19
Feb
13

သင်္ချာ

အလင်း တလှပ်လှပ် ဂူနံရံပေါ်က

အမည်မပေါ်ပဲ မြည်နေတဲ့ အဓိပ္ပါယ်

အရေးအသားဟာ မသိစိတ်ရဲ့ မလုံမခြုံဖြစ်စဉ်

စကားလုံးတွေနဲ့ ပျောက်သွားနိုင်သလို

စကားလုံးတွေနဲ့ ဘယ်မှရွေ့မသွားနိုင်တဲ့

အဆောက်အဦ

ရှိပြီးသားဖန်တီးမှုတွေ

နယ်ခြားမျဉ်းတစ်ကြောင်း တားလိုက်တယ်

ဝေဒနာခံစားရခြင်းဟာ အညစ်အကြေးလို ဖွဲ့စည်းထားတာ

အချင်းချင်းဆောင့်တိုက်မှုမှာ သွား ၀င် ကြည့်ကြစို့

လမ်းပြတယ်

စာဖတ်ခြင်းဝင်္ကဘာလမ်းတွေ

သူ့ကိုယ်သူ လက်ဆွဲနှုတ်ဆက် သူ့အပြုံး သူပြန်စမ်းလိုက်တော့

နှုတ်ပိတ်ခြင်းခံထားရတဲ့ သွားတုစစ်စစ်ဟာ သူ့အလှ သူလှစ်ပြလို့

အမြဲဖြစ်ပေါ်ပြောင်းလဲနေတဲ့ တိမ်တိုက်တိမ်တောင်များသဖွယ်

ဝိုးတဝါးစာသားအချင်းချင်း ဝတ်မှုံကူးမှုတွေ

နွားခြေရာခွက် အပြင်ဖက်က ဂယက်အနက်တွေ

ပုဂ္ဂလကျကျအာဟာရအခန်းကဏ္ဍ နဲ့ လူ

မိသားစုဟာ ကူးစက်ရောဂါ

ဘာလုပ်ရမလဲ ငါ့ ခံစားချက်

မိခင်သားမြတ်တွေဆီက ပို့ချမှုတွေဟာ

ဖခင်တည်ဆောက်တဲ့ ခန္ဓာအမှောင်ထု

မေတ္တာတရားဟာ ဇာခန်းစီးနဲ့ ကာထားသလို ပါလား

စိတ်ရောကိုယ်ပါ နေကြတ်ခြင်းဟာ မိရိုးဖလာ ထုံးတမ်းစဉ်လာ

တစ်ယောက်အတွက်တော့ မဟာတံတိုင်း

တစ်ယောက်အတွက်တော့ ရေပတ်လည်ဝိုင်းတဲ့ကျွန်း

အသံကုန်အော်ပြီးမှ ရိုကျိုးလွန်းတဲ့ ရေပြင်ကြီးကို ရပ်ငေးလို့

ကယ်သူမရှိတဲ့ ဘာသာစကားနဲ့ ခံစားချက်တွေ

စိတ်ပုလင်းခွံထဲ ခေါက်သွင်း တည်ဆောက်လို့

ငါ့ တန်ဖိုးကို ရေစိမ်နှူးကြည့်လိုက်

သုံးလို့မရတဲ့ အလှတရားဟာ ကွယ်လွန်သူတွေအတွက်

ဘဝဟာ အရသာရှိလိုက်တာလို့ သမုဒ္ဒရာထက်

စူးစမ်းလေ့လာတာဖြစ်ပါတယ်

အနှစ်သာရအားဖြင့် တစက်စက်ပျော်နေတဲ့ အတွေး

အဓိပ္ပါယ်အားဖြင့် မသိနိုင်သော ဦးနှောက် အတွင်းပိုင်း

အရေအတွက်အားဖြင့် ဟင်းလင်းပြင်

ရှူတတ်ရင် အောက်ဆီဂျင်

မရှူတတ်ရင် နိုက်ထရိုဂျင်

 

သိုးထိန်း (အန္တိမ)


0 Responses to “သင်္ချာ”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: