08
Feb
13

ကွန်မန့်တို

ပြတ်ပြတ်သားသား ဖိတ်ခေါ်မှုမရှိ။  ယင်းမြင်ကွင်းမှာ ရပ်ကွက် ဆိုက္ကားအုပ်ချုပ်ရေးမှူးရုံး အနီး၌ ဖြစ်သည်။ ဒေသခံ ထရော့စကီးများက မိတ်ဆက်စကား၊ အဖွင့်စကား၊ ကျေးဇူးတင်စကား စာရင်းရှင်းတမ်းစကားတွေ တက်ပြောချင်နေသည်။ အချိုကလေးများလည်းကြိုက် သကာကလေးများလည်းကြိုက်သူတို့ကို ကျွန်တော်တို့ သူ့တို့လို ပြောတတ်ချင်လိုက်တာ ဘယ်သောအခါမှ ပြောမည် မဟုတ်ပါ။ ဘယ်လောက် အလုပ်ဖြစ်လိုက်လေမလဲ။ မမေးချင်ပါ။ မသိသလိုလို သိသလိုလို တတ်သည့်ပညာ လျှိုသာလျှို ဆိုတဲ့ ဘ၀နေနည်း ဟန်ပန်နဲ့အတူ သူတစ်ပါးအချိန်တွေကို ခွေးလည် ကြောင်ပတ် မလုပ်မိရလေအောင်အခုဆို အခု စ လိုက်။ ဘယ်ကိုသွားနေကြတာလဲ။  ဒေသခံ ထရော့စကီးများ သေသေချာချာ ပြန်ဖြေဖို့ပင် အချိန်မရကြ။ နေလိုလလို ထင်ရှားသည့် သူတို့သည် သနပ်ခါး ပါးကွက်ကြား၊ ခပ်နွမ်းနွမ်းထဘီ အကြောင်းရေးလို့ ရရှိတဲ့ အကျိုးကျေးဇူးတွေကို လျစ်လျူမရှုသင့်ကြောင်း အသံကျယ်ကျယ် ပြောဆိုကြသည်။ အဖွဲ့ဝင်ဖြစ်ရလို့ တစ်ဦး မဟုတ် တစ်ဦးဦး ဆိုက္ကားခြေနင်းပေါ် မတ်တတ် ရပ်ကာ လူတိုင်းက တစ်နာရီနှင့်လည်း မဆင်း၊ နှစ်နာရီနှင့်လည်း မဆင်းသဖြင့် “ရပ်ပါတော့ဆရာ” ဟူသည့် စာရွက်အတိုကလေးကို ရေခွက်နှင့်အတူ တက်ပေးပြီး  အခက်အခဲတွေအများကြီး ကျွန်တော်တို့ မြင်ခဲ့ဖူးပြီ။ “ကျွန်တော်ပြောနေပါတယ်။” သမဂ္ဂကနေ ဆက်နေဖို့ အားယူလိုက်ပြီး တလှိမ့်လှိမ့်ဖြင့် လုပ်နိုင်သမျှ လုပ်သွားတော့မည် ဟု သူက ဆိုသည်။ “ကဲ…သွားကြ၊ ထွက်ကြ၊ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲရေးအတွက် ပန်းရောင်ဝတ်ဆင်ကာ ဆိုက္ကားကို အားစိုက် နင်း။ ဝေးဝေးနင်းရင် ကိုယ်နင်းလာတဲ့ ဆိုက္ကားနောက်မှာ  သြဇာလွှမ်းမိုးမှုဟာ နည်းသွားပါလိမ့်မယ်။” အမှန်မသိ အဆန်မရှိ ဟန်ပဲရှိတဲ့ ဒေသခံ ထရော့စကီးတစ်ယောက်က မိန့်တော်မူလေသည်။ “ဒီကိစ္စမှာ အဓိကမေးခွန်းက ဒေါ်ခင်နှင်းစိုး ဆိုက္ကားနင်းတာ ဆရာမ အခေါ်ခံချင်လို့လား။” ဒါဟာ ဝင်လာသော မိန်းမသားတစ်ဦးက ပြောတယ်ဆိုပါတော့။ အချို့က ဝေဖန်ကြသည်။ နှာခေါင်းရှုံ့ကြသည်။ သို့သော် ဂရုမစိုက်။  အနာဂတ်ကာလမှာ အင်အားကြီး ဆိုက္ကားဆရာ/ဆရာမများ သမဂ္ဂ ဖြစ်လာမယ့် ရပ်ကွက် ဆိုက္ကားအုပ်ချုပ်ရေးမှူးရုံးက ယာဉ်ကြောများ အကျပ်အတည်းအတွင်း ဒီဆွေးနွေးမှုတွေမှာ ဆိုက္ကားစီး ပရိသတ်နှင့်အတူ အရေးပါတဲ့အခန်းကနေ ပါဝင်သင့်ပါကြောင်း၊ ဒါပေတဲ့ ဒါတွေက ပုံပြင် ဖြစ်ဖြစ်နေတာကတော့ ဈေးကွက်ကို အန္တရာယ်ယူစေပြီး ဖိအားပေးတာမျိုးပေါ့။  သာမန်လူများအတွက်မူ ဆိုက္ကားသည် သိပ်ပြီးအားကောင်းလွန်း၊ အသံကျယ်လွန်းတဲ့ အခြေအနေသစ်ထဲမှာ ဆင်ခြေအသစ်တွေနဲ့ ဆက်ရှိနေမည် ဆိုသည်မှာ လက်ဝဲ/လက်ယာပြဿနာ ဖြစ်ပြီး မပင်မပန်းဖြင့် ဆိုက္ကားဂိတ် အသစ်များဖွင့်ကြပြီး ဆိုက္ကားဆရာ/ဆရာမများ ဘဝ စည်ပင်သာယာရေးကိစ္စအကြောင်း ပြောသည်ဖြစ်စေ၊ ပင်စင်ကိစ္စအကြောင်း ပြောသည်ဖြစ်စေ ရပ်ကွက်တွင်း ဆိုက္ကားစီး ပရိသတ်၏ အတွေ့အကြုံ သဘောဆန္ဒအရ ဆုံးဖြတ်ရမည့် အခန်းကဏ္ဍမှာ  ဒီမိုကရေစီ ရွှေတောင်ကြား စိတ်ဓာတ်နှင့်လည်း မပြေမလည် မဖြစ်သင့်တဲ့ အနေအထားတစ်ခု ဖြစ်နေပါတော့သည်။ ယင်း စူပါစူပါအနှေးယာဉ် ဆရာ/ဆရာမများ၏ ဘဝအခြေနေ များကိုလည်း နင်းသူမဲ့ ဖြစ်နေသော ဆိုက္ကားကို နင်းတတ်အောင် ကြိုးစားသလို ထိန်းကြောင်း ပဲ့ကိုင်နိုင်မည့်သူများဟာ သမဂ္ဂတစ်ခုလုံးရဲ့ လူဦးရေထက် လွန်စွာ နည်းပါးသော်လည်း အခြေခံ အားဖြင့် Structure ရယ်၊ Power Sharing ရယ်၊ Bill of Rights ရယ် အတွက် ရုန်းကန်လာသည်မှာ အိုင်ဒီယိုလော်ဂျီပြဿနာဖြစ်သည်။ ဆိုက္ကားနင်းရင်း ဖြေရှင်း၍ရသည့် ကိစ္စမျိုး မဟုတ်ပါ။ ခေါင်းဆောင်တွေ ရှိရှိ၊ မရှိရှိ ရပ်ကွက်တွေ ကတော့ ဆက်ရှိနေမည် ဖြစ်သည်။ ဆရာ/ဆရာမ အခေါ်ခံချင်သော ဆိုက္ကားနင်းသူများလည်း ဆထက်ထမ်းပိုး တိုးလာဦးမည်မှာ သေချာပါသည်။

သိုးထိန်း (အန္တိမ)

 ကိုးကား။  ။  ဒေါ်ခင်နှင်းစိုး ဆိုက္ကားနင်းသည်


0 Responses to “ကွန်မန့်တို”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: