07
May
13

တစ်ခုရှိတာကတော့ အညီအမျှ ခွဲဝေယူကြပါ

သောက်တော်ရေချမ်း၊ ဆီမီး၊ ပန်းနှင့် တံတား၊လမ်းများ ဆောက်ဖောက်ကြသည့်အခါ

လမ်းနတ်၊ တံတားနတ်၊ အိမ် ခြံ မြေနတ်၊ ပါမစ်နတ်၊ ပရောဂျက်နတ်၊ ၁၅ဝဝတန်နတ်များ

နတ်ချောင်၊ နတ်ဖျောင်၊ နတ်ခို၊ နတ်ကပ်များ၊ အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်နတ်များ

နတ်ထိန်းများ၊ နတ်နန်းများ၊ နတ်ပြည်တော်များ၊ နတ်ရေကန်များ၊ နတ်ဂျကူဇီများ

နတ်မာဆွတ်များ၊ နတ်တီဗွီများ၊ နတ်တင်ဂီတများ၊ နတ်ပါတီများ၊

နတ်တို့သနင်း ရှူးဂါးကင်းနှင့်တကွ

၎င်း၏ လက်ဝဲ၊လက်ယာ၊ ဂျိုင်းကြား၊ ခြေဝဲ၊ ခြေယာနှင့် ပေါင်ကြား

နှုတ်ခမ်းတော် နုထွေးနီတာလန် မိဖုရား၊ မောင်းမ မိဿံနှင့် တကွ

ကိုယ်လုပ် တော်တော် မတော်တော် ရံရွေဘော် လော်လီပေါ့ကာညိုပြာမှိုတက်များအပြင်

ဥက္ကစ္နဘလင်္စက္ကရာများလည်းပါ

မုတ်ဆိတ်မင်္ဂလာတွင် ပျားစွဲမြဲမြံစွာဘိသကဲ့သို့

နတ်ထိပ်၊ နတ်ပါယ်အိပ်နှင့် ၄င်းတို့၏ အနီးတဝိုက်

တစ်ခုနှင့် ထို့ထက်ပိုသော မှဲ့ပေါက်ခြင်းများရှိတတ်ပေရာ

အက္စက္ဘေီဖြစ်ခြင်း မဖြစ်ခြင်းထက်

အရိုးမြေကျခြင်း ပိုးမြေကျခြင်းစသည့် လူမှုဆက်ဆံရေးယန္တရားတွင်

လုံးတုံးမတ်တပ်ဖြစ်ခြင်း တုံးလုံးပက်လက်ဖြစ်ခြင်းများ

နတ်တို့၏အချစ် ၁မိနစ်ဟု ဆိုပင်ဆိုငြားလည်း

လူတို့အဖို့မှာမူ ငယ်ချစ်ပင်ဟောင်းစေတော့

နှစ်ပေါင်းများစွာ ကိုယ်မမေ့သည်သာ တဖွဖွ တသသ

မျက်စိကိုအနားပေးထားပါလျက်က စိတ်ပူလက်ပူဖြစ်တတ်ကြပေရာ

ဤအနမတဂ္ဂသံသရာဝယ် တစ်ထောင့်တစ်နေရာတစ်ခါတစ်ကွေ့၌

နတ်ပြည်သို့ အမှန်အကန်ရောက်ဖူးခဲ့ကြမည်ဖြစ်သော်လည်း

ယခုနှင်နှင်ဘဝတွင် နတ်ပြည်ရောက်သကဲ့သို့

ဓါတ်ဆီနှင့် ဓါတ်ဆံတို့ ပွားများစည်ပင်သည်ရှိသော်

လူမစွမ်းလျှင် နတ် မ နိုင်ကောင်းသော်လည်း

နတ်များမစွမ်းတော့လျှင်ကား အဘယ်လူသားကများ  မ ထားတော့မည်နည်းဟု

ဆင်ခြင်သတိဖြင့် သတ္တုချကြည့်သောအခါ

၃၁ဘုံတွင် လူစင်စစ်ဖြစ်ခြင်းသည်သာ မြတ်တော့သည်တကား။

 

သိုးထိန်း (အန္တိမ)

 


1 Response to “တစ်ခုရှိတာကတော့ အညီအမျှ ခွဲဝေယူကြပါ”


  1. May 10, 2013 at 11:09 AM

    ၃၁ဘုံတွင် လူစင်စစ်ဖြစ်ခြင်းသည်သာ မြတ်တော့သည်တကား။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: