08
Jan
13

လက်ငုတ်လက်ရင်း လက်ကြောမတင်း ကိုယ်ပိုင်ယဉ်ကျေးမှု အမှတ်အသားများ

 

ပုခုံးပေါ်က ဇာပုဝါပါးပါး နဲ့အတူ

အခက်အခဲတွေက ဆင်ခြေကလေးနဲ့

လူ့အခွင့်အရေးလို လျှောလျှောပြီး ကျလာတယ်

သားငန်ရည် မြမြဝင်းစိုစိုတွေ

မျက်မမြင်ပုဂ္ဂိုလ်တစ်ဦးရဲ့ အတွေးတွေ အားလုံးဟာ

အလုပ်နဲ့ကံအပေါ် Cease Fire မလုပ်လိုက်နိုင်ဘူး

နွားရိုင်းသတ်ပွဲလား? လူရိုင်းသတ်ပွဲလား?

ဘ၀ပေး အခြေအနေအရ

အဆင့်သုံးဆင့်ပါတဲ့ သံတမန်ရေး အငြင်းပွားမှုတွေ

ဒေသခံတွေနဲ့ စုစည်းပြီး ပရိသတ်ထင်သလို

ဒရာမာရိုးမန့်စ်လေးတွေတော့ မဟုတ်ဘူး

တစ်အိမ်ထောင် တိုက်ပွဲတစ်ခု နှုန်းနဲ့ တစ်နိုင်ငံမှာ တိုက်ပွဲ ဘယ်နှစ်ခုလောက်?

တစ်ခုခုလုပ်မယ်ဆိုရင် ခင်မင်မှု အခြေခံဥပဒေအရ

ဂိမ်းဆော့နေသလို အနိုင်ကျင့်ဆက်ဆံမှုတွေ

နောက်ပိုင်းဘယ်လိုဇာတ်ရုပ်တွေ ထပ်ပေါ်လာမလဲ

မေတ္တာတရားနဲ့ စီးပွားရေး ဒွန်တွဲနေတယ်ဆိုရင် အံ့ဩစရာပါပဲ

တိုက်ပွဲတွေက နေရာအနှံ့ တည်ဆောက်ထားတာတွေ့ရတယ်

နှစ်ခုစလုံး ပုံသဏ္ဍန်မတူပေတဲ့ အကြောင်းအရာဟာ

အခြေအနေကြောင့် တိုင်းပြည်မှ စွန့်ခွာခဲ့ရသူများပမာ

ပြန်လည်ရောက်ရှိတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ

သူတို့ အဆိုအရ

အင်တာဗျူးပြုလုပ်စဉ် အကြိမ်ပေါင်းများစွာ

လက်နက်ကိုင်ပြီး ဘေးချင်းကပ်လျက် အပစ်အခတ်ရပ်ခဲ့ပါတယ်

သိပ်အကောင်းကြီးတော့ မဟုတ်ဘူးပေါ့

ကွဲကြောင်းလေးတစ်လျှောက်ဟာ မြေနီနီကျင်ကျင် စတွေ့တဲ့နေရာ

ကမ်းလွန်ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကြေးနီ

ခင်ဗျားတို့ကို ကောင်းကောင်း ဆက်ဆံကြပါသလားခင်ဗျ

ကိုယ့်အလှည့်ကျရင် တာဝန်မကျေဘူး အပြောခံရမှာ စိုးလို့ပါ

(အနည်းငယ်ကြာအောင် အသံရပ်သွားပြီး သက်ပြင်းချသံများကြား)

ဘ၀မှာ လက်တွဲဖော်လို့ နံပါတ်စဉ်ထိုးပြီး ပတ်သက်ဖူးတဲ့ သူကများများစားမရှိပါဘူး

ကွန်မြူနစ် အမည်ပေးပြီး တန်ဖိုးဖြတ်လို့တော့မရဘူး မဟုတ်လား

အကြောင်းအရာခိုင်လုံရင် ဒုက္ခသည်ဦးရေ ထပ်တိုးလာတတ်ပါတယ်

ပါးနှစ်ဖက်မှာ သနပ်ခါးနှင့် အားပါးတရ ပြုံးနေတဲ့

ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကတစ်ဆင့်

၂ နှစ်ဆက်တိုက် အကယ်ဒမီထပ်ရခဲ့ရင်

ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်တဲ့ ကျွန်းစုများပါမကျန်

အများကြီးမျှော်လင့်ထားပါတယ်

ဇာတ်လမ်းကလည်း သိပ်ကို ကြာနေတဲ့ အဓိပ္ပါယ်တစ်စုံတစ်ရာ အတွက်

ရေနက်ဆိပ်ကမ်းကနေတဆင့် ပြည်ပထွက်ခွာခွင့်ပြုဖို့ နဲ့

ဟင့်အင်း။ ခြိမ်းခြောက်ခံရတာ ကျွန်တော်မဟုတ်ပါဘူး။ ကျွန်တော့်မိသားစုပါ။

အိမ်နီးချင်း အပေါ်သာ စော်ကားမိတဲ့ အဖြစ်တွေ အတွက်

ကုန်ချောထုတ် စရာမရှိတဲ့ တိုင်းပြည်အတွက်

တောင်ပိုင်း ထွက်ပေါက်မှတစ်ဆင့် လုပ်အားအကောင်းဆုံးဖြစ်သော လူငယ်လူရွယ် လူချောတွေ

အဆိုပါ ကမ်းရိုးတန်းဒေသကြီးသည် ပထ၀ီအနေအထားအရ

သူများထက်စာရင် ကိုယ်က အရမ်းကြိုးစားရတယ်

“သကြားမုန့်ဖက်ထုပ် ပူပူလေး” လို့ အော်အော် ခေါ်နေရ

ကျွန်မက နှင်းဆီပါ မောင် ဆိုတော့ လက်အိပ်ကြမ်းကြမ်းကြီးတွေနဲ့ ဝိုင်းလာကြတယ်

လွတ်ထွက်သွားမှာစိုးတဲ့ အခွင့်အရေးမို့ အကြိမ်ကြိမ် အပြန်ပြန် ဖက်ထားရတယ်

ကိုယ်ထဲက အရည်တွေ မှန်သမျှ၊ နုနုရွရွအဆီအနှစ်အလွှာတွေ မှန်သမျှ

ဈေးကွက်အနေအထားအရ မွေးရပ်မြေထံ ပြန်မရောက်တော့ပါ

ကမ္ဘာကြီးကို ထပ်ပြီး ဆုံးရှုံးလိုက်ရရင်တောင် အခြား လုပ်စရာမရှိဘူး

အမှားတွေ ဝေေ၀ဆာဆာနဲ့ အဲဒီ နောက်ဆုံးပေါ်နည်းပညာနဲ့

ဆင်းရဲနွမ်းပါးမှုရဲ့ နှုတ်ခမ်းအသားစ ခြောက်ခြောက်တွေကို

လျှာဖျား ရဲ့ ကြိုးစားမှုတစ်ခုတည်းနဲ့တော့ စိုပြေဝင်းလက်စေမှာ မဟုတ်ဘူး

 

သိုးထိန်း (အန္တိမ)


1 Response to “လက်ငုတ်လက်ရင်း လက်ကြောမတင်း ကိုယ်ပိုင်ယဉ်ကျေးမှု အမှတ်အသားများ”


  1. January 14, 2013 at 3:25 AM

    ဆင်းရဲနွမ်းပါးမှုရဲ့ နှုတ်ခမ်းအသားစ ခြောက်ခြောက်တွေကို

    လျှာဖျား ရဲ့ ကြိုးစားမှုတစ်ခုတည်းနဲ့တော့ စိုပြေဝင်းလက်စေမှာ မဟုတ်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: