15
Mar
13

ဝေေ၀ဆာတဲ့အခါ စားချင်ရာမှာစား

 

အသက်မဲ့တယ်၊ အင်္ကျီ ဝတ်မထားဘူး။

အရှက်က အသည်းနှလုံးကိုတော့ ပိတ်ပြီး ရင်ဘတ်ဟပြဲနဲ့

သားမွေးကုတ်ကို  မေပယ်ပင်တွေအောက်မှာ အိပ်ခိုင်းထားတယ်။

ကြီးပွားတိုးတက်ဖို့ လမ်းလည်း ပျောက်သွားပြီ။

နှောင်းခေတ်ပေါ်တွေတော့ ဘာပြောရမှန်း မသိ ရာနဲ့ချီ

ချမ်းသာသော အပြစ်ပေးခြင်း အရည်သွေးများနှင့် ပြည့်စုံကြောင်း

အသည်းက ဗီဒီယိုဇာတ်ကားတွေမှာ ခဏ ခဏ ကွဲတယ်။

အလွယ်တကူ  တွေ့မြင်ရတဲ့ စွမ်းဆောင်မှုမျိုး

အလုပ်လို့ ဆိုရအောင်မှာ

အသတ်ခံရခြင်းနဲ့ သေဒဏ်ပေးခံရခြင်းဟာ ပုံသဏ္ဍန်မတူပေတဲ့

ဥပဒေပြုသူတွေက အရှိန်ခပ်မြင့်မြင့် မောင်းနှင်ချင်တဲ့အခါ

ဆင်ခြေတွေ ထားခဲ့တဲ့သဘောပါပဲ။

ပုံစံသာ မကောင်းတော့ဘူးလို့ အာမခံပါရဲ့။

နောက်လူကလည်း (ဒီ နေရာကို)

အမှတ်တရအဖြစ် ခါးသီး စိတ်ပျက်မိသလိုမျိုး

ဆင်ခြေကျဲကျဲတောက်မှာ

ပိန်လိုက်ဖောင်းလိုက် ဖြစ်နေတဲ့ တရားစီရင်ရေးဖြစ်စဉ်

အစို့အညှောင့် ပေါက်မိတယ်။

အမုန်းဟာ အနှစ်

ထောင်သောင်းချီ မလိုချင်ပဲရတဲ့ အရာ

အကြောင်းနဲ့ အရာဟာ ခွဲခြားဆက်ဆံမှုနဲ့ မကင်း မရှင်း

တဖြည်းဖြည်းနီးလာတာဟာ တဖြည်းဖြည်းဝေးရခြင်း အကြောင်း

ယူနီဗာဆယ်သဘောနဲ့ မဖြတ်ကျော်နိုင်ခဲ့ဘူး။

အသက်နဲ့ အရှက်ကိုလဲဝံ့တယ်ဆိုတာ

တစ်သက်လုံး လင်စိတ်သားစိတ်ဖြတ်ပြီး အပျိုကြီးပဲလုပ်မယ်

ဆုံးဖြတ်လိုက်တာပါပဲ။

ကြောက်ချေးကို ထုံးဖြူ သုတ်လိုက်တယ်။

ဘုရားမှတ်လို့ ကိုးကွယ်သူတို့  ခေတ်တိုင်းမှာ အလျှံပယ်

မသုံးတာကြာပြီဖြစ်တဲ့ ဝက်ခြံရဲ့ အုံ့ပုန်းတွင်းတောင်ကြီး

သေဒဏ်ပေးခြင်းဟာ တရားဥပဒေရဲ့ အပြင်ဘက်က

အက်နေတဲ့ တံခါးကို ခြေထောက်နဲ့ ကန်ထုတ်လိုက်တာ

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တာပဲပေါ့ သားရယ်

အဆင့်သတ်မှတ်ဖို့အတွက် အတည်မပြုခဲ့ရင် တောင်

လက်တွေ့ လေ့လာဆန်းစစ်ချက်များအရ မကြာခင် လုံးပါးပါးမယ့် ဒေသ

လူ့အခွင့်အရေးပြဿနာရပ်ဆိုတာ လူဖြစ်မှ အော်ဟစ်နိုင်တာပဲကိုး။

ထောက်ခံခြင်းဟာ အများကြီးရှိနေတဲ့ နိမိတ်ပုံတွေကို ပြောင်းဝထဲထိုးသွင်း

အတင်း ပစ်ချလိုက်တယ်

ကျွေသွားတာ သရက်သီး အကင်းလေးတွေ။

ဆက်လက်ကိုင်စွဲထားရင် စာအုပ်စင်မှာ ဆူညံလွန်းတဲ့ ကမ္ဘာကြီးကို

အနက်ချင်း ဖလှယ်ပြီး ဇီးဖြူသီးလို ဆန်ကောထဲထည့် လှိမ့်လိုက်မိမယ်။

ဒူးထောက်ခေါင်းငုံ့နေရာက အသံတိတ်ခြင်းရဲ့ အရသာကို ငြီးငွေ့လာတဲ့အခါ

ခန္ဓာအဖွဲ့အစည်းဟာ နိုင်ငံတကာအဆင့်မီ သံဝါသလုပ်လိုက်ရရင်ဖြင့်

ဘုန်းကြီးဆောင်းထီးများလို သဘာဝအတိုင်း

နှစ်ကြာလေ အရောင်မွဲလေရယ်လို့

နှစ်ကြောင်းတည်းနဲ့ အရိုင်းအစိုင်းကောင်လို

နားလည်သဘောပေါက်စေတဲ့ ဖော်ပြချက်မျိုး

ကိုယ်ကြိုးစားလိုက်ပါတယ်…မိန်းကလေး လို့ ဂုဏ်ယူမဆုံး

ခြိမ်းခြောက်စကားကို အထပ်ထပ် ကိုယ်မင်းနဲ့ ပြောချင်တယ်

ပါးစပ် အဟောင်းသားနဲ့ ပြူးထွက်နေတဲ့ မျက်လုံးတွေ လက်

ဆောင်ပေးချင်လို့

မင်္ဂလာပါ ဘာ ညာ

နှုတ်ခမ်းအသားစကို နည်းနည်းလောက်ဆွဲကြည့်တဲ့အခါ

ကြည့်နေပေမယ့် ဘာအသံထွက်လို့ ဘာကို ကွပ်မျက်ရမလဲဆိုတာ

စဉ်းစားစရာ…

မဲတင်းပြီး

အနီရောင် သွားကိုက်ရာ တောင့်ခံဖို့လည်း

သေချာပေါက် လိုအပ်တယ်။

အရာတွေ အများကြီး တရားမျှတမှုရှိအောင်

တနင်္ဂနွေပြီးတိုင်း

စိတ်ပိုင်းချွတ်ယွင်းမှုတွေမှာ ဆေးကြောသန့်စင်မှုပြုပြီး

ဘဝအဖော်မွန်တွေတစ်ထပ်ကြီးနဲ့

နောက်ဖေး ဗဟိုပေါက်ကလေးပွင့်

စည်ပင်ရဲ့ ဝပြောမှုအတွက် ပစ္စည်းမဲ့ ပိုင်ရှင် နဲ့ ပိုင်ရှင်မဲ့ ပစ္စည်း

သဒ္ဒါလင်္ကာရရဲ့ အခွင့်အရေး ဘက်ထရီတစ်လုံးလဲရန်

 

သိုးထိန်း (အန္တိမ)


0 Responses to “ဝေေ၀ဆာတဲ့အခါ စားချင်ရာမှာစား”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: