05
Oct
16

မျက်နှာဟာ ခဲတံထိပ်ဖျားကနေ ပြန်ထွက်မလာနိုင်တော့ဘူး

ကြယ်တွေကို ဓါးနဲ့ လှမ်းပေါက် ငြှိမ်းသတ်ရင်း

မျက်မှန် အနက်ကြီးထဲ ပြုတ်ကျသွားတဲ့ စိတ်နဲ့

တပြိုင်နက်ဆိုသလို အသက်ငင်နေတဲ့ နှုတ်ခမ်းတွေ

မီးခြစ်ဆံသေတ္တာထဲက မြို့ငယ်မြက်လျှော

လူကုန်သွားလို့ ကူးမရတော့ဘူးဖြစ်နေတဲ့ လမ်းကြားလေးတွေ

ပလတ်စတစ်ပန်း တွေ ဝေ နေ မြဲ

မျက်နှာအောက်က လည်ချောင်းကြမ်းခင်းထဲ

ကျွံကျလာတဲ့ ကာလာဘလိုင်းအသံတွေ

သဘာဝတရားရဲ့ အဖြူအမည်းကလွဲရင်

မေးခွန်းတွေဟာ သိပ်တောက်ပတာပဲ

ဆိုတော့

ရေပြင်ပေါ်မှာ ဂယက်ထသွားတဲ့ တိတ်ဆိတ်မှုဟာ

အဖြေတွေ

တောင်ထိပ်ပေါ် သယ်သွားလိုက်

တောင်အောက်ကို ပြန်လှိမ့်ချလိုက်နဲ့

ဟိတ် ဟန် ကောင်းတဲ့ ပုရွဆိတ်ကလေးတွေ

သောင်တင်နေတဲ့ လှိုင်းပေါ် ပါသွားကြတယ်

အဲဒီလို စွန့်စားမှုဟာ ဘာသာရေးဆန်လွန်းတဲ့ ကာလမျိုး

နားရွက်တွေ ထောင်လာပြီး

ခြေမတွေ ကွေးကောက်သွားတယ်

နေကြာစေ့တွေဟာ အရိပ်ထဲ တိုးဝင်ခွေခေါက်လဲကျလို့

ဂျီသြမေတြီနည်းကျ ကပ်ထားတဲ့ ဆွမ်း၊ ရေချမ်း၊ ဆီမီး

စကြဝဠာရေပွက်ထဲမှာ မဂ္ဂင်ဖောင်ကြီးလည်း ပျက်ခဲ့ဖူးပါပြီ

အတိတ်ဟာ လေပူဖောင်းထဲ အတင်းမှုတ်သွင်းခံရတဲ့

ဟိုက်ဒရိုဂျင်ဆာလဖိုက်ပါတဲ့ လူလုပ်ဓါတ်ငွေ့တစ်မျိုးပဲ

တစ်ရာတစ်ဆယ့်ငါးမိုင်ထိရှည်တဲ့ မေတ္တာဓါတ်နဲ့

သဲလွန်စတွေဟာ မူရာနိုဖန်ထည်တွေလို လှပနိုင်လွန်း

သနပ်ခါးဘဲကြားနဲ့ အိုလံပီယန်တွေဟာလည်း ထည်ဝါနိုင်လွန်း

ရန်ကုန်ရွှေမြို့တော်ကြီးရဲ့သမိုင်းဝင် ဂုံးကျော်တံတားကြီးတွေ

နေမွန်းမတည့်မီအပြီးဖြတ်နိုင်တဲ့အခါ တောင်းဆုတွေဟာလည်း ပြည့်ဝနိုင်လွန်း

ရင်တော့

ရာသီဥတုဟာလည်း မခေါ်မပြောပဲ ဆက်လည်နေဦးမယ်

မီးပွိုင့်တွေဟာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေကို ဆက်ငေးကြည့်နေဦးမယ်

ကြယ်တံခွန်တွေဟာလည်း နေကြာပန်းခင်းထဲ ဆက်ငိုက်မြည်းနေဦးမယ်

 

သိုးထိန်း (အန္တိမ)


0 Responses to “မျက်နှာဟာ ခဲတံထိပ်ဖျားကနေ ပြန်ထွက်မလာနိုင်တော့ဘူး”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


categories

archives


%d bloggers like this: