မတော်တာတွေနဲ့ပဲ ပျော်ရလွန်းလို့ ကျမဘဝမှာ ရင်လေးဆေး ဝယ်သောက်ဖို့ မလိုဘူး။ ပေါက်တဲ့နဖူးပေါ်မှာ “မထူးဇတ် ရမည်” လို့ တက်တူးထပ်ထိုးထားတယ်။ ဇတ်ပေါ်မှာ ဝက်ခြံပေါက်တော့ ခက်တာပဲ။ အားလုံးက ဒေါင်လိုက်ချည်းပါပဲကွာလို့ ပြောဖူးတဲ့ ဖောက်သည်အစ်ကိုတစ်ယောက်ကိုလည်း မဆီမဆိုင်သတိရမိသေး။ အမျိုးသားအပေါင်းရဲ့ မြှောက်စားထောက်ထားခြင်းခံရတဲ့ဘဝဆိုတာ လွယ်လွယ်နဲ့တော့ မရဘူး။ တန်းတူညီမျှ ဝါဒဖြူစင်တယ်ဆိုတာ သီချင်းပဲရှိတာ။ တကယ့်ဘဝက ဖရားရီးကားပေါ်မှာ ရုပ်ဆိုးနဲ့ ဘုတ်ပြဲ နှစ်မျိုးပဲအတွေ့များတယ်ဆိုသလို အကောင်းချည်း အမြဲ မြင်တွေ့ကြားနာလိုချင်လို့တော့ မရဘူး။ မတော်ရင်၂ဆ တော်ရင်၁ဆ ရခဲ့တဲ့ ဘဝမှာ လောကဓံက မှောက်ဆိုမှောက် လှန်ဆိုလှန်ပဲ။ ကျားရဲရာ ဖဲပြောင်ရတဲ့ ဘဝဆိုတာ စာနာနိုင်သူ အရှားသား။ ကြားကားဆိုတာ ကျမတို့ရဲ့ဖယ်ရီတေး။ နှုတ်ခမ်းနီပါးလေးတွေရဲ့အသည်းစွဲ။ ဘယ်သူတွေဝင်ဝင်ဆွဲလဲတော့ ဘယ်ပြောမလဲ။ စပွန်ဆာဆိုတာ အရည်ကုန်သွားရင် မြောင်းထဲ အလွှင့်ပစ်ခံဗူးတစ်ဗူးပဲ။ တစ်ရှုးသုံးတော့ လက်ညစ်ပတ်သက်သာတာပေါ့ရှင်။
သိုးထိန်း (အန္တိမ)
0 Responses to “ပိတောက်”