မပြောမပြီး မတီးမမြည်ဆိုတဲ့အတိုင်း ဂစ်တာကိုကောက်ကိုင်လိုက်တယ်။ စိတ်က ဗလာဟင်းလင်းဖြစ်နေတော့ ဘာတီးရမှန်းမသိဘူး။ ဘုရားကျောင်းရဲ့ခေါင်မိုးစွန်းထိပ်မှာရပ်ပြီး ပါရီမြို့ကြီးကိုငေးကြည့်နေတယ်လို့ မှန်းလိုက်သေးတယ်။ အလုပ်မဖြစ်ဘူး။ တိတ်ဆိတ်မှုဟာ စိတ်ကို ပုရွက်ဆိတ်ကလေးတွေဝိုင်း ကိုက်နေသလိုပဲ။ တစ်ဖက်ခန်းက ပြီးလိုက်တော့ ပြီးလိုက်တော့ဆိုတဲ့ အသံသဲ့သဲ့ နားထဲဝင်လာတော့မှ မရှိတဲ့ ကော့ဒ်တွေဆီ လက်ချောင်းတွေ ရောက်သွားတယ်။ စီးကရက်သောက်ပြီးချစ်မှုပြုခြင်းဆိုတဲ့သီချင်းကို သူသတိရတယ်။ ဖလက်တံပေါ်မှာ ဘယာစီယာကြိုးစဟာ တွဲခိုလို့။ ပင့်ကူတစ်ကောင်ရဲ့ခြေသံတွေလိုမျိုး ပက်ထရွန်ဟာ ဂစ်တာကြိုးတွေကို တုန်ခါစေတယ်။ စီးကရက်မီးခိုးငွေ့တွေကြားမှာ ဘတ် ဘတ် ဘတ် ဘတ် နဲ့ အသံဟာ မဆံ့သို့သော် မပြဲဆိုသလို ထွက်ပေါ်နေတယ်။ ဆေးရောင်တွေကျွတ်ကြဲနေတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ အလုံးစုံကို ထိုးထွင်းမကြားမသိမမြင်မနံတော်မူသလို မလှုပ်မယှက်ပဲ မျက်စိကိုလည်းမှိတ်ထားတယ်။ ဇစ်ပိုဗူးသဏ္ဌာန်မုဒြာပေါ်မှာ vape juice နဲ့ ထွန်းညှိထားတဲ့ အမွှေးနံ့သာတွေ တလိပ်လိပ် တလိမ့်လိမ့် လူးချည် လွန့်ချည်။ တုန်ခါမှုအပြီးမှာ သူဟာ WTC တာဝါတွေလို ပျော့ကျသွားတယ်။ မနက်လင်းတိုင်း အပါယ်ကြောက်တဲ့စိတ်နဲ့ နိုးထလာရတဲ့ ဘဝကို ဘယ်သူက လိုချင်မှာလဲဟယ်။ ပြင်သစ်ဘုရားကျောင်း မီးလောင်တော့ ဘယ်တောကြောင်မှ လက်ခမောင်း မခတ်ခဲ့ဘူးလေ … လက်ချင်းတူရင်တောင် အိုင်လက်ဗ်ယူလို့ ပြောမှ မငြူစူတော့တဲ့ခေတ်။ သူ့မှာ စူစရာဆိုလို့ ရင်သီးလေး နှစ်တောင့်ပဲရှိတာ။ ဘုရားကျောင်းခေါင်မိုးပေါ်က စုလစ်မွန်းချွန်လေးတွေလိုပဲ။ ဆွဲရင်းနဲ့ နိဗ္ဗာန်ရောက်သွားတယ် ဆိုတာမျိုး ဒီခေတ် ဗန်းစကားထဲ ထည့်သုံးလာကြတယ်။ ဂစ်တာကြီးမီးလောင်နေတုန်းကရော ရောမမြို့ကြီးက သောက်ဖက် လုပ်ခဲ့ဖူးလား။ ဆေးလိပ်မီးတစ်တို့လောက် လို့ ပြောတဲ့အသံတွေ တိတ်သွားပုံကတော့ တကယ့် နေ့ခင်းအိပ်မက်ထဲ ရောက်သွားတဲ့အတိုင်း။ VR ခေါင်းစွပ်ကို စွပ်ပြီးမှာ သူက လှည့်ပြောသေးတယ်။ ငရဲကလာတဲ့သူလည်း ပူစီတော့ ကြောက်ရသေးတာပဲ။ အသိဥာဏ်ပညာ တံခါးပေါက်ဆီ သို့ ဒုတ်ဒုတ်ထိ ပေါက်မြောက်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါရဲ့။
မောင်ဖုန်းမြင့်၊ သိုးထိန်း (အန္တိမ)
မေ ၁၅၊ ၂၀၁၉
0 Responses to “နီကိုတင်း”