အောက်စလွတ်နေတဲ့ မော်စီတုံးရဲ့ အပြုံးဟာ
ဖုံးမရဖိမရနဲ့ news feed မှာ တက်လာတယ်
ရေသန့်ရေခဲစစ်စစ်နဲ့ ဖျော်ထားတဲ့ ရေခဲရေအေးအေးလေးနဲ့
အပက်ခံလိုက်ရတဲ့ အခိုက်အတန့်လေးဟာ
အဖန်ငါးရာ ငါးကမ္ဘာဖြစ်ရင် သိပ်ကောင်းမှာပဲ
ငါးကမ္ဘာရဲ့ အထက်မှာ ဘဲတွေ
ညစ်ပတ်တူးလန်နေတဲ့ ခြေထောက်အရေပြားတွေ
ရေထဲ ထိုးခွဲပြီး ယက်နေတယ်
နွံနစ်နေတဲ့ ဝက်ကို မကယ်ကောင်းသလိုပဲ
ကြာကြည့် ကြည့်နေတဲ့ ရွှေကြာကို မကယ်ကောင်းဘူး
ဆိုတဲ့ အတွေးနဲ့ ကင်မ်မြောင်အင့်ဟာ
ဦးထုပ်ပျော့လေးဆောင်းပြီး ဆိုင်ထဲက ထွက်လာတယ်
သောက်ခဲ့သမျှဟာ ပေါက်ခဲ့သမျှထဲ ပါသွားလား
မပါသွားလား သိမှုဟာ မသေချာဘူး
ဆီးဖတ်လုပ်ထားတဲ့ နိုတီတွေ တက်တက်လာတယ်
ညထဲ ချွေးတွေရွှဲလွန်းလို့ မီးပါ ပျက်သွားတယ်
စခွင်အလင်းအောက်မှာ လူချင်းထိစမ်းမိတယ်
တွက်ရေကာ လက်တွေညောင်းတော့တယ်ဆိုတဲ့ ကုတင်ပေါ်မှာ
အင်္ဂါအမွှေးတွေကို ဘယ်လို ရေတွက်ခဲ့တာလဲ
ဝမ်း ဝမ်း သောင်ဆင်
တူး ဝမ်း သောင်ဆင်
သရီး ဝမ်း သောင်ဆင်
… … … သောင်ဆင်
အဖြစ်လုပ်လိုက်တာပါဆိုတာထက်ပိုတဲ့
ဂွမ်းဆီထိ ပီတိနဲ့ တအိအိ လေးကျလာတဲ့ မျက်ခွံတွေအောက်မှာ
ငယ်ဘဝ သေးပေါက်ရင်း ဇစ်ညပ်ခဲ့တာကို
အလိုလို သတိတွေ ရ။
သိုးထိန်း (အန္တိမ)
0 Responses to “စားမာန်”