08
Nov
13

ဆယ်လက်ဖက်ရည်ချို

ပုပ်ရဟန်းမင်းကြီးဆိုတာ မွေးရာပါ

အခွင့်အရေးတွေ ဆုံးရှူံနေရတဲ့သူလို့ တစ်ဖက်သက်ယုံကြည်ထားတဲ့

ခန္ဓာအိမ် ရောင်းသူတစ်ယောက်အတွက်

မျက်စိမှိတ်ထားတဲ့အချိန် သာသနာ့ဘောင်ထဲ

အပြီးဝင်သွားတဲ့ ရွာက ငယ်ရည်စားရဲ့ မျက်နှာလေး

တွေးစရာဆိုတာက ကောင်းနေတဲ့အခါပဲဖြစ်ဖြစ်

မကောင်းနေတဲ့အခါပဲဖြစ်ဖြစ်

သမာဓိဟာ ချိန်ခွင်အဖြစ် ခေတ်တွေလည်း ပြောင်းခဲ့ပြီးတော့ကာ

ဘောင်တစ်ခုထဲက ဘောင်တစ်ခုထဲကို တိုးဝင်သွားတာပဲလို့

အချိန်လည်းမရှိဘူး

ရစရာအကြောင်းလည်း မရှိဘူးဆိုတဲ့ တရားကို

ထမင်း ဆာနေရင်၊ ဝမ်း သွားချင်နေရင်

သိသာသိစေ မမြင်စေနဲ့ဆိုတာ တရားလား

ရွာက ကောက်ရိုးပုံပေါ်မှာ စိတ်ကူးကောင်းခဲ့သမျှ

ပလက်ဖောင်းအခြေစိုက် စီးပွားရေးမှာ အကူအညီ ဖြစ်စေတော့တာပဲလို့

ရောမရောက်ရင် ရောမလို ကျင့်ရမှန်းလဲသိ

ဗာတိက္ကံရောက်ရင် ဗာတိက္ကံလို ကျင့်ရမှန်းလဲသိ

ဆွမ်းဆန်ထဲ ကြက်ချေးရောရင်လည်းသိ

ဖွတ်ထွက်ရင်လည်း တောင်ပို့မှန်းသိ

၁ဝတန်း မအောင်ရင်တောင် အလိုက်တော့သိတဲ့

ဒေါက်တာကြက်သွန်ရဲ့ မိနစ်ပိုင်းအတွင်း ငွေရှာနည်းစာအုပ်ကို

မဖတ်ဖူးကတည်းက သိနှင့်ပြီးတဲ့

အပေါစား စကားတွေဟာ

အမြတ်များတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တယ်ဆိုတာကိုလည်း သိတဲ့

နောက်တော့

သူ့ဝေပုံကျ ပလက်ဖောင်းပေါ်

ခြေချော် လက်ချော် ကျွံဝင်လာတဲ့အခါ

ကိုရင်ကြီးပဲဖြစ်ဖြစ် ဖားသားလဖုန်းပဲဖြစ်ဖြစ် ဟာဂျီကြီးပဲဖြစ်ဖြစ်

အဓိပ္ပါယ်ရှိရှိ ကြည့်ပစ်လိုက်မယ်လို့ အမြဲ အားခဲထားတော့ကာ

မျက်စိမှတ်ထားတဲ့အချိန် ငယ်ရည်းစားလေးဆီ ရောက်သွားတဲ့

စိတ်

လုံခြုံရေး စည်းတွေ ကျိုးပေါက်လို့ဖြစ်တယ်ဆိုတာထက်

အနှစ်တစ်ရာ မပြည့်သေးတော့

ခေတ်နဲ့ လျော်ညီပြီး ပုဂ္ဂလိက လွတ်လပ်ခွင့်တွေကို မချိုးဖောက်သရွေ့

ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ရည်းစားဟောင်း ကိုယ် စိတ်နဲ့ ပစ်မှားတာပဲ

ဗုံးကွဲမှုတိုင်းမှာ အဆုံးသတ် ဖော်မြူလာဟာ အတူတူပဲလို့

စပွန်ဆာဖောင် လာတင်ထားတဲ့

ညနေခင်း ပလက်ဖောင်းလေ့ကျင့်ခန်းဆင်းသူ အန်ကယ်ကြီးတစ်ယောက်ပြောသလို

၂၁ရာစုမှာ ကျေးလက်နေလူထုအတွက် အကြီးမားဆုံးသော ပြောင်းလဲမှုကြီးဟာ

လူပျို၊ အပျိုတွေ မြို့တက် ပြီး ရွာ ပြန်မရောက်နိုင်တော့တာပါပဲလို့

မြို့ကတဆင့် ပင်လယ်ထဲ အင်ဂျင်ဖွင့်ပြီးထွက်တော့မယ့် ကိုမြတ်သူရအောင်က

ကျွန်မ ၃၄ ကို သူ့ပေါင်ပေါ် တင်ခိုင်းထားပြီး

လက်တစ်ဖက်က ကျွန်မ ၂၆ ကိုဖက်ထားရင်း

လက်တစ်ဖက်က ကျွန်မ ၃၂ ကို ဆော့ပြေးကစားနေရင်း

ဆောင်းမှိုင်းမှိုင်းကြီးထဲမှာ လျှပ်စီးတွေ

မှောင်ရိပ်ခိုနေတဲ့ အုတ်ခုံကလေးပေါ်မှာ လက်လက်ကိုထလို့

ပန်းချီကားထဲကလို စိတ်ထဲမှာ မိုးပေါ် ပျံ ပျံ တက်သွားတာ

ဓါတ်တိုင်မီးရောင်လောင်ထားတဲ့ မျက်နှာပေါ်မှာ ချယ်သထားတဲ့ ပြင်ဆင်မှုဟာ

တင်ပါးပေါ်မှာထိုးထားတဲ့ တော်ဝင်ခရေ ပွင့်လေးတွေလောက် မလှပနိုင်ဘူး

ကျားတစ်ကောင်ရဲ့ ချောမွေ့တဲ့ သားရေစဟာ

တန်ဖိုးကြီး အိပ်ယာတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်တယ်မဟုတ်လား

သူတောင်းစားတစ်ယောက်ရဲ့ အိပ်ထောင်ထဲမှာ

လောကပါလ နတ်မင်းကြီးတွေလည်း မျက်စိလည် လမ်းမှားရောက်လာနိုင်တော့

ကစ္စတမ္မာဆို ဖျာကိုခင်းပြီး ထိပ်ပေါ်တက်ထိုင်နေရတဲ့ ဘဝမှာ

ရန်ကုန်မှာ အဆင်ပြေပါတယ်ဆိုတာ လိုအပ်ရင်

အလှည့်ကျ အဖမ်းခံရတာမျိုး ကတိနဲ့ သစ္စာဆိုတာ

ကျွန်မတို့အဖို့မှာ ပိုပြီး တည်ကြည်ဖို့လိုပါကလားလို့

ပုရစ်တွေရဲ့အော်မြည်သံဟာ အူတွေကို ယမ်းခါခြေမွတယ်

တစ်ခုမျှ မရှိတော့ဘူး

ပြီးတော့ တိရစ္ဆာန်အများစုလိုပဲ ရာသီဥတုဟာ

လိင်စိတ်ကို ဘယ်တော့မှ အနိုင်မယူနိုင်ဘူး

အသားမြှုပ် ဗုံးတွေ

အစာအိမ်ထဲမှာ ရှိသမျှအရာအားလုံး ကောင်းကင်ပေါ် ပစ်တင်လိုက်သလို

ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်

ကတိပေးထားရက်နဲ့ အကြိမ်ကြိမ်ပြီး အကြိမ်ကြိမ်



သိုးထိန်း (အန္တိမ)


0 Responses to “ဆယ်လက်ဖက်ရည်ချို”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: