15
Jan
13

နင်တို့ နှစ်ယောက်နဲ့ အတူ လွင့်မျောနေတဲ့ ယုတ္တိပုံစံ

ငါရမယ့်အမွေထဲက တစ်ဝက်ဟာ ချော်လဲရောထိုင်

ကျန်တစ်ဝက်က ဦးတည်ရာမဲ့ အတွေး

စည်းကမ်းကလနားများ ထိခိုက်မရမချင်း

နောက်ထပ် ဝတ်လစ်စလစ် ဆုံးမမယ့် ခရုနာဒေါသ

ဆီးခြံလေးတစ်ခြံမှာလည်း အမှန်တရား ပါတာပဲ

နံရံပေါ်မှာ အသံတွေ  ပင့်ကူအိမ်ဖွဲ့လို့

ကျုပ်ကို ခြေတစ်နေရာချစာ ယုံကြည်ပေးပါလား

မင်းသာ မျက်မမြင်အပြုံး ကိုယ့်ကို ပေးခဲ့ရင်

ချက်အောက်(check out) လုပ်လိုက်မှာပဲ

တိုင်ပြောမယ်ဆိုတာနဲ့တော့  နင်တို့ ငါ့ကို မကြီးစေချင်ဘူးတဲ့လား

သုံးယောက်အကြားက ချစ်တယ်ဆိုတဲ့ စကားလုံးဟာ

ဘာအစီအစဉ်မှ မရှိပဲ အပူတွေ ဆူထူရှိန်းပိန်း

ဆောက်ဟယ် ဆဲဟယ်နဲ့ တံတားတွေ

ထိုးတော့ ထိုးတာပဲ

ဝမ်းနည်းစရာတွေချည်းပဲ

နင့်ကို ရစေချင်လို့ပါလို့ ဖရီးကစ်တစ်ကြောင်း တင်လိုက်တယ်

ငါတစ်ဘဝလုံး အကောင်တွေကို ဘာလို့ စိတ်မဝင်စားလဲ နင်တို့သိလား

မျှဝေချင်စိတ်မရှိတဲ့ ဂြိုဟ်၊ နက္ခတ်မှာ မွေး လာတာများလို့

မြှောက်ပေးတယ်…

“တို့ လူချင်းမတွေ့ရတာကြာပြီ”

လက်နဲ့အသာပွတ်လိုက်တိုင်း အသံထွက်သွားမိတယ်

စေ့ဆော်မှုပဲလားတော့ မသိဘူး

လောကရဲ့ လော်မာမှုတွေအတွက် ဆိုပြီး

ကိုယ်ခန္ဓာကြီးကို လျှော်ဖွတ်နေလှန်းပြီး ရှုမျှော်ခင်း အသစ်တွေတပ်ဆင်

ကော်ဖီတစ်ခွက်ရော လက်ဖက်ရည်တစ်ခွက်ရော တပြိုင်တည်းသောက်ခဲ့သလို

ကန့်လန့်ကန့်လန့်နဲ့ ဟိုင်းလိုက် လုပ်လုပ်ထားတဲ့ အာကာသထဲ

တိမ်စုံမျောလွင့်နေသလို

ခြေချော်လက်ချော် မောင်နှမတွေ လိုလို

ပိုဆိုးတာကတော့

သဒ္ဓါကို ခုတုံး လုပ်လုပ်ပြီး

မောင်နှမတွေထက်ပိုပြီး

သုံးယောက်သား မကြာခဏ ထိတွေ့ဆက်ဆံမှုတွေ

အကြည်လွှာပေါက်မှုတွေမှာ

အသက်ရှူသံထဲ ဂလိုက်ဒါမောင်နှံတွေ ဝဲနေသလို

ဦးခွံရိုးကြီးလို မာလို့ ရင့်မှည့်သီးတစ်လုံးလို သက်ရှိသတ္တ၀ါ

နင်တို့နှစ်ယောက်နဲ့ ဖရင့်(ချ)ရိုး အမှတ်အသားများ မွှေးပျံ့စွာ

ဘဝဟာ အရင်ကလို မဟုတ်တော့ဘူး

ကိုယ့် ပျော်ရွှင်မှု၊ နားလည်မှု၊ ယုံကြည်မှု နဲ့ ကိုယ် အနံ့မထွက်အောင်

အရည်အချင်း တဖက်နဲ့ အရေအတွက် တဖက်

ယုံကြည်တဲ့စိတ်ရယ် နာကျင်တဲ့စိတ်ရယ် နဲ့

အိပ်ခန်းထဲ ပြဋ္ဌာန်းထားလို့ လိုက်လုပ်မိတဲ့ ပြုမူလှုပ်ရှားမှုမျိုး

မလွယ်တာတွေဟာ ဘဝမှာ အပုံကြီးပဲ

လိင်စိတ်ပျောက်ဆုံးနေတဲ့ တို့သုံးယောက်က

ဆာဗားနားမြက်ခင်းကြီးတွေ အပေါ်မှာ

(ပကတိ ရွေ့လျားမှုထက်)

လက်နဲ့ အတော်ကြာအောင် အသာပုတ်ခတ် နှစ်သိမ့်ဖြေဖျောက်မိခဲ့တဲ့

မြိန်ရည်ယှက်ရည် စားသုံးမိခဲ့တဲ့

လောကသားတွေ

ရယူလိုမှု သိပ်အားနည်းနေတဲ့ ဘုရားသခင်ရဲ့ အဆင့်မြင့်နည်းပညာသုံး ၀တ်မှုံကူးခြင်း

ဘယ်လိုဟာကြီးမျိုးကိုမှ အချစ်လို့ခေါ်ပါ ဆိုတာမျိုးကြောင့်တော့ အထိအပါးမခံနိုင်ဘူး

ဖွတ်ဖွတ် ဖွတ်ဖွတ်နဲ့ ဆိုက်ကပ်လာပုံဟာဖြင့်

စကြဝဠာကိုယ်တိုင် တစ်က ပြန်စချင်စရာ ကောင်းလောက်အောင်

တစိမ့်စိမ့်ထွက်နေတဲ့ ပျော်ရွှင်မှုဂိတ်ဝမှာ

အဲဒီနေ့က တို့သုံးယောက်သား နှစ်နာရီ သုံးနာရီလောက်ကြာအောင်

ညစာတွေ စွန့်ပစ်ခဲ့ပါတယ်

ခုတော့ မြက်တွေက စိုထိုင်းထိုင်းဖြစ်လို့

အဲဒီအကြောင်းတွေများ တွေးမိရင် အိပ်တောင်မပျော်

 

သိုးထိန်း (အန္တိမ)

 

ကိုးကား။  ။ နှောင်းမှပြောင်းတတ်သော အချစ်တစ်မျိုး (မြင့်သန်း)


0 Responses to “နင်တို့ နှစ်ယောက်နဲ့ အတူ လွင့်မျောနေတဲ့ ယုတ္တိပုံစံ”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: