တစ်ပေါက်မကောင်း တစ်ပေါက်ကောင်းမှာပါလေ
ဆိုတဲ့ အကောင်းမြင်စိတ်နဲ့
အပေါက်ဆိုးတဲ့ ဘဏ်စာရေးမတွေကို ဆက်ဆံဖူးသလား
စကပ်ထဘီခွဲကြောင်းကြားထဲက မြင်ရတဲ့
ခြေသလုံးမွှေးတွေဟာ တစ်သောင်းတန်ငွေစက္ကူချပ်တွေလို့
ထပ်ပြီး အကောင်းမြင်ခဲ့ဖူးသေးလား
ရင်ညွှန့်မှာသီးနေတဲ့ ချွေးစက်ကလေးတွေ
ဘရာစီယာထဲ ခုန်ဆင်းပျောက်ကွယ်သွားပုံနဲ့
ဂျိုင်းချွေးနံ့သင်းသင်းလေး နှာဝကို တိုးဝင်လာပုံက
ဗဟိုဘဏ်ကနေ ဒေါ်လာတွေ အောက်ဈေးနဲ့ ရလိုက်သလိုပဲလို့
အကောင်း ထပ်မြင်ဖူးသလား
မြန်မာဘာသာနဲ့ ပိုပြီးလွယ်ကူတဲ့ လုံခြုံမှုသေတ္တာထဲမှာ
အစီအစဉ်တကျထည့်ထားတဲ့ လုံခြုံမှုကြက်ပေါင်စွပ်တွေ ရှိတယ်
ပိုမိုခိုင်မာတဲ့ အနာဂါတ်တွေအတွက်
အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်း
ဘဏ်ဖွင့်ချိန်အတွင်းမှာ အချိန်အကန့်အသတ်မရှိ
မိမိနှစ်သက်ရာအရွယ်အစားကို ငှားရမ်း အသုံးပြုနိုင်တယ်
ဝန်ထမ်းဝတ်စုံအောက်က ဗိုက်ခေါက်ထူထူအလယ်မှာ
ငွေသားပေးရမယ့်အစား ခေတ်မီလှပတဲ့ မေတ္တာလက်ဆောင်ချက်ကြီးကို
တစ်ဦးထက်ပိုပြီး ဖွင့်မယ်ဆိုရင်တော့ဖြင့်
တွဲဖက်စာရင်းဖွင့်လှစ်ဖို့ နီးစပ်ရာ ဘယ်ဘဏ်စာရေးမကိုမဆို
အရင်းအထိ လွယ်ကူစွာ သွင်း/ထုတ် ပြုလုပ်နိုင်မယ့် ကိုယ်ပိုင်သော့ (customer key) ရှိဖို့လိုပါမယ်။
သိုးထိန်း (အန္တိမ)
0 Responses to “အတိုး”