02
May
13

ပါဝါရိန်းဂျားဂိမ်းကစားရင်း ပါဝါပြတ်သွားတဲ့အခါ

ခေါင်းပေါ်မှာ ပန်ထားတဲ့

ရာသီပန်းနီနီတွေ

ဆံနွယ်နက်နက်တွေထဲ

အမျိုးသားရေး ဘောက်ဖတ်တွေ

 

မမြင်ရတဲ့အရာတွေမှာ ပဲ့တင်ထပ်သံကို အော်ခေါ်ကြတယ်

မြင်ရတဲ့အရာတွေမှာ အတွင်းသားတွေအားလုံး

လှီးထုတ်ပြီးသား ဖြစ်နေတော့

အန္တရာယ်ဆီပဲ ဓါးရိုးကမ်းနေမိရဲ့

 

ပေါင်မုန့်စားပြီးမှ ကိတ်မုန့်စားမယ် ရည်ရွယ်မိခဲ့တာပါ (ဝန်ဇင်း မင်း / ရာဇာ)

 

ကိုယ့်ခြေထောက်ပေါ် မိုးရွာတော့

ကိုယ့်ခေါင်းကပန်းလေးက တစာစာပျော်တယ်

 

ဘယ်သူမှ သဲချောင်းတစ်ချောင်းမှာ နှစ်ခါမနစ်နိုင်ဘူး

 

ကွေးသောလက်ကို မဆန့်မီ

ဆန့်သောလက်ကို မကွေးမီ

ငါတို့ဘယ်မှာတွေ့ကြမလဲ

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အသားစချင်း တွေ့ထိမှု

တစ်ယောက် လှမ်းထားတဲ့ တိမ်တွေ

တစ်ယောက် တိတ်တဆိတ် ဖြုတ်သိမ်းသွားရင်

ကောင်းကင်ကြီးက နေ ပြန်ထွက်လာပါတော့မလား

 

အဖွဲ့အနွဲ့ရဲ့ အမှုန်လေးတွေထဲမှာ

ကိုယ့်အလှစစ်ကို ပြနိုင်မယ့်

အမယ်ဘုတ်ရဲ့ ဆံပင်အထွေးအမျှင်ထုံး

အရာရာဟာ သိမ်မွေ့ နူးညံ့ ရှုပ်ထွေးလာတယ်

 

အတွေးအမြင်ထက် အမွှေးအမျှင်တွေပဲ ပြောင်လက်များပြားလာခဲ့ပြီ

 

ခုတင်မျက်နှာကျက်ပေါ်က ကြယ်မှုန်ကြယ်စတွေ

အောက်ဆီဂျင်ပိုက်တန်းလျက် ခြေဟန်လက်ဟန်မပျက် ကြိုးစားရုန်းကန်နေရတဲ့

အဓိပ္ပါယ်ပက်လက်ကြီး

သစ္စာလေးပါး ဖားလျားချလို့ ဖုတ်လှိုက်ဖုတ်လှိုက်

အသေခံဖောက်ခွဲရေးသမားတစ်ယောက်ရဲ့ ခန္ဓာ

 

စမ်းသပ်သိမှုရဲ့ ရာသီဥတု

သေတ္တာနက်မှတ်တမ်း အလွမ်းဋီကာ

သံသရာဟာ ရှိရင်းစွဲတွေသီထားတဲ့ အဝတ်ကြိုးတန်း

စာနာမှုနဲ့ ဆာလောင်မှုဟာ

အက်တမ်ထက်သေးငယ်မှုတွေထဲက ဈေးခေါ်တယ်

 

ယဉ်ကျေးမှုဖိအားဟာ ဘာရိုမီတာမှာ ပေါ်မလာဘူး

တစ်ယောက်မျက်နှာ တစ်ယောက် ကြိုးစားခွာကြည့်ရင်း

တစ်ယောက်သေတွင်း တစ်ယောက်ဆင်းမိကြပြီ

 

သိုးထိန်း (အန္တိမ)


0 Responses to “ပါဝါရိန်းဂျားဂိမ်းကစားရင်း ပါဝါပြတ်သွားတဲ့အခါ”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: