03
Apr
13

ဘီ (ထပ် တပ်မနေနဲ့တော့)း

 

နေရောင်ခြည်ဟာ မြက်ပင်လေးတွေပေါ်

သူ့ရဲ့ ရှုခင်းကို ဖြေလျော့ချလိုက်တယ်

ညစ်ပေနေတဲ့ အက္ခရာတွေဟာ သစ်ရွက်သေတွေလို

လေမှာလွင့်ဝဲကျလာတယ်

လက်ရှောင်ထားသင့်သေးတယ်လို့ ဦးဏှောက်ကြွက်သားတွေက အသိပေးတဲ့

တွန့်ခေါက်တောင်တန်းတွေ

မြစ်ကျိုးအင်းကို ကိုယ်ဝန်ဆောင်ထားတဲ့

ရစ်ခွေအိပ်မောကျ ဧရာမမြွေကြီး

အနာဂတ်ဟာ အကိုင်းအခက်တွေ ဖြာလို့

တက်လိုက်ဆင်းလိုက်နဲ့ လေထဲ သစ်ရွက်တွေ

“သင်ဟာ ဘာမဆိုကို ယူခွင့်ရှိတယ်။

စစ်တစ်ခုကိုတော့ ငါတို့လက်ထဲ စနစ်တကျ စိုက်ပျိုးခွင့်ပေး။” လို့

တစ်ယောက်ယောက်က တိုင်တည်ခဲ့ဖူးသလား?

တစ်ခါက သူဟာ ရှုသူရဲ့ အလွန်မှာ

မိမိတို့ အားလုံးဟာ အဆုံးသတ်မှာမဟုတ်တဲ့

ပို့ချထည့်သွင်းခံ ခွက်များ၊ ပုံးများ၊ ဇလားများ

ဒီအချက်ကိုပဲ မကောင်းယူနိုင် ဖြစ်နေရတယ်

ဖုံတက် ချေးကပ် လေအေးမထွက်တော့တဲ့

လေအေးပေးစက်က ရေစက်များ

တပေါက်ပေါက်ကျ

အမှတ်ရမှုဟာ မကြေညာပဲပစ်တဲ့ မိုးခြိမ်းသံလို

တစ်နေရာမဟုတ် တစ်နေရာမှာ စာမျက်နှာ တစ်ခုလုံး ရွှဲရွှဲစို

စာကြောင်းရေကျဲကျဲနဲ့ အတွေးအခေါ်သိပ်သိပ်သည်းသည်းရှိတဲ့

ညစ်ပေနေတဲ့ ကားကို

ညစ်ပေနေတဲ့ လမ်းပေါ်မှာ

မောင်းသွားနေမိတယ်

တရားဝင်တော့ မဟုတ်ဘူး

ကမ္ဘာကြီးဟာ အခွံတွေရှိတဲ့ အမှိုက်ပုံ

လူတန်းစားတစ်ရပ်ဆီ ကနေ နောက်ထပ်

လူတန်းစားတစ်ရပ်ဆီ

ရေဟာ ဖြေးဖြေးချင်း စီးဆင်းတယ်

သင်္ဘောအိုကို မျက်နှာဖုံးစွပ်လိုက်ပြီး

ဧရာမမြွေကြီးရဲ့ အူသိမ်အူမွှားတွေထဲ ဥဩဆွဲလိုက်တော့

အဝတ်အစား ဖို့ရို့ဖါးရားနဲ့ ဒေသခံ ညဥ့်ငှက်ကလေးများ

ကျီကျီကျာကျာ အော်မြည်

တီတီတာတာ ခေါ်ပလီ

ကန့်သတ်ထားတဲ့ ဖောက်သည်တွေကို စီးပွားရေးအမြင်တစ်ခုတည်းနဲ့

စိတ်အားထက်သန်စွာ တီးခေါက် ထောက်ပံ့ချင်တဲ့ southern hospitality

ဒီလိုကျွမ်းကျင်မှုဟာ စကားမစပ်ရင်တောင် သားမစပ်ရ

မနေနိုင် မထိုင်နိုင်

ကတိတွေ email လိပ်စာနဲ့ တသီကြီးထားခဲ့တယ်

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက ဘရိတ်ပေါက်နေတာ ကြာပြီ

အဲဒီအဖြစ်အပျက်ကို ပြပြ လှမ်းမြင်ရတဲ့ မြို့ပြဖွဲ့စည်းမှု

ကမ္ဘာဟာ ရွာပဲ

မင်း ငါ့ကို ဘယ်မှာ ရှာရှာ တွေ့မှာပါ

အသားမျှင်အပေါ် အလွမ်းရှည်နေသေးသမျှ

ယင်တလောင်းလောင်းကြား နေလှန်းထားတဲ့  မျက်နှာပြားချပ်ချပ်ကို

ဆာလောင်နေတဲ့ လျှာတစ်ချောင်းနဲ့ ထိမြည်းခံစားကြည့်ဖို့ဆိုတာ

ဖွဲ့စည်းပုံဘောင်ကို ကျော်မှန်းသိသိနဲ့

အနိုင်အရှုံးဟာ ပိတောက်သားနဲ့ လုပ်ထားတာဖြစ်တယ်

ပုံသဏ္ဍာန်ဆိုတာ မရှိတဲ့

မရှိမဖြစ်တဲ့ မဖြစ်မနေတဲ့ မနေမနားတဲ့ မနားမသွားတဲ့

မသွားမပြီးတဲ့ မပြီးမပြောတဲ့ မပြောမသိတဲ့

အကြောင်းအရာ

အကြောင်းရှိတော့ အရာပေါ်လာပြီး

အရာပေါ်လာတော့ အရေးပါလာပြီး

အရေးပါလာတော့ အထာပြောင်းလာပြီး

အထာပြောင်းလာတော့

ဘာမှန်းမသိပဲ အလေးစွတ်ပြုချင်နေတဲ့ သူတွေများလာ

ငါ့မှာ အပေါ့သွားရင်း တရားနဲ့သာဖြေခဲ့ပြီ

ဆီးပေနေတဲ့ မြက်ပင်လေးတွေပေါ်  နေရောင်ခြည်ပက်ဖြန်းထားလေတော့

ရွှေမှုန်ကျဲတဲ့ မြကျောက်လွှာခင်းကြီးလို့ ထင်ကြတာပေါ့

 

 

သိုးထိန်း (အန္တိမ)


0 Responses to “ဘီ (ထပ် တပ်မနေနဲ့တော့)း”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: