06
Mar
13

တံခါးက ပွင့်သွား ပြီး ပတ္တာမှာ ရမ်းနေတယ်။ အပူငွေ့က တလိပ်လိပ်

တောတောင်အလိုက် ပျော်စရာကို အပေါက်ရှာပြီး

အိမ်ထောင်ပြုတယ်ဆိုတာကလည်း ရွာက ကောက်ရိုးပုံနဲ့ ဘာများကွာတာမှတ်လို့

လှည်းပေါ်က ချီချပြီး “တစ်ချက်တည်းနဲ့ ကျင်းဝင်သွားခဲ့” တွေလည်း များပါပေါ့

အဲဒီတော့ ခင်ဗျားပြောချင်တာက ရာသီပန်းတွေ မှန်မလား

ပါးစပ်ထဲမှာ အသက်နဲ့လဲပြီး အာခံသွားတဲ့ အစေခံကောင်မလေးတစ်ယောက်

တုံ့ပြန်နိုင်တာ ထွားထွားကြိုင်းကြိုင်း သွားကိုက်ရာတွေပဲ

ကံကြမ္မာမီးအိမ်ဟာ ကြိုးတန်းပေါ်မှာ အလိုက်သင့် ယမ်းခါ မှိန်ဖျော့

မျက်လုံးတွေ ရွှဲစိုလိုက် လေးလံလိုက်နဲ့ ယာခင်းတစ်ခုလုံးကို မြေလှန်ထိုးကော်ခံလိုက်ရသလို

အကောင်းဆုံး နည်းကတော့  နှုတ်ခမ်းသားတွေကို လူမှုကွန်ယက်တွေထဲ ဖြဲချပြလိုက်

လူကြီးမင်းဝယ်ယူခဲ့သည့် တန်ဖိုးအတိုင်း သူမ ဒရွတ်တိုက် ခရီးဝေးထွက်သွားကြောင်း

ကျန်ရစ်သူမိသားစုအား အရှက် နှင့် ခန္ဓာ စွန့်လွှတ်ပေးဆပ်ဖို့အထိ စီစဉ်ပေးရန်

အိပ်ယာပေါ်ကနေ ၀ရန်တီကာ့ဒ်ကို လေးဘက်တွား လှမ်းလှမ်းစမ်းတယ်

ကောင်လေးက သူ့ရဲ့ တောင်းဆိုချက်ကို မမေ့အောင်လို့

ထိုင်ခုံနံပါတ်နဲ့ ထိုင်ခဲ့တဲ့ တင်ပါးတွေကို တောင်းကြည့်လိုက်တယ်

ဆီ၊ ရေ၊ လေ၊ ဝိုင်

လည်ချောင်းထဲကတဆင့် အစာအိမ်ကိုဖြတ်ပြီး

ဝက်တွေ သေးပေါက်သလောက်တော့ စိမ့်ထွက်ပျံ့နှံ့နိုင်တဲ့ အနာဂါတ်အလားအလာတွေ

နည်းပညာအသစ်တွေ ဘယ်လိုပြောင်းပြောင်း လှိုဏ်ခေါင်းဝကြီးပဲ ကျန်ခဲ့တယ်

ဟုတ်တာပေါ့၊ ဒီလို ရေစီးကြောင်းထဲက သောက်ရေနွေးနွေးတွေ

အိပ်ဇောငွေ့တလူလူထဲ ကျွဲတွေ၊ နွားတွ ငူငူကြီးခေါင်းငုံ့ ငြိမ်သက်လျက်

ပါးစပ်တလှုပ်လှုပ် အံတကြိတ်ကြိတ်

အလုံးစုံဖြည့်ဆည်းပေးနိုင်ခြင်းဆိုတာ လူအဖွဲ့အစည်းနဲ့ ဘယ်လိုမှ ချိတ်ယူလို့မရတဲ့ အဓိပ္ပါယ်

ဆေးညွှန်း ရေးရတာ လွယ်တယ်၊ ဆေးညွှန်း ပေးရတာက မလွယ်ဘူး

သူ့ဘ၀နဲ့ ပုံပြီး လိုအင်ဆန္ဒတွေရဲ့ အရိပ်ပြဲပြဲကြီးတွေအောက်မှာ သစ္စာ အဖောက်ခံရတာ

ဆီး၊ ဝမ်း၊ သွေး၊ လေ အကုန်ပါသွားတယ်

ဘယ်ကမှန်းမသိ ရောက်လာတဲ့ နာကျင်မှုကို ခဏ ဏ မစဉ်းစားပဲလည်း မနေနိုင်ခဲ့ဘူး

(ခဏဆိုတာ တဖြုတ်လောက်တော့ ကြာတဲ့အချိန်)

နောက်တစ်ခေါက် နောက်တစ်ခေါက်တွေကို ဇွတ်မှိတ်ထားရုံနဲ့  အစေခံဆိုတဲ့ တာဝန်ကျေပွန်ပြီဆိုမလား

ကျုပ်သိသွားပြီ သူ့လက်ယာဖက်ဘရာစီယာခွက်ပေါ်မှာ ကော်ဖီစက်တွေ

ကူညီမယ့်အစား ခင်ဗျားရဲ့ ပဲ့ရွဲ့ပြုတ်ကွာကျလာတဲ့ စာရိတ္တကို ပတ်တီးရိုက် ဖာထေး ဆေးမှုတ်ချယ်သထားလိုက်

အိပ်မောကျသွားခိုက် အိတ်ကိုဖွင့်ပြီး အထဲက ကိရိယာတွေ၊ ကလီစာတွေ

ချစ်ခြင်းမေတ္တာနှယ် လှည်းလမ်းကြောင်းမှ ခွမောင်းရတယ်လို့

ကောင်မကလေးရဲ့ သိမှုတွင်းပျက်ကြီးထဲ သစ်ကိုင်းကျိုးနဲ့ အုတ်ခဲကျိုးများ ပလုံပလုံ

ဒီနေရာမှာ အပြုသဘောဆောင်တာဆိုလို့ သံဝါသပဲရှိတယ်

အတိတ်ရဲ့လွှမ်းမိုးမှုဟာ သူသူငါငါအပေါ်မှာ ဆင့်ကဲဖြစ်ပေါ်တယ် ညွတ်အိလေးလံစေတယ်

သူမရဲ့ချစ်သူ ကံဆိုးမိုးမှောင်ဟာ အလုပ်ဟူသမျှ ဂုဏ်ရှိစွရယ်လို့ လှည်းကျိုးကို သစ္စာရှိစွာပြန်ပြင်သုံး

ခေါ်ဆောင်ရာနောက်ကို ကိုယ့်နှလုံးသား ရဲရဲကလေးက မလိုက်ပဲ နေမိလိုက်ဖို့ဆိုတာ မဖြစ်နိုင်သမို့

မာကျောပြောင်လက်နေတဲ့ အိမ်သာကြွေပြားတွေပေါ်မှာ လူ့အဖြစ်ဟာ ရေပွက်ပမာပဲလို့

နောင်လာမယ့် ကလေးကင်ပွန်းတပ်မင်္ဂလာအတွက် စရိတ်စကဟာ

စက်ရုံကြီးများ မီးလောင်ခြင်း၊ မုန်တိုင်းကြီးများ တိုက်ခတ်ခြင်း၊ ငလျင်လှုပ်၍ မြေပြိုခြင်းတို့ကဲ့သို့

အကြောင်းအရာရော ပုံသဏ္ဍာန်ပါ

 

သိုးထိန်း (အန္တိမ)


0 Responses to “တံခါးက ပွင့်သွား ပြီး ပတ္တာမှာ ရမ်းနေတယ်။ အပူငွေ့က တလိပ်လိပ်”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: