21
Dec
18

Group မ Chat ခြင်း အနုပညာ

မြင်းတွေဟာ အလင်းကိုမြင်ဖို့ အမှောင်ထဲကို တိုးဝင်သွားကြတယ်

မိဘမေတ္တာကို မရိုက်ကြပါနဲ့ ဆိုတဲ့ ပဲ့တင်သံဟာ ဂူနံရံမှာ လှုပ်ခပ်လို့

အစဉ်အလာဟာ မှောင်ရိပ်ကျတဲ့ဘက်အခြမ်းက ဆေးရေးပန်းချီတွေ

ထရိုဂျန်ရဲ့ သုတ်ပိုးကိုသန့်စင်ဖို့မေ့လျော့ခဲ့တဲ့ ကျောက်တုံးတွေ

ခြောက်ကြိမ်မြောက် ရွတ်ဖတ်သရဇ္ဈာယ်မှုအပြီးမှာ

ရထားလုံးကြီးဟာ အသက်ဝင်လာတယ်

အိပ်မောကျနေတဲ့ အမွှေးအမှင်ရှည်ရှည်တွေဟာ ကုန်းထလာကြတယ်

အာရုဏ်ဦးဟာ မြင်းစအိုဝနားမှာ

မျိုးရိုးဗီဇကျောက်ပန်းကျောက်ခက်တွေပေါ်က

သွေးဟာ တစက်စက် စေးထန်းစိမ့်ထွက်လို့

ဆီကုန်သွားတဲ့ မြင်းလိင်တံဟာ အမြှုပ်တစီစီထွက်လို့

pain is so close to pleasure ဆိုတာကို

မြင်းမြှီးဟာ နားမလည်နိုင်ဘူး

ဘုရင်မကြီးကလည်း ရှင်းပြမှာ မဟုတ်ဘူး

မြင်းခွာသံတွေကြားတိုင်း ကာမဆန္ဒဟာ ပတပ် ထ ထ ရပ်တယ်

ဂူကြမ်းပြင်ပေါ်က ဖယောင်းစက်တွေအောက်မှာ

ပညာပါရမိတာဟဒယ လို့ တစ်ယောက်ယောက်က ရေးခဲ့ဖူးပါလိမ့်မယ်

 

သိုးထိန်း (အန္တိမ)

 

 

 


0 Responses to “Group မ Chat ခြင်း အနုပညာ”



  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


categories

archives


%d bloggers like this: