းတဲ့နေရာဖောင်း ဖုတဲ့နေရာဖု လန်တဲ့နေရာလန်

အလင်းရဲ့အရသာကို မျက်မမြင်ဖြစ်ပြီးမှ သိနိုင်သလို

ကျေးဇူးရဲ့အရသာကို ကျေးဇူးကန်းကြည့်မှ သိနိုင်ကြတော့

လမ်းဟာ ဖဝါးအောက်မှာ ပြားပြားကြီးပဲ ချိုင့်တဲ့နေရာချိုင့် ခွက်တဲ့နေရာခွက်

ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ်

လက်တွေ လေထဲ မြှောက်ထားလိုက်ကြ

စင်ပေါ်က ပစ်လိုက်တဲ့ ဟမ်ဘာဂါတွေကို ဖမ်းကြရအောင်

ဖမ်းကြရအောင် လက်တွေကို မြှောက်ထားလိုက်ကြဟေ့

ဟဲ့ ဘယ့်နှယ်…ငါ့လမ်းကြီး တူးကျွပ်နေပါရော့လား

လမ်းကြီးများ အပူလျော့စေရန် လျှာတွေ မြန်မြန်လျက်ကြ

မြစ်တို့၏ ရှည်လျားမှု၊ တွန့်ခေါက်မှု၊ ပတ်စီးမှု၊ မွှာထွက်မှု

ဤနေရာတွင် အသုံးမဝင်ပါ

လျှာတွေ မြန်မြန်လျက်ကြပါဟေ့

နှုတ်ခမ်းစွန်းမှာ မယောနိရည်များ ပေကျံစိုစိနေပြီ

ဟမ်ဘာဂါသည် အမည်သက်သက်တစ်ခုအဖြစ်သာ ပါးစပ်ထဲမှာ ကျန်ခဲ့သည်

အာသာပြေမှုသည် လေချဉ်နံ့စူးစူးအဖြစ် ပျို့တက်လာသည်

ဝဋ်ဆိုသည်မှာ လျှာနှင့်လိပ်၍ မျက်စိမှိတ်ခါ မျိုချရသော အရာတစ်ခုသာ

အကြွေးကိုတော့ ကဒ်ထဲမှာပဲ ရှိမြဲ ရှိနေစေတော့

လမ်းကွေ့များပေါသောခရီးသည် သင့်ကို နီးမလိုနဲ့ အမြဲဝေးစေလိမ့်မည်

 

သိုးထိန်း (အန္တိမ)


1 Response to “အောမ္မလက်”


  1. December 15, 2012 at 8:16 PM

    လမ်းကွေ့များပေါသောခရီးသည် သင့်ကို နီးမလိုနဲ့ အမြဲဝေးစေလိမ့်မည်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: