06
Sep
13

အောက်လွှတ်တော် ကိုယ်စားလှယ်ကြီးများထံ ပန်ကြားလွှာ

နေ့တိုင်းလိုလိုဟာ လကွယ်နေ့တွေပါ လို့

မြေကြီးအောက်က ကောင်းကင်ကြီးကို မြင်အောင် ကြည့်ရင်း

ကိုယ့်ကိုယ်ကို ချောင်ပိတ်ထားရတယ်

ကိုယ့်နဖူးကိုယ်ရိုက်မိရုံနဲ့တော့ ဘယ်သူက

ကိုယ့်ကိုယ်ကို ပြန်ကိုက်မှာလဲ

ကွန်ဒွန်တစ်ခုထဲ ဟိုက်ဒရိုဂျင်တွေ အားပါးတရမှုတ်သွင်းပြီး

ဒီတစ်ညတော့ မကိုက်ဘူးကွယ်လို့

လမင်းကြီးဆီ ရွှေ လင် ပန်း ထက် လက်တွေ့ကျတဲ့

ထမင်းဆီ ဆမ်းတစ်ပွဲ အမှာတော်ပါးတဲ့ စာချွန်လွှာကို လွှင့်တင်ချင်ပါရဲ့

ကမ္ဘာကြီးသာ  လုံးတုံးလုံးတုံး နဲ့ ချာလည်လိုက်နေတာမဟုတ်ဘူး

သူ့ ကိုယ်ပေါ်က ကိုယ်တွေမှာလည်း လုံးတုံးတုံး ချာလည်လည်ပဲ

ဘုန်းကြီးမှာ အာဏာရှိမှာ သူမလိုလားခဲ့ပါဘူး

ငယ်ငယ်ကတည်းကပဲ သူ ချိန် တာမှန်သမျှလွဲခဲ့တယ်

ရေချိန်၊ စံချိန်၊ အချိန် အစရှိသဖြင့်

ဒီတစ်ဘဝတော့ ဖြင့် မကိုက်ကို မကိုက်ဘူးကွယ်လို့…

ငုံစိမြုံစိနဲ့ သူ့ပုံက မြင်သူ အားရကျေနပ်လောက်စရာ တစ်ကွက်မှ မရှိခဲ့ဘူး

တုံးတာရဲ့ အရှေ့မှာ နလပိန်းပဲ ရှိတော့တယ်လို့တော့ တဖက်သက်မယူဆစေချင်ပါဘူး

စကတ်နွမ်းနွမ်းအောက်မှာ ဘဝနွမ်းနွမ်းတွေပဲ နှိုက်ထုတ်ယူစရာရှိမယ်လို့

ဘယ် ပညာရှိတို့က ပညတ်ခဲ့ကြတာလဲ ဟင်

မဦးခဲ့တဲ့ လူတွေအားလုံးကို ဦးလို့ပဲ ခေါ်ခဲ့ရပါတယ်

နွမ်းတာတွေကို နယ်လိုက်ရင် အညွှန့်တွေ တလူလူပြန်တက်လာမှာ မဟုတ်လား

အနည်းဆုံး စစ်ရေးအရဖြစ်ဖြစ် ကျွန်မကို ဆက်ဆံကြည့်ပါလား

တည်ဆဲဥပဒေတွေကို အရေးမယူတတ်ဘူးဆိုရင်

ဖွဲ့စည်းပုံပြင်ပမှာ ကျွန်မလောက် အရှုပ်အရှင်းကင်းကင်းနေတာ ဘယ်သူမှ မရှိနိုင်ဘူး

နိုင်ငံတော် ကုတင်ကြီးမှာ မဏ္ဍိုင်ကြီးလေးရပ်ဆိုတာက

ခြင်မကိုက်အောင် ခြင်ဇကာထောင်တဲ့အခါလောက်တော့ အသုံးဝင်မှာပေါ့

မဦးမချွတ်တဲ့ ဦးပဲ စချွတ်ပါ ဦးရယ်

အပေါ်က မပြောင်းရင် အောက်က လိုက်ပြောင်းဖို့ မလွယ်ဘူးလေ

အိမ်ထောင်မှု၊ ဇယားအီ၊ ဒီမိုကရေစီ အသွင်ကူး… ဆုပ်လည်းစူး၊ စားလည်း ရူးမို့

လူပျိုဘဝကို သိမှုထဲမှာ အဆုံးသတ်လိုက်ရရင်တောင်

ဘာသာစကားထဲမှာတော့ ဆက်လက် ရှင်သန်ခွင့်ပေးထားလိုက်ပါရှင်ရယ်

တစ်ပါတ်နွမ်းခဲ့သမျှ နောက်တစ်ပါတ်မှာ ပြန်လန်းဆန်းတက်ကြွလာမလားလို့

ဒီကောက်ရိုးပုံထဲပဲ အပ်အသစ်ကလေးတွေကို အကောင်းမြင်စိတ်နဲ့ ပစ်ထည်နေမိပါတယ်

အချိုရှာလို့ သကာကို တွေ့ချင်မှသာ တွေ့မယ်

အပ်ရှာရင်တော့ ကောက်ရိုးမျှင်တွေ တသီကြီးကို တွေ့နိုင်မယ် မဟုတ်လား

 

 

သိုးထိန်း (အန္တိမ)


0 Responses to “အောက်လွှတ်တော် ကိုယ်စားလှယ်ကြီးများထံ ပန်ကြားလွှာ”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: