22
Aug
13

လက်ခုပ်များ တဖြောင်ဖြောင်အီလျက်

အုပ်ချုပ်ရေးမှူးရဲ့ စွပ်ကျယ်

အနီရဲရဲပေါ်မှာ အဖြူရောင်နှင်းဆီပွင့်

အာပြဲပွင့်လန်မွှေးထုံ

မနက်လန်း ညညှိုးတဲ့ စွပ်စွဲပြစ်တင်သံတွေ

တစ်နေ့ ခံစားရမှာပါဆိုတဲ့ အတွေး

မမြဲဘူးလို့ တိုင်တစ်ဝက် ပတ်ပြီးမှ

သဘောကျသွားတာ

အကျယ်မြင်သွားတာ

၁၄ရက်တစ်ပတ်ပါပဲ

ဥက္ကဋ္ဌဆိုတာ ဘာဖြစ်ဖြစ်

ထည့်သွင်းစဉ်းစားရတဲ့

သံသယအကျိုး ခံစားခွင့်ရှိတဲ့

ကွေးသောလက်ကို မဆန့်မီ ဆန့်သောလက်ကို မကွေးမီ တတ်တဲ့

အထူး သူလိုကိုယ်လို နဲနဲပိုလိုချင်သလိုလို

ကင်မရာတွေနဲ့ မျက်နှာချင်းဆိုင်

ဒီမယ် ခင်ဗျားကို ကျွန်တော် တံတောင်ဆစ်ကွေးကျော်တဲ့ အထိ ဆွဲတင်လိုက်မယ်

 

ဘာမှမရှိတာထက် စာရင် ဘာမှမသိတာက အများကြီး

ကောင်းပါတယ်ကွယ်

အချိန်ယူ တင်ပြတာတွေကို

အချိန်ယူ ငြင်းဆိုဖို့အတွက် တိုက်တွန်းဖို့တောင် အချိန် တော်တော်

ယူခဲ့ရပါတယ်

ဂေါက်တံဟာ ဂေါက်သီးရိုက်ဖို့အတွက်ပဲလို့

အမြင်ကျဉ်းမြောင်းလို့ရတဲ့ ခေတ်ကို ကျော်ခဲ့ပါပြီ

တစ်ချိန်က ရပ်ကွက်ဂေါက်ရိုက်အသင်းဟာ

တစ်ချိန်မှာ စွမ်းအားရှိသူတွေ ဖြစ်လာနိုင်ပါတယ်

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိလေတော့

အတွေ့အကြုံလို့ ပြောဖို့ရာထက်ကို

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ကျော်လွန်ခဲ့ပြီးလေတော့

အထိနာခဲ့ဖူးသမျှဟာ ဘယ်အထိလဲလို့

ဘယ်သူမှ မဖြေဆည်နိုင်ခဲ့ကြဘူး

 

လဆွဲအားနဲ့ လွင့်စင်နေတဲ့ အလံတော်ကို

ဘယ်လို ကျော်ကြည့်မလဲ

တကယ်ပါ ကမ္ဘာကြီးက လုံးပြီး ကျွန်မတို့ကသာ ပြားနေတာ

ဆိုတဲ့ ကြော်ငြာကို

proxifier နဲ့ ကျော်ကြည့် ခွကြည့်ဖို့

ကြာလာရင် ဒါဟာအစဉ်အလာ တစ်ခု

ဖြစ်လာနိုင်တာ vs. ဖြစ်သွားနိုင်တာ

အလုပ်ကိုလည်း ကြိုးစားသကဲ့သို့

ပညာကိုလည်း ကြိုးစားမှသာ

စလောင်းရွဲ့နဲ့ ဖုံးမှ လုံခြုံစိတ်ချသကဲ့သို့

ယနေ့ခေတ် ယနေ့ကမ္ဘာ

ယနေ့သာမန်ပြည်သူများကား ဇွဲ၊ လုံ့လ၊ ဝီရိယကြီးစွာ

ဆက်လက် သာမန်စွာ သန်မာမြဲ မာလျက်

ပြည်သူ့ဆန္ဒကို တကယ် ကိုယ်စားပြုပါတယ်လို့

ပြည်ကြီးသားတွေ ပြောတိုင်းယုံကြည်ထားခဲ့တဲ့

အတွင်းမှာရော၊ အပြင်မှာရော နေ့စဉ် ဘယ်မှရွေ့လို့မရတဲ့ ယာဉ်တန်းကြီးနဲ့

သနပ်ခါးပါးကွက်ကြားပေါ်စီးကျနေတဲ့ ချွေးတွေ သွေးတွေ အသက်တွေနဲ့

ဆိုက်ကားမနင်းရတဲ့ တံတားများ…

 

သိုးထိန်း (အန္တိမ)


0 Responses to “လက်ခုပ်များ တဖြောင်ဖြောင်အီလျက်”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


categories

archives


%d bloggers like this: