08
Oct
13

လမ်းဆုံးရောက်တော့ ကမ္ဘာတွဲတွဲကြီးကို သွားတွေ့တယ်

အစွန်းရောက်တဲ့ ထောင်ချောက်တွေဟာ နိုင်ငံသားတိုင်းအတွက်

ရည်ရွယ်ထားတယ်

ရွေးချယ်မှုဟာ အရပ်အနိမ့်အမြင့်နဲ့ မသက်ဆိုင်ဘူး

သက်တမ်းတစ်ဝက်ကို နိုင်ငံတော်က ရိတ်သိမ်းသွားတယ်

စိတ်လိုလက်ရလှူမိသူဟာ ဆူးခင်းလမ်းပေါ် ပျော်နေသူပဲ

ဒေလီယာပန်းတွေ

နား သွား နား

ထောင်ရင် သွေးတွေ တသွင်သွင်စီးသံကို

နား စည် မြှေးပါး မှာ ပါး ပါး လေး လှပ် လှိုက် လှဲ လှည့်

နက် မှောင် အိကျနေတဲ့ ဆံချည်ထွေး အစုအဝေးကြီး

အောက်မှာ

ဖုံးထားတဲ့ အမှန်တရားရဲ့ ဦးပြည်းခေါင်းတုံး ပြောင် ပြောင် တင်းတင်းကြီး

 

ဘာသာစကားသည် လက်လုပ်ဗုံးတစ်လုံး၏ စနက်တံ ဖြစ်သည်

ဘာသာတရားသည် ယမ်းငွေ့အူသော သတ္တုပြောင်းထိပ်ဝဖြစ်သည်

 

နေ့စဉ် ဘဝ သည် ပြည်သူတွေ အစား ပြည်ခေါင်းတွေ

မိုးရာသီရဲ့ အုတ်ကြားမှာ ပေါက်နေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ

အခုအခြေအနေလောက် စိုပြည်တာ စိမ်းလန်းတာ ရှေ့တည့်တည့် တစ်ခုပဲရှိတယ်

ထို အုတ်ခင်းလမ်းမှ ကြည့်သော် ရေညှိများ၊ မြက်ပင်၊ နွယ်ပင်များ

အမြှောက်

 

လူမျိုးရေး

 

အပြစ်မတင်ကြပါ နှင့်

ချောက်ထဲသို့သာ မေးငေါ့ပြလိုက်ပါ

ဥပဒေကြမ်းဆိုပေမယ့် ဘာသာစကားကို ကျမတို့ ဘဝင်မကျဘူး

နိုင်ငံတကာက နည်းပညာအကူအညီနဲ့ အကြမ်းဖက်မှုတွေ

ဖြစ်လာရတဲ့ အခြေအနေအပေါ် ပျက်လာဦးမယ်ဆိုတဲ့ တရားသဘောလေး

ချက်နိုင်ငံသားတွေလိုလို ချက်ချင်း အဖြေရှာကြတဲ့အခါ

ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ဟာဗဲ ဟာကို

လေမှုတ်ထုတ်လိုက်တိုင်း အလံတိုင်ကြီး သံချေးကိုက်နေရသလို

ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ

အရင်က မျိုးဆက်ခေါင်းဆောင်တွေ နဲ့ အခုလက်ရှိတွေ

ဤနေရာတွင် အနက်ကို နယ်ကုန်အောင် မသုံးရန်

သတိပြုပါလေ

 

လူ့အခွင့်အရေးအဖွဲ့ကြီးက ပိတ်ပင်လိုက်တဲ့ ဘာသာစကား အခွင့်အရေးတွေ

စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို

ပြင်ဆင်ဖို့ တန်းစီးပြီးစောင့်နေတဲ့ ဥပဒေ (၅ဝ) ကျော် တက်ရောက်ခဲ့ပါတယ်

 

ကျိုးကြောင်းဆင်ခြင်ခြင်းအရ နေ့စဉ်ဘဝမှာ

ပိုက်ဆံရှိဖို့အရေးကြီးတယ်ဟု

တခြားမပြောနဲ့၊

စောစောက ကျန်းမာရေး၊ စားဝတ်နေရေး နဲ့ စွမ်းရည်မြှင့်တင်ရေး စတာတွေမှာ

အဲဒီလိုပဲ တကယ့်ကို ပြင်ဆင်ရေးဆွဲဖို့ ပန်းခြံထဲကို သွားရအောင်

ခေါ်တော့

အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အသင်းအပင်း ဖွဲ့စည်းရေး

အဲဒါလေးတွေက ကျမတို့အတွက် ကောင်းတဲ့အလားအလာလို့ မြင်ပါတယ်

 

နည်းပညာပိုင်းအရ အပြောင်းအလဲမှာ

ငွေကြေးထောက်ပံ့ပြီးမှ ဒဏ်ကြေး စသည်အားဖြင့်ပါတော့

ဘာသာစကား ဘောင်အတွင်း၌

နွယ်ပင်များခြောက်သွေ့ခြင်း မရှိ၊ အနက်မရှိ၊

နိုင်ငံတော်မရှိ၊ လူမျိုးရေးမရှိ၊ ဘာသာရေးမရှိ

အကျဉ်းလည်းမရှိ၊ အကျယ်လည်းမရှိ

သမဂ္ဂလည်းမရှိ၊ ညီလာခံလည်းမရှိ

အထီးမရှိ၊ အမမရှိ၊ ပုဒ်မ ၁၈မရှိ

ဘာမှ ညှိနှိုင်းတိုင်ပင်တာ မရှိခဲ့ပါဘူး

 

အခုဆိုရင် မြို့တော်ခန်းမရှေ့မှာ ၂၄ နာရီ မညီညွတ်ဘူးဆိုတာကိုလည်း ဆုံးဖြတ်နိုင်ပါတယ်

နှစ်ပရိစ္ဆေဒကြာမြင့်စွာ တံခါးပြန်ပိတ်ပြီးကာမှ

မှန်ပြူတင်းလိုက်ကာနောက်မှ ချောင်းကြည့်နေသူတစ်ယောက်ရဲ့ စိတ်ကူးများကို

အုတ်ကြားမှာ သိုဝှက်သိမ်းဆည်းထားနိုင်ပါဦးမလား

 

ဘာသာစကား၏စည်းရိုးများမှာ အိုမင်းဆွေးမြည့်လှပြီဖြစ်ပါသည်

ကြောင်မနက်ပြာ၏ ပါးစပ်ထဲသို့ ရောက်သွားခဲ့သည့် ငါးကြင်းဗိုက်သားမှာ

ထင်ရှားသည့် အမှတ်အသား မပါရှိခဲ့ပါ

သွေးဆိုတာ မစည်းလျှင် စီးစရာသာ ရှိတော့ကြောင်း

သာယာမှုဟာ စိတ်ကျေနပ်မှုကို မပေးနိုင်ပါဘူး

အာဃာတတရားကို လက်ကိုင်မထားသင့်ပေတဲ့

ကားမောင်းသောအခါ ကိုင်စရာ ဂွေ တစ်ခုလိုသလိုပင်

ဘာသံမှမကြားရအောင် တံခါးအလုံပိတ်၊ မီးမှိတ်ပြီး အမှောင်ထဲမှာ

မွှေးနုကလေးတွေ လှုပ်သွားတယ်

 

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုရဲ့  ဂျူတီကုတ်ထဲမှာ

အညှောင့်ကလေးထွက်နေတဲ့ ဒေလီယာကို တွေ့ရမည်

ထို့ကြောင့် ထိုကြောင်မသည် ငါးကြင်းတုံးကို ဝါးစဉ်

ဥာဏ်ရှေ့သွားခဲ့သလား ဥာဏ်နောက်လိုက်ခဲ့သလား

နှာခေါင်းနဲ့ ရှူသလား ပါးစပ်နဲ့ ရှူသလား

ကားဘီးအောက်မှာ မြက်တွေပြားပလား

အုတ်ခဲကျိုးသွားသေးလား

အာဃာတအက်သွားသလား

 

ခရိုနီလက်စွဲ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ခြေလှမ်း လေးငါးလှမ်း လျှောက်ပြီးသောအခါ

ကမ္ဘာကြီးပေါ်က အဖွဲ့အစည်းနဲ့လုပ်တဲ့ ဦးပိုင်လီမိတက် အကျင့်တွေ

ခေါက်ရိုးရှာမရဖြစ်နေတော့ ဖက်စပ်လုပ်ရပါတယ်

အဲဒီတော့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ကန့်သတ်ဘောင်ခတ်ထားလို့ မရဘူး ဆိုတာကို

ဆက်ပြီး တွန်းအားပေးစရာ ပြင်ဆင်စရာတွေနဲ့အတူ

လက်တွေ့ဖြန့်ဝေနေကြတဲ့ ဆိုးမွေတွေ ထုံးတမ်းတွေကို

ရွှေရည်စိမ် ရင်းနှီးမြုပ်နှံသူတွေလက်ထဲ

ဈေးကွက်လမ်းစဉ် ကျင့်သုံးပြီး

keyboard တွေ၊ mouse တွေ

မနေ့ကညပိုင်းအထိ သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ရတဲ့ ရွာကလူတွေ

နားလည်ဖို့ခက်ခဲတဲ့ operating systemရဲ့ အလုပ်လုပ်ပုံတွေ

အဲဒီတော့ မှတ်ပုံတင်ကြေးကအစ ဘာပဲပြောပြော

အားလုံး သင့်တင့်မျှတတဲ့ ဈေးနှုန်းပေါ့

ဆူးတွေ

 

စိုးရိမ်မှုက ဥပဒေကိုပြင်တာထက်

စိတ်ချလက်ချရှိမှုနဲ့ ဥပဒေတွေက နိုင်ငံတကာရဲ့  စံချိန်စံညွှန်းနဲ့ အညီ

ရလိုတဲ့ အပြုအမူတွေ အဖြစ်  တတ်နိုင်သမျှ အားလုံးရဲ့  ဘိုးဘွားပိုင်အသံတွေကို ပါအောင်

မြေတွေကို စစ်တပ်ကနေ ဂတိ အတိအလင်းနဲ့ ယူပေးသွားတဲ့အတွက်

ကျမတို့ဆီမှာ တော်တော် ရလိုက်တာ နောင်တလား သံဝေဂလား ဆိုတာ

နောက်ပိုင်း ဒီလိုမဖြစ်ရလေအောင်ဆိုပြီး ပြည်သူလူထုအနေနဲ့ မှတ်ပုံတင်ပါ

မှတ်ပုံတင်လို့ရှိရင် ရမယ့်အခွင့်အရေးတွေက

ဒါတွေ ဒါတွေ ဖြစ်တဲ့အတွက်ကြောင့်လို့ ဒါဒါ ဒါမျိုးတွေ ရှိနေသရွေ့ 

ဘယ်ကိုမှ မရွေ့သေးတဲ့ တို့ တိုင်းတို့ပြည်မှာ

ချမှာပေါ့လေဆိုတာ final decision ကိုပြောတာပါ

အကြမ်းဖက်ခံထားရတဲ့ ဘာသာစကားနဲ့ နွယ်မြက်သစ်ပင်တို့ရဲ့

code နဲ့ အတွေ့အကြုံပဲ ရလိုက်တာဆိုတော့

ရေနံဓါတ်ငွေ့နဲ့ အခြားသယံဇာတတွေက

အခုအချိန်ထိ အနှောက်အယှက်တွေ၊ အဖမ်းအဆီးတွေ ခံနေရမှုနဲ့အတူ

 

သိုးထိန်း (အန္တိမ)


0 Responses to “လမ်းဆုံးရောက်တော့ ကမ္ဘာတွဲတွဲကြီးကို သွားတွေ့တယ်”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: