29
Jan
13

နွိုက္စစ္စ်

ဒီခန္ဓာကြီးကိုနှမြောမနေနဲ့။ သေရင်ပါတာလည်းမဟုတ်ဘူး။

တကယ်တော့ ဒီစာသားဟာ မစခင်ကတည်းက

အခုရှိနေရာမှာတင် စုံလုံးရပ်နား ဘယ်ကိုမှလည်း ထပ်မကားသင့်

ကဗျာဖတ်သူရဲ့ ရည်ရွယ်ချက်ဟာ လမ်းလွဲလား။

သိသလိုလိုနဲ့ လုံးဝမသိပဲနေကြတာကမှ ပိုမကောင်းဘူးလား။

အခံတစ်ခုခုမရှိရင် ၀င်လို့ကို မရတဲ့ကဗျာ

အခံကောင်းမှ အနှောင်းသေချာမယ့် ကဗျာဖတ်နည်း

ဘာပါလဲ။ လာမရည်ရွယ်နဲ့။

အတွေးစပေ့စ်တွေ ( ) ( ) ( )

တစ်ခုပြီး တစ်ခု ချ ချ သွား

သိမှုဟာ စက်ဝန်းဆို ဘာလို့ နားလည်အောင် ကြိုးစားနေတော့မှာလဲ။

နားဝမှာ မီးခိုးတွေတအူအူ

မျက်စိရှေ့က လိုင်းတွေမှာ မြူတွေတဆိုင်းဆိုင်း

အပိုဒ်တိုင်းမှာ အကိုင်းအခက်တွေဖြာ

(ပြီးတော့ ဘာအသီးမှ မသီးဘူး)

သိရင် တစ်ခါတည်း ပြီးရော!

ခုတော့ မဟာတံတိုင်းကြီးကို ခေါင်းနဲ့ တဒိုင်းဒိုင်း

ဒီ ကဗျာကြီးကိုနှမြောမနေနဲ့။

သိမထူး၊ မသိမထူး

နဖူး ဝက်ခြံပေါက်တာကမှ အမှတ်အသားကျန်ခဲ့ဦးမယ်။

သစ္စာသာ ပျက်ရင်ပျက်၊ ကဗျာတော့ မပျက်စေနဲ့တဲ့

သေရင်ပါတာလည်းမဟုတ်ဘူး။

တကယ်တော့ ဒီစာသားတွေဟာ ထားရာနေ၊ စေရာသွား

ဖတ်ချင်သလိုဖတ်ပြီး နားလည်ချင်သလိုလည်

မသကာ လက်ခလယ် ဝင်ထောင်ချင်လည်းရသေး

အကျိုးတွေဟာ “ဆားနဲ့ပါဘုရား”

အကြောင်းတွေဟာ “သူ့ချည်းလော”

အဓိပ္ပါယ်စက်လုံးမှာ အရံဂြိုလ်များ ၀န်းရံလှည့်ပတ်

မော်နီတာနဲ့ ကီးဘုဒ်ကြားမှာ သိမှုဟာ လွန်းပျံယာဉ်

ဘယ်နှစ်ဝဲ လည်ပြီးတဲ့အခါ တကယ်လည်သွားပြီ ဆိုမလဲ။

အဆောက်အအုံအလွန်မှာ မြက်ခင်းစိမ်းစိမ်းကွင်းပြင်ကျယ်

ဘာသာစကားတောင်စွယ်မှာ အညွှန်းခံ အညွှန်းပြုတို့ ကွယ်ခဲ့လေပြီ။

မှန်ပြူတင်းပေါ် ရေစက်တွေ ဘယ်လို လာစင်မယ် မသိရသလို

တစ်ကျောင်းတစ်ဂါထာ ၊ တစ်ရွာတစ်ပုဒ်ဆန်း ၊

တစ်လမ်းတစ်ကြောင်းပြင် ၊ တစ်ပင်တစ်လုံးကွဲ

ဘယ်ပါဒ ဘယ်လိုင်းကလွဲရင် အားလုံးက ဖွဲနဲ့ ဆန်ကွဲလဲ။

ရိုက်သွင်းထားလို့ မမေးလည်းသိနေတဲ့ အဖြေ

ဒါပေမယ့် မသိတော့ အခွံတွေထဲ ၀င်ရောက် နေထိုင်ပြုလုပ်ဖျက်ဆီးသွားကြတယ်။

ဒါပေမယ့် အမေးဝါကျတွေဟာ မထင်မှတ်တဲ့ အချိန်မှာ

ယုတ္တိကို ထိုးခွဲထွက်လာကြတယ်။

အစုအဝေး တစ်ခုဖြစ်လာအောင် တပ်ထားတဲ့ ခေါင်းစဉ်ကို ပြန်ပြန်ဖတ်ကြည့်မိ

ရှင်းလင်းချက်တစ်ခုခု

နေ့စဉ်မပြတ်ဆက်စပ်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ တည်ဆောက်မှု၊ ပို့ချမှု၊ တိုက်စားမှု၊ အနည်ထိုင်မှု

ရွေ့နေတဲ့ မှဲ့ရှင်ကလေးလို ရွေ့နေတဲ့ စံများ

ရေဖွေးဖွေးသဲသောင်ပေါ် အရုပ်များရေးခြစ်မိခဲ့ကြ

စကားလုံးတစ်လုံးကိုပဲ ချောချောမောမော

အဲဒီအဆောက်အအုံထုထည်ကြီးထဲ ဝင်အောင် ဘယ်လိုသွင်းမလဲ။

ခင်ဗျားမှာ ပိုလျှံနေတဲ့ အဓိပ္ပါယ်တွေရှိတယ်ဆို ဒီကဗျာကို အစကနေပြန် ဖြည့်ဖတ်ကြည့်လိုက်!

 

သိုးထိန်း (အန္တိမ)


0 Responses to “နွိုက္စစ္စ်”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: