30
Jan
13

စိတ်ကူးဖြန့်ကျက်ခွင့်

ယဉ်ကျေးမှုနှင့် အနီးတဝိုက်မှာ အလျှံငြီးငြီး ဖွဲ့စည်းတည်ဆောက်ထားတဲ့ အတုအမှားအဓိပ္ပါယ်တွေအပေါ် အထူးဂရုစိုက် ဖိနှိပ်ချုပ်ချယ်ထားတဲ့ မိရိုးဖလာ ရွှဲနစ်ချွေးစေးပျစ်ပျစ်တွေ ဗရပွနဲ့ ပါးပြင်ထက် လျှာ အပြားလိုက်ကြီး သပ်တင်လိုက်သလို ဖုတ်ဖက်ခါ ဝေ့ဝိုက် အသက်ဝင်လာသောကများနဲ့ နေ့တဓူဝ လမ်းမပေါ် ဖိတ်ကျနေကျစိတ်ဟာ နေသားမကျ သေသားမဝနဲ့ လက်ရေးစုတ်စုတ်နဲ့ ရေးထားတဲ့ စက္ကူစုတ်တစ်ရွက်လို ပိုဖတ်မကောင်းခြင်းများစွာနဲ့ နီးစပ်ရာ အမှိုက်ပုံးထဲ ဂျွမ်းထိုးဝင်ရောက် ပျောက်ကွယ်ချင်နေတယ်။ မူလအစစ်အမှန်တွေကို ဆက်စပ်ရေး စကား များအောင် ဖွဲ့စည်းမှု ကိုယ်၌ဟာ မင်္ဂလာအပြည့်အစုံရှိတဲ့ ဟစ်တလာဝတ်စုံ ဝတ်ပြီး လမ်းထိပ်က အုတ်ခုံမှာ အကြောင်းကြောင်းများကြောင့် ကျားထိုး၊ ဂစ်တာတီး၊ ဖြတ်သွားသမျှ ဆန့်ကျင်ဖက်များ ဘယ်ကောင်မှ စောက်ဖက် မလုပ်ကြတော့ဘူးလို့ ယောက်ျားမာနကို ဆိုက်ကားနဲ့ တက်နင်းဖြတ်ကြိတ်သွားပေတဲ့ လည်နေတဲ့ ဂြိုလ်ခွင်ကြည့်ပြီး ကျက်သရေဖြစ်ကြောင်း အဖြေဟာမရှိသလို မောင့်ကျက်သရေခေါင်းပေါင်း လုံးတုတ် လုံးတုတ်နဲ့ အကောင်ကြီးတွေ ဗဟိုဖက်မှာ ခြေခွဲ ရပ်နေခဲ့ကြပြီ။ ချမ်းသာကြွယ်ဝခြင်းရဲ့ ရည်ရွယ်ချက်ဟာ ကူညီစောင်မဖို့မဟုတ်တာ ဘယ်သမိုင်းမှာ အံ့သြပြရမယ် မသိ၊ ဧကန်ပြန်ရရှိဖို့ ပျောက်ရှကျန်ခဲ့သလား မသိ၊ စိတ်လှုပ်ရှားမှုဆိုတာ လူနည်းလေ အတည်ပြုရလွယ်လေနဲ့ အဲဒီလို ထိန်းချုပ်ခန်းတွေဆီကပဲ ကဗျာရေးသူဟာ ဝေ့ဝိုက်တက်လာစရာ အဓိပ္ပါယ်တွေကို ဘယ်မှလဲ ချဉ်းကပ်ကြည့်တဲ့အခါ မရှိတာကို ကိုယ်စားပြုခွင့်ကို တိမ်တွေကြား ဘာမှမပါတဲ့ မြန်မာ မိန်းကလေး တစ်ယောက်ရဲ့ရုပ်ပုံလွှာကြီး တလွင့်လွင့် အဖြစ် နိုင်ငံဂုဏ်မြှင့်တင်နိုင်ခဲ့ပြီ။ မူလအရွေ့ကနေ တိုက်စားသွားတာက အဖော်အချွတ်ဆိုတာ မသာရေဆေး အလှပြင်သူတွေနဲ့ပဲ ဆိုင်တဲ့ကိစ္စအဖြစ်ကနေ ဆင်းရဲခြင်းကို ဘယ်သူ အမွေပေးလို့ ဝတ်စုံပြည့်ကြီးဝတ် ကြိုဆိုကြမှာ ထက်တော့ ခေတ်ကြီးဟာ ပြောင်းခဲ့လေတော့ လိုရာပုံ သွင်းလိုက် ထုတ်လိုက် ပြီး မပြီးနိုင် စီး မစီးနိုင် အားပြင်းပြင်းနဲ့ ဆောင့်ချလိုက်တော့ လောကရေသန့်ဘူးကြီးထဲမှာ သင်္ကြန်ယိမ်းကသလို သုံးဖက်ညီညာ လူးလွန့်လှုပ်ရှားသွားလာနေတဲ့ ထိန်းညှိ အသက်ရှင်ခြင်း အရိုးအိပ်တွေ။  အပွင့်စနစ် စော်တစ်ပွေ၊ အပွင့်စနစ် လော်တစ်ပွေ ဆိုတာထက် ပိုတဲ့ သတ္တလောကကြီးမှာ အပြန်အလှန်ပယောဂတွေ၊ လိုတိုးပိုလျှော့ ဝါစနာလင်္ကာရများနဲ့ အလံတော်တစ်ခုအောက် အစာမကြေပဲ အိပ်လိုက်ရတဲ့ ညတွေထဲ သိမှုက အဲဒီနေရာကို မှတ်မိပါ့မလား တွေးပူနေတာထက် အိပ်မက်ဆိုးတွေ မက်နေတယ်ဆိုတာက ချွတ်မရတဲ့ အနီးမီးယား ဖြစ်နေတဲ့ ကျယ်ကျယ်ပြန့်ပြန့် အရည်အသွေး မှီ စိတ်အေး လက်အေး ခြေအေး ဝမ်းယောင် မေးခွန်းလေးတစ်ခုသာသာပါ။ ကိုယ့်အစွဲအလမ်းတွေနဲ့ ကိုယ်တည်ဆောက်ထားတဲ့ ဂေဟဗေဒစနစ်ထဲ သံလိုက်အိမ်မြှောင်မပါပဲ တစ်ယောက်တည်း စာမျက်နှာတွေပေါ်မှာ ယောင်လည်လည်ရင်း ဘာသာစကားထဲကနေ အရူးချီးပန်း ခံထားရတဲ့ ငန်းနက်အုပ်ကြီး လိုနေတဲ့ ဘောင်ကျဉ်းကျဉ်းနဲ့ လူတွေရဲ့ ပါးစပ်ဖျားက ဘုရားစာဟာ အမှန်တရားကို ပိုစူးရှတဲ့ အတတ်ပညာနဲ့ ရိုးသားမှုမပါပဲ တည်ဆောက်သိမြင်တတ်တဲ့ သေတ္တာနက်တစ်လုံးလို ချေးညှော်လား။ ဆိုင်းငံ့ကိုယ်ကျင့်တရားကောင်းမွန်ခြင်းတွေ အကျယ်အဝန်းဟာ အမည်တပ်ခွင့် အားလုံးနဲ့ ဘယ်ပုံဘယ်နည်း လာရောက်စုစည်းမိကြတယ် မသိသော်လည်း တစ်တောလုံးပြုန်းတီးပြီးကာမှ ဖြစ်နိုင်ချေ တွေ မကျရောက်စေပဲ ဆင်သွားရင် လမ်းဖြစ်မှာပဲရယ်လို့ အဓိပ္ပါယ်ထုတ်လွှတ်တဲ့ စွမ်းအင်အဖြစ်နဲ့လည်း အားကိုးယုံကြည် ရှိခိုးဖူးမျှော်တာတွေလည်း တချို့တလေ ရှိခဲ့ဖူးတော့ ကဗျာဖွဲ့စည်းခြင်းနဲ့ အခုရှိနေတဲ့နေရာမှာ မျဉ်းဖြောင့်အတိုင်းသွားခြင်း မသွားခြင်း ရာနှုန်းပြည့် နီးပါး ကဗျာရေးသူရဲ့ မူလ ကိစ္စဖြစ်ပါတယ်။ “ဇာတ်သိမ်းမှာ ချက်ကျိန်းတာပဲ အဖတ်တင်တယ်။ ဪ နတ်စိမ်းရယ် နင်က အယူတင် တိမ်းခဲ့တာ မဟုတ်ပေဘူး” တဲ့။

သိုးထိန်း (အန္တိမ)


0 Responses to “စိတ်ကူးဖြန့်ကျက်ခွင့်”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: