10
Jul
14

ကူးညက်

အစောပိုင်းလက်ရာတွေနဲ့ သိကျွမ်းမှုမရှိတာကြောင့်
သူ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံမိတယ်

သူ့ဇာတ်ကောင်အများစုဟာ
အတွေးတွေထဲက ဖယ်ရှားနိုင်စွမ်း ရှိပေမယ့်
အခြားသူတစ်ဦးရဲ့ ပြောဆိုချက်တွေနဲ့
ဘာကြောင့်လဲဆိုတဲ့ ကိုယ်ပိုင် ပင့်ကူအိမ်တွေကို တည်ဆောက်လေ့ရှိတယ်

အစားထိုးကြက်ဆူပင်စီမံကိန်းပြီးတဲ့နောက်
ကြက်ဆူပင်အစားထိုးစီမံကိန်းဆိုတာ ရှိမလား

ဇာတ်လမ်းတွေဟာ ပုဂ္ဂလိက သိမှုကို ထိုးဆွတယ်
ဇာတ်ကောင်တွေဟာ ဝတ်လစ်စလစ်ဖြစ်လို့
အရေးအသားအစုအဝေးပုံကြီးတွေထဲမှာ ပုန်းအောင်းနေကြရတယ်

ကျွန်မ သူ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံမိတယ်

အဓိပ္ပါယ်ဆက်စပ်မှုဆိုတာ
လာနိုင်ခဲတဲ့ဘတ်စ်ကားကို စောင့်ရသလို
လာတဲ့အခါ ရနိုင်ခဲတဲ့မတ်တပ်တစ်ရပ်စာကို ရှာရသလို
ရှာတွေ့တဲ့အခါ ရောက်နိုင်ခဲတဲ့မှတ်တိုင်ကို မျှော်ငေးရသလို

ကြုံရပါတယ်လို့ ဆိုလိုက်တဲ့အခါ
နောက်ထပ်စဉ်းစားတွေးခေါ်မှုတွေဘက် လှည့်လိုက်မှု
နိုင်ငံတစ်ခု ထူထောင်ရာမှာ ကဗျာဆရာတွေလိုအပ်သလား

ပြီးတော့ လူတွေဟာ ကိုယ့်စကားပြောလေသံတစ်သံတည်းနဲ့
လောကချင်းရာအဖြစ်အပျက်တွေအပေါ်အမြင်ကို တည်ဆောက်သလား
ဘယ်ဖက်တင်ပါးပေါ်က ဖယောင်းစက်ရာကလေး ၃စက်နဲ့
ညာဖက်ပေါင်ရင်းက စီးကရက်မီးစရာကလေး ၅စက်ဟာ
ကြည်နူးစရာ့ လောကချင်းရာတွေပဲ

ဒါပေမယ့်
ကျွန်မ သူ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံမိတယ်

နိုင်ငံတော်ပြန်တမ်းဝင် ကြက်ဆူပင်တွေ
ရေမှန်မှန် ချိုးပေးကြပါ

ရေရောထားတဲ့ ကြက်ဆူဆီဟာ
ရေငုပ်သင်္ဘောအထီးတွေကို
နက်ရှိုင်းတဲ့အောက်ခြေကြမ်းပြင်ကို ခေါ်ဆောင်ဖို့ မစွမ်းသာဘူး

ဇာတ်တစ်ခုကလည်း စကားပြောတတ်တယ်လို့
ကျွန်မကို တစ်ယောက်ယောက်က ပြောခဲ့ရင်
လက်ခံလိုက်ဖို့ရာ လူ့အဖွဲ့အစည်းရဲ့ ထောက်ခံမှုကို ယူဖို့ လိုမှာလား

ကျဉ်ခနဲဖြစ်သွားတဲ့ ခံစားမှုဟာ
တီဗွီတစ်လုံးကို စိုက်ကြည့်နေယုံနဲ့ မလုံလောက်တော့ဘူး

အဲဒီ ဒါဏ်ရာတွေ နိုင်ငံကူးလက်မှတ်ထဲမှာ
အဝိုင်းရော လေးထောင့်ရော သုံးမြှောင့်ရော
စုံလို့

နိုင်ငံတကာအဆင့်မီ ခရေငါးပွင့် ဟိုတယ်ကြီးတစ်ခုမှာ
ကြက်ဆူဆီနဲ့ oil massage ဝန်ဆောင်မှုပေးတယ်ဆိုတာ
လူ့အဖွဲ့အစည်း တည်ရှိနေရခြင်းရဲ့ အခြေခံရေသောက်မြစ်ဖြစ်တယ်လို့
ပုံသဏ္ဍာန်အားဖြင့် ဖြစ်စေ အကြောင်းအရာအားဖြင့် ဖြစ်စေ
လက်ခံမှာလား

တတ်နိုင်သမျှ ငလျင်လှုပ်ပြီးတဲ့နောက်မှာ
သမိုင်းနဲ့ နေ့စဉ်သတင်းတွေကို
သွေးမတော် သားမစပ်ဘဲ ကျွန်မ မယုံကြည်တော့ဘူး

အားလုံးပြီးသွားတော့မှ တစ်ကျန်ခဲ့တာ ဆင်ကြီးတွေဖြစ်ကြောင်း
ငါးထောင်တန် ဆန္ဒပြမှုတွေ အပြီးမှာ သူတို့ သိခဲ့ကြတယ်

ကျွန်မ သဘောကတော့ ရန်လိုသူတွေနဲ့ တွေ့ရင် ရန်တွေ ပေးလိုက်ပေါ့
ပေးစရာ မကျန်တော့ဘူးဆိုရင် ရန်ကုန်ပြီ ရန်ကင်းပြီလို့ မှတ်လိုက်ယုံပဲ

တကယ်ပါ
မျက်ရည်ကျတယ်
ကျွန်မ သူ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံမိတာကို
 

သိုးထိန်း (အန္တိမ)


0 Responses to “ကူးညက်”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: