19
Sep
17

အပျော်ထွန်း အသက်ဓါတ်

မျက်တောင်တွေပေါ်မှာ တောက်လောင်နေတဲ့
မီးတောက်ရဲ့ အရိပ်ထဲ
ပြီးတော့ လှိုင်းတွန့်တွေရဲ့ ဟိုးအဝေးမှာ
အကြမ်းဖာ့ခ်သမားတွေပစ်ပေါက်လိုက်တဲ့
ပန်းပွင့်တွေရဲ့ ပွင့်ဖတ်တွေကြားထဲ
ကမ္ဘာဦးမှာကတည်းက ပျက်ကျခဲ့တဲ့ အပျိုရည်ကို
ဘယ်လို black box နဲ့ ထုတ်ယူဆင်ခြင်ကြည့်ကြမလဲ

ကိုယ်ရနံ့ကနေ ဖြာထွက်လာတဲ့ အတွေးကိုယ်စီနဲ့
ကြွက်တွေဟာ မီးခိုးတိမ်တိုက်ကြီးထဲ တိုးဝင်နေကြသလို
အရေပြားရဲ့ အခြားတစ်ဖက်ဆီ ကူးခတ်ဖို့ ကြိုးစားချင်ပါရဲ့

နှစ်ယောက်တစ်အိမ်မက်ဆိုတာ
မိနစ်၂၀ အသုံးခံတဲ့ vibration ring ပဲမဟုတ်လား

ကုတင်ပေါ် ပစ်တင်ထားတဲ့ သံပတ်ရုပ်ကြီးဟာ
သက်ရှိခန္ဓာကို အိပ်မက်မက်တဲ့အခါတိုင်း
ကောင်းကင်ဘုံဟာ မျက်နှာကြက်မှာကပ်နေတဲ့ LED မီးဆိုင်း
တိမ်တွေတဝက်ပြည့်နေတဲ့ညမှာ
အိမ်မက်ဟာ နှိုက်လို့မရတဲ့ နက်ရှိုင်းမှုအထိ
ကွေးကောက် ဝင်ရောက်သွားသလား

ဂါလံပုံးတွေထဲက ထမင်းလုံးတစ္ဆေတွေဟာ
ကုန်းထလာကြပြီး
လေထုထဲကို အစိုဓါတ်တွေ ထုတ်လွှတ်လိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ

ရှဥ့်တွေစွန့်ခွာသွားတော့ ပျားတွေဟာ ပျော်ပြီး ကျန်ခဲ့ကြသလား

ပြုပြင်ဆဲရင်သားတွေအတွက် လိုအပ်တဲ့အနွေးဓါတ်ဆိုတာ
ကွမ်းယာဆိုင်တွေမှာ အလွယ်တကူရနိုင်တဲ့ လျှာဂျွမ်းပြန်တွေပဲပေါ့

နောက်ဖေးလမ်းကြားတွေထဲမှာ
နာမ်တရားဟာ ကိုယ်ရောင်ကိုယ်ဝါတွေ ဖြာကျနေပါလျက်နဲ့
ညနက်ပြီဆို ချိန်သားကိုက်ထိုးဟောင်ကြတဲ့ ခွေးတွေဟာ
ဥမကွဲ သိုက်မပျက် ရဲ့ အဓိပ္ပါယ်ကို မသိနိုင်ခဲ့ကြဘူး
တစ်ယောက်အူသံအဆုံးမှာ တစ်ယောက် သံရှည်ဆွဲလိုက်တဲ့အခိုက်ဟာ
နတ်လင်းနို့တွေ အစုလိုက်အပြုံလိုက် ပျံသန်းတိုးထွက်လာသလို

ကန့်လန့်ကာနောက်ကွယ်မှာ အမွှေးအမှင်ထူထဲယှက်ငြိခဲ့ကြတဲ့
လက်နက်ကိုင် နံရံတွေ
မျက်တောင် အဖွင့် အပိတ် အတွင်းမှာ
သေစေနိုင်သည် လို့ ဖော်ပြထားတဲ့ အနက်ရောင်သေတ္တာတွေ
ကောင်းကင်ဘုံက လက်ခံရရှိတဲ့ ဝိုင်ပုလင်းတွေထဲမှာ
ကြွက်တွေရဲ့ အသက်သွေးချွေးတွေ
မုန်တိုင်းကို စုပ်ယူမျိုချဖို့ ဖြဲဟစောင့်နေတဲ့ ပါးစပ်ကြီးတွေ

ပေါင်တံတွေအောက်က ရေခဲပြင်ကြီးပေါ်မှာ
သံလိုက်အိမ်မြှောင်ဟာ အဆက်မပြတ်လည်နေတယ်
ပယောဂမှန်ရင် တုန်ဆင်းလာတယ်ဆိုသလိုပါပဲ
စီးကျလာတဲ့ အရည်လဲ့လဲ့တွေဟာ ကြယ်ပင်လယ်ကြီး သဖွယ်
မြစ်ဝကျွန်းပေါ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်

သိုးထိန်း (အန္တိမ)

 


1 Response to “အပျော်ထွန်း အသက်ဓါတ်”


  1. 1 lanolay
    September 20, 2017 at 2:50 AM

    Scary star sea suffers Shogun’s sumos
    🏊💫


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s


categories

archives


%d bloggers like this: