Archive for the 'collaboration' Category

15
May
19

နှစ်နှစ်

သူ့စဉ်းစားပုံကို အိမ်ပြင်ဘက်ထုတ်ပြီး နေလှန်းရတယ်။ ခဏအကြာ ကျီးကန်းတွေ စားချင်စဖွယ် ဖြစ်လာတော့မှ စာခြောက်ရုပ်ကို သူ့ဘေးနားမှာ ထောင်လိုက်တယ်။ အနူတောမှာတော့ သူဟာ လူချော။ ရောင်ဝါနေမင်းကို ပိတ်ဖုံးကာလိုက်တဲ့ တိမ်သလ္လာမည်းမည်းတွေဟာ အဝိဇ္ဇာပဲ။ အဝိဇ္ဇာရဲ့ အရိပ်အောက်မှာ ငါတို့ ကျေနပ်ပျော်ရွှင်ကြရတယ်။ ဒါပေမယ့် စပျစ်သီးချဉ်တာကိုလက်ခံနိုင်ပြီး ဂွေးသီးငန်တာကို အပြစ်လို့ထင်နေတုန်းဆိုရင်တော့ လူတန်းစားတိုက်ပွဲဟာ ဆက်ရှိနေဦးမှာပဲ။ စိတ်ပြေလက်ပျောက်ဖြစ်ချင်ရင် ကေတီဗီသွားပေါ့လို့ ကျီးကန်းတွေက တအားအား အော်မြည်နေကြတယ်။ ငါးလက်မလောက်ဖြစ်ဖြစ်ပေါ့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ တစ်ဝက်ကို မင်းဘယ်လိုတွေတောင် စဉ်းစားလိုက်တာလဲလို့ ပြန်လှန်မေးခွန်းထုတ်ဖူးလား။ ရွှံ့နဲ့မံထားတဲ့ အိပ်မက်ဟာ ငှက်ချေးနဲ့ ပတ်တီးရိုက်တာကိုပါ ထပ်ခံလိုက်ရတယ်။ အခုမျက်စိရှေ့မှာ နှစ်ခါပြန်ပျံသန်းသွားတဲ့ ကျီးကန်းကို စိတ်က လေးခွနဲ့ လှမ်းပစ်မိတယ်။ ဒုထမင်းချက်ရာထူးနဲ့ ပုဆိုးကို မပြီး မီးဖိုချောင်ထဲ သူဝင်သွားတယ်။ ငယ်စဉ်ကဖတ်ခဲ့ဖူးတဲ့ရုပ်ပြစာအုပ်ထဲက တောင်ကျရေတဝေါဝေါဟာ နေ့စဉ်ဘဝထဲအထိ အရှိန်အဟုန်မပျက်ဆက်လက်စီးဆင်းနေတုန်းပဲ။ မြစ်တစ်မြစ်ဟာလူတစ်ယောက်ကို နှစ်ခါရေမချိုးပေးနိုင်သလိုပေါ့။ ကေတီဗီတစ်ခုမှာ လူယောက်ဟာ သီချင်းတစ်ပုဒ်ကို ၂ခါမဆိုနိုင်ဘူး။ ဒါကြောင့် ကေတီဗီသွားရင် နှစ်ယောက်သွားပြီး တစ်ပုဒ်ထဲကို အတူတူဆိုဖို့ ကြိုးစားရတယ်။ ပြီးတော့ သီချင်းရွေးဖို့ နည်းပညာအကြောင်းနားလည်တဲ့ ကောင်မလေး ၂ယောက်လောက်ကို ထပ်ခေါ်ရပြန်တယ်။ လိမ္မော်သီးနဲ့လိမ္မော်ရောင် ဘယ်သူကအရင်ဖြစ်ခဲ့သလဲ ဘုရားကပိုသိမှာပဲ။ ဆိုတော့… ၂၁ ရာစုရဲ့ ကြပ်ခိုးတွေ၊ ပင့်ကူအိမ်အပြိုအပျက်တွေကြား ဘုရားတွေကိုပဲ သနားနေမိတော့တယ်။ ဦးချလိုက် ဦးချလိုက်လို့ အထက်က အသံတစ်သံထွက်လာတယ်။ သစ်ရွက်တွေထူပိန်းနေတော့ ဘယ်သူဘယ်ဝါဘယ်ကောင်ဆိုတာ မသိရဘူး။ အဒေါ်က အောင်ဆန်းသူရိယဒေါ်ခွေးမဆိုတော့ အံကြိတ်ထားတာ အသံမထွက်ဘူး။ ဦးပဲ ချွေးတွေထွက်တယ်၊ ပြီးတော့ မောသွားတယ်။ မ ထားတဲ့ ပုဆိုးစကို လက်လွှတ်လိုက်ပြီးတဲ့နောက် ကျီးကန်းသေကို ရေနွေးဆူဆူနဲ့လောင်းပြီး အတောင်တွေကို နှုတ်ရတာလည်း တရားထိုင်ခြင်းတမျိုးပဲလို့ ငါတွေးမိတယ်။ ငါတွေးတော့ ငါပုဆိုးကျွတ်သွားတယ်။ ဝါးတံလျောက်နဲ့ သွယ်ထားတဲ့ တောင်ကျရေဟာ မီးဖိုချောင်နောက်ဖက်က ကျောက်ကန်ထဲ အေးစက်စက်နဲ့ ကျနေတယ်။ နွားမအုပ်ထဲဗိုလ်လုပ်နေတဲ့ နွားကုပ်တစ်ကောင်ရဲ့ စဉ်းစားဆင်ခြင်သုံးသပ်မှုအပြီး ငါတို့ကျေနပ်ပျော်ရွှင်ခဲ့ကြရတဲ့ အဖိုးအခ… အရစ်ကျပြန်ဆပ်ရပေမပေါ့။ လူချောတွေ ဝင်ငွေကောင်းတဲ့ခေတ်ပဲလေလို့ ဘီးကျဲတစ်ပွေ ပြောခဲ့ပေမယ့် ဘယ်သူမှ သတိမရတော့ဘူး။ သမိုင်းဆိုင်ရာ ဆင်းရဲမှုတွေထဲမှာ ဘယ်သူက အကြာကြီးနေချင်မှာလဲ။ ၃၈ ဖြာမင်္ဂလာမှာ အသေဝနာစဗာလာနံဆိုပေမယ့် မိမိကိုယ်သာကိုးကွယ်ရာပဲမဟုတ်လား။ ပြောစရာကတော့ကုန်ပြီ မိုက်ကိုသေချာကိုင်ပြီး စခွင်မှာပေါ်လာသမျှ စည်းဝါးနရီမှန်အောင်ဆိုဖို့သာပဲ ချစ်သားတို့ လို့ စာခြောက်ရုပ်က လေထဲမြောက်တက်သွားရင်း ပြောတယ်။

သိုးထိန်း (အန္တိမ)၊ ကြက်သွန်
မေ ၁၅၊ ၂၀၁၉

15
May
19

နီကိုတင်း

မပြောမပြီး မတီးမမြည်ဆိုတဲ့အတိုင်း ဂစ်တာကိုကောက်ကိုင်လိုက်တယ်။ စိတ်က ဗလာဟင်းလင်းဖြစ်နေတော့ ဘာတီးရမှန်းမသိဘူး။ ဘုရားကျောင်းရဲ့ခေါင်မိုးစွန်းထိပ်မှာရပ်ပြီး ပါရီမြို့ကြီးကိုငေးကြည့်နေတယ်လို့ မှန်းလိုက်သေးတယ်။ အလုပ်မဖြစ်ဘူး။ တိတ်ဆိတ်မှုဟာ စိတ်ကို ပုရွက်ဆိတ်ကလေးတွေဝိုင်း ကိုက်နေသလိုပဲ။ တစ်ဖက်ခန်းက ပြီးလိုက်တော့ ပြီးလိုက်တော့ဆိုတဲ့ အသံသဲ့သဲ့ နားထဲဝင်လာတော့မှ မရှိတဲ့ ကော့ဒ်တွေဆီ လက်ချောင်းတွေ ရောက်သွားတယ်။ စီးကရက်သောက်ပြီးချစ်မှုပြုခြင်းဆိုတဲ့သီချင်းကို သူသတိရတယ်။ ဖလက်တံပေါ်မှာ ဘယာစီယာကြိုးစဟာ တွဲခိုလို့။ ပင့်ကူတစ်ကောင်ရဲ့ခြေသံတွေလိုမျိုး ပက်ထရွန်ဟာ ဂစ်တာကြိုးတွေကို တုန်ခါစေတယ်။ စီးကရက်မီးခိုးငွေ့တွေကြားမှာ ဘတ် ဘတ် ဘတ် ဘတ် နဲ့ အသံဟာ မဆံ့သို့သော် မပြဲဆိုသလို ထွက်ပေါ်နေတယ်။ ဆေးရောင်တွေကျွတ်ကြဲနေတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ အလုံးစုံကို ထိုးထွင်းမကြားမသိမမြင်မနံတော်မူသလို မလှုပ်မယှက်ပဲ မျက်စိကိုလည်းမှိတ်ထားတယ်။ ဇစ်ပိုဗူးသဏ္ဌာန်မုဒြာပေါ်မှာ vape juice နဲ့ ထွန်းညှိထားတဲ့ အမွှေးနံ့သာတွေ တလိပ်လိပ် တလိမ့်လိမ့် လူးချည် လွန့်ချည်။ တုန်ခါမှုအပြီးမှာ သူဟာ WTC တာဝါတွေလို ပျော့ကျသွားတယ်။ မနက်လင်းတိုင်း အပါယ်ကြောက်တဲ့စိတ်နဲ့ နိုးထလာရတဲ့ ဘဝကို ဘယ်သူက လိုချင်မှာလဲဟယ်။ ပြင်သစ်ဘုရားကျောင်း မီးလောင်တော့ ဘယ်တောကြောင်မှ လက်ခမောင်း မခတ်ခဲ့ဘူးလေ … လက်ချင်းတူရင်တောင် အိုင်လက်ဗ်ယူလို့ ပြောမှ မငြူစူတော့တဲ့ခေတ်။ သူ့မှာ စူစရာဆိုလို့ ရင်သီးလေး နှစ်တောင့်ပဲရှိတာ။ ဘုရားကျောင်းခေါင်မိုးပေါ်က စုလစ်မွန်းချွန်လေးတွေလိုပဲ။ ဆွဲရင်းနဲ့ နိဗ္ဗာန်ရောက်သွားတယ် ဆိုတာမျိုး ဒီခေတ် ဗန်းစကားထဲ ထည့်သုံးလာကြတယ်။ ဂစ်တာကြီးမီးလောင်နေတုန်းကရော ရောမမြို့ကြီးက သောက်ဖက် လုပ်ခဲ့ဖူးလား။ ဆေးလိပ်မီးတစ်တို့လောက် လို့ ပြောတဲ့အသံတွေ တိတ်သွားပုံကတော့ တကယ့် နေ့ခင်းအိပ်မက်ထဲ ရောက်သွားတဲ့အတိုင်း။ VR ခေါင်းစွပ်ကို စွပ်ပြီးမှာ သူက လှည့်ပြောသေးတယ်။ ငရဲကလာတဲ့သူလည်း ပူစီတော့ ကြောက်ရသေးတာပဲ။ အသိဥာဏ်ပညာ တံခါးပေါက်ဆီ သို့ ဒုတ်ဒုတ်ထိ ပေါက်မြောက်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါရဲ့။

မောင်ဖုန်းမြင့်၊ သိုးထိန်း (အန္တိမ)
မေ ၁၅၊ ၂၀၁၉

26
Jan
12

(ရေခံမြေခံ) ကောင်းတဲ့စိတ်ရဲ့ ကောင်းကင်ထဲ ချိတ်တွယ်ထားတဲ့ ကြယ်ကလေးတွေ

ပြောရမယ်ဆို အဲဒီလို ဖြစ်ဖြစ်နေတာ

ဖြင့်

ကြာမြင့်ဆွေးရိ လှပြီ၊

power ဟာ အရေအတွက်လား အရည်အသွေးလား

သူရောက်တဲ့ နေရာတိုင်းမှာ သူ့ကို ဆန္ဓပြ တဲ့သူရှိတယ်၊

သူ ဟာ

ဆက်သွယ်မှုဧရိယာပြင်ပက ဒေသခံ ပဟေဠိတစ်ခုလား

သူ့ ယဉ်ကျေးမှု ဟာ ရိဆွေးပြီးပေါက်သွားတယ်

ဒေသခံ တွေရဲ့ ဘာသာစကားဟာ

သက်တောင့်သက်သာ ဖြစ်မှု ကို ပြန်လည်မေးခွန်းထုတ်ရင်း

our-dentity ပျောက်ဆုံး ကုန်တယ်

အရေးပေါ် အသားကိုယ်စီ အသွေးကိုယ်စီနဲ့

သူရဲကောင်းတွေ လွှမ်းမိုးကြီးစိုးတဲ့ ခေတ်မှာ

မှ

ကြောက်ချီးအပါဆုံး ဆုတံဆိပ် အလီလီ

သူ ရခဲ့တာ၊ ပြန်ဖြင့် မပြောချင်တော့ဘူး

အဖန်တလဲလဲမြက်ခင်းအပေါ်က နေရောင်ခြည်နဲ့

မျက်နှာပေါ် ချွေးပေါက်တွေကြားထဲမှာ ကပ်ညှိနေတတ်တဲ့

တောတွင်းမသိစိတ်တွေ၊ အင်း . . ဖူးကို့ကြီး ပြောတယ်၊

စိတ် ဟာ ခန္ဓာရဲ့ အကျဉ်းထောင်

ပူနွေးတဲ့ကမ္ဘာကြီးနဲ့ ဆောင်းလမ်းကြားများနဲ့

ယဉ်ကျေးမှုမြင့်မားတဲ့ နိုင်ငံတော်ကြီးနဲ့

ယဉ်ကျေးမှုမြင့်မားတဲ့ ဆောင်ကြာမြိုင် လမ်းကြားများနဲ့

ကိုယ့်လမ်းကိုယ် ကြိုးပမ်းပိတ်ဆို့မှုနဲ့ ပြတင်းပေါက်အပြင်

ပြန်ဖတ်ကြည့်ရမှာက အရေးအသား ကျွမ်းကျင်မှု

အကြားမှာ အဆက် နဲ့ အသွယ်

မိတဲ့ အတွေး နဲ့ လွတ်တဲ့ အတွေး နဲ့

လွှတ် တဲ့ အရေး နဲ့ ခက်တဲ့ အသား

အရေးအသားဟာ စိတ်ကူးဖြန့်ကျက်မှုရဲ့ နောက်ဆက်တွဲဂယက်

တွေးခေါ်မှုကို အရေးအသားအတွင်းကနေ

တစ်ရှုးတွေ တစ်လွှာပြီး တစ်လွှာ ထုတ်လိုက်သလို

အသွေးအသားဟာ လက်ရှိဈေးကွက်အတွင်း ခေတ်ပြိုင်အာရုံခံစားမှု

နူးညံ့ မွှေးပျံတဲ့ လည်တိုင်ကလေးကို အနောက်ကနေ လှမ်းကိုက်လိုက်တဲ့အချိန်မှာ

အနုပညာဟာ အရေပြားတွေ၊ သွေးကြော နံရံတွေကို ဖောက်ပြီး

စာသားတွေအထဲ စီးဝင်သွားတယ်၊ ငါ ကိုယ့်ငါ ပြန်လုပ်ယူ လို့ မရတော့ဘူး၊

ခေတ်ပြိုင် ပင်မ ခံစားမှု၊

မသိစိတ်ထဲက အရေးအသားတွေဟာ

စာသားတွေဟာ ကြည်လင်ငြိမ်သက်နေတဲ့ သံသယနဲ့ ဘာသာစကားအပေါ်

တစိမ့်စိမ့်ထွက်နေတဲ့အရောင်တွေ၊ မဖြစ်နိုင်ဘူး ဆိုတာ ကိုးခါ လောက် ပေါ့၊

လက်လွတ်စပယ် ဝတ်မှုံကူးမှုတွေ

အရေးအသားအရ မတွေ့မခံစားဖူးတဲ့ ယဉ်ကျေးမှုဟာ

တခြားအရာတွေနဲ့ ဆက်သွယ်ရန် လက်ညှိုးပေါင်း တစ်ထောင်လား

အမှုန်အမွှားများရဲ့သဒ္ဒါကို မှန်ကန်စွာဘာသာပြန်ဖို့

ရှုထောင့်ပြောင်းခြင်းနဲ့ စပ်ဆက်ဝန်းကျင်ရဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့

နှလုံးသား နဲ့ ဦးနှောက်အတွင်းပိုင်းထဲမှာ

တွဲချိတ်မှု၊ လိုင်းဖွဲ့မှု၊ လည်ပတ်ဆောင်ရွက်မှု၊အပြုစုခံ၊ အပြဌာန်းခံ တည်ဆောက်မှု၊

နည်းစနစ်အမျိုးမျိုးနဲ့ သင်္ကေတတွေ၊ ကွင်းဆက်တွေ

အကြောင်းအရာထက် အတန်းလိုက်ရွေ့လျားနေတဲ့ ရိပ်ခနဲတွေ

အချင်းချင်းကို ဘယ်လိုဆွဲဆန့်ချိတ်ဆက်ယူသလဲ

လူ့စိတ်ဟာ မှန်တစ်ချပ်လိုပဲ

ပြောင်းလဲနေတဲ့ လူမှုအလေ့အကျင့်တွေဟာ ပြဒါး

အစားထိုး ကုသလိုက်တဲ့ ၁၉ ရာစု ဖီလင် ဒဏ်ရာအတွက်

ပိတ်

ပိတ်

ဝန်းကျင် အဆက်အစပ်ကို တည်ဆောက်ပြရတဲ့သဘော

ဘာသာစကားဆွံ့အ နေတဲ့ လမ်းတွေဟာ

မှန်ရဲ့ အလင်းပြန်မှုထဲမှာ တန်းစီပြီး လွန်ခဲ့တဲ့

တစ္စေ၊ သရဲ တွေရဲ့ အရိပ်တွေလိုမျိုး

အမည်းရောင် အမည်းရောင် တွေ ဖြည်းဖြည်းလေးလေး

လမ်းလျှောက်နေကြတာနဲ့၊

နှင်းရဲ့ အရည်တွေဟာ နောက်ထပ် ထပ် ဖြစ်လာနိုင်စရာ မရှိတော့တဲ့

အရေးအသားရဲ့ သဘောကိုယ်ထဲမှာ

အမှုန်တွေရဲ့ အဓိပ္ပါယ်ဆိုတာကို ပြန်လည် တည်ဆောက်ပြဖို့ဆိုတာ

ပြောတော့သာ လွယ်တာ၊



သိုးနီညို

15
Aug
11

Thoe Niño

Collaborative Poetry with Lynn Ne Nyo.

29
Jul
11

ဖယောင်းတိုင်သုံး ဦးနှောက် ထွန်းပွဲတော်

လွယ်လွယ်ရတဲ့ ၅၀၀တန် ၃ရွက်ကို သိမှုအတိုင်းအတာနဲ့ယှဉ်ပြီး မသုံးရက်လို့ သိမ်းထားခဲ့တာ
ယုတ္တိနည်းလမ်းတကျ မရေရာမှုဆိုတာက ရှိနေမှာချည်းပဲ။
ကြာပြီ…
၅၀၀ တန်ကြောင့် မဟုတ်ပဲ ၅၀၀ ပေါ်က စာသားအချို့ကြောင့်
ရှင်သန်နေတဲ့ အမှတ်အသားတွေ၊ အမှတ်သညာတွေ
လက်ခံ မရှိဘူးဆိုမှတော့ ဘာကျန်နိုင်ဦးမလဲ
၅၀၀ တန်ဟာ ၅၀၀ တန်ပေါ့၊ ကိုယ့်အဆုံးအဖြတ်နဲ့ကိုယ် ရင်ထဲမှာ မကောင်းဘူး၊
ပေးကာနီးမှာ လိုသလိုဆွဲထုတ်ပြီး ပြန်လည်နှိုင်းယှဉ်၊ တိုက်ဆိုင်စစ်ဆေးပြီး ဆုံးဖြတ်တာပဲ။ ထားရမှာပဲ။
အကြောင်းက သွေးသားရဲ့ တောင့်တချက်ကြောင့် လို့ ခေါင်းစဉ်တပ်လိုက်တယ်၊
လူတိုင်းအတွက် အရေးကြီးတာက သူ့အတွေ့အကြုံနဲ့ ကိုယ့်အတွေ့အကြုံ ကူးလူးဆက်ဆံ သွားလာကြည့်ဖို့ပဲ
သွားလေရော့. . . သံယောဇဉ် . . .
စိတ်ထဲမှာ ၊ ကိုယ်ထဲမှာ၊ အာရုံထဲမှာ အရင်းအမြစ်ထဲမှာ တော်တော်ကောင်းနေပြီ၊
လေဟာပြတင်းကို လှစ်ကြည့်တော့ သီးခြားအနေအထားအလိုက် ထောင်စုနှစ်တွေ လွန် ကုန် ပြီ
ဆွဲထားတဲ့ လည်ပတ်ကြိုးမှာ စိန်ပတ်လည် စီခြယ် . . . အပြုံးများစွာနဲ့ ဆက်ဆံရေး သတ္တဝါတွေ ဆိုတာလား
အတွေ့အကြုံဆိုတာက ဖော်မြူလာအသုံးပြုတည်ဆောက်လို့မှ မရတာမျိုးပဲ
အရောင်မပါတဲ့ တောင်ပူစာတွေဟာ (သတ္တု) မိုင်းတွင်းတွေလို ကုန်းပေါ်ပြန်ရောက်မလာတဲ့သူတွေလို
ခုံအလွှတ်မှာ လွတ်ထွက်သွားတဲ့ အသက်ကို ဘယ်သူကယ်မလဲ
ယေဘုယျအနေအထားကို ထုတ်လုပ်တဲ့လုပ်ငန်းရဲ့ လူတိုင်း အခြေအနေတိုင်း ဖြစ်ရပ်တိုင်း အမှန်တရားတိုင်း
ဆန္ဒ နဲ့ တကယ်ဖြစ်ပျက်နေတာတွေ အဆိုတွေ စေ့ဆော်မှုတွေ
လမ်းပေါ်က ဘေးထုတ်ခံ လေးဘီးတွေက ပြုံးပြုံးကြီး
ရုပ်လောကကို အခြေခံပြီး လူချေတွေတိတ် သူ/ငါ အိပ်ချိန်မှာ
Eurasian တွေ ဘောလုံးကန်နေကြတယ်
တစ်ဖက်မှာ အောင့်သက်သက်ဝေဒနာနဲ့ ထွက်ခွာရာပြ ဝိဘတ်တွေကို ထားခဲ့ပြီ
လူမှာဆန္ဒရှိဖို့ကို နားသွင်းဖို့ မသင့်တော့ဘူး
လက်ခံခြင်း၊ ငြင်းဆိုခြင်းထက် ခုန်ဆင်းလိုက်ဖို့ ဒီနေ့အထိ အဆုံးအဖြတ် လိုအပ်နေတယ်။
ဖြစ်စဉ်ထဲက ဖြစ်စဉ်တွေကို လင့်ခ်ချိတ်ပါ (စမ်းသပ်မှုအချို့ နဲ့ ဇီဝကမ္မဗေဒ)
အမြင်တွေကြားမှာ မဖြစ်နိုင်ဘူး
တံခါးကို ဘာသာစကားနဲ့ဖွင့်၊ အခုငါ မင်းကို ဒီစကားမတိုင်ခင် လျှောက်လွှာမှာ မြင်ခဲ့ပြီ မပြေးနဲ့ (ကန့်သတ်)
ကာလ၊ ဒေသ၊ ပယောဂ မျဉ်းတွေ ဖြတ်ပြေးနေသလို ရောင်စဉ်တွေကို ကာလာခွဲဖို့ Eagle ဆီ ပို့လိုက်
ဖုံးထားတဲ့ အပေါ်ယံလွှာဟာ အမြဲတစေ လိုအပ်မယ်လို့ မပြောနိုင်လည်း
မျက်နှာတွေအတွက်တော့ ပဋိခန္ဓာ
တချို့ ပုဂ္ဂိုလ်တွေရဲ့ ကိန်းဂဏန်းက ကိုး၊ အချို့တွေက ခြောက်
အဖြေကတော့ မလုံလောက်သေးဘူး
ဒိမတိုင်ခင်ထိ သူတို့ဘယ်သူ ဘယ်ဝါဆိုတာ ကျုပ်ကိုယ်တိုင်မသိသေးဘူး
စတာတွေရဲ့ မတူညီမှုကို လိုနေတာပဲ။
ဘာလျှိုထားတာ ရှိသလဲ? ဘာနဲ့လျှိုထားတာ ရှိသလဲ?
စိတ်ဓါတ်တစ်ခုနဲ့ စိတ်ဓါတ်တစ်ခုကြား အဲဒီကရသမျှအချက်ကို အဆုံးအဖြတ်လုပ်ဖို့
ဟော . . . သပ် သပ်ကို ဖယ်ထားတဲ့ ငါးရာတန် သုံးရွက်ရှိတာပေါ့
ကိုယ့်ဝန်းကျင်က အောင်မြင်မှုနည်းလမ်းအတိုင်း
မဟာဗျူဟာတွေ ဆက်စပ်ဆင်ခြင်မှုတွေ ယတိပြတ်စံတွေ ဖြည့်ကြည့်စရာတွေ
ဟိုက်ဒရိုဂျင်နှစ်ဆ ချည်းကပ်လေ့လာမှုတစ်ဆ နဲ့ ဖယောင်းတိုင်ထွန်းပွဲလေး
ရေခြားမြေခြား တစ်ဖက်ကမ်းပါး မှာကျင်းပဖို့
ကျွန်တော် ဘယ်သူ့ကိုမှ မလျှိုခဲ့ပါဘူး၊
နေ့စဉ်ဘဝထဲမှာ လက်တွေ့လုပ်ဆောင်မှုဆိုတာ အကုန်ယူရတာပဲ။
အဆုံးအဖြတ်လုပ်မယ့်လူ ရေဖြစ်တယ်ဆိုတဲ့
ကဗျာဆရာဟာ ရိုးသားမှုကို မြတ်နိုးပါသတဲ့။
လူတိုင်းမှာ အမြင်သစ် ဒါမှမဟုတ်ရင် လက်ခံမှုအသစ် ရှိဖို့လိုတယ်။

သိုးထိန်း (အန္တိမ)၊ လင်းရမ္မာ
ရည်ညွှန်း။ ။ ဖယောင်းတိုင်သုံး ထောင်စုနှစ် မီးထွန်းပွဲတော် [လင်းရမ္မာ]

27
Aug
10

ခေါင်းစဉ်ကရော

ညဟာ ဘောင်းဘီရင်လျားကြီးဝတ်ပြီး အိမ်ထဲဝင်သွားတယ်။ နေ့ဟာ ဂါဝန်ဖါးဖါးကြီးဝတ်ပြီး စိတ်မရှည်စွာစောင့်လို့။ ခင်ဗျား မြန်မာ time ကလား။ ကျွန်တော်ကိုယ့်ဟာကိုယ် time ပါဆရာ။ ဆရာကဗျာရေးလိုက်သေးတယ်လေ။ ဇွန်ဘီတွေအကြောင်းပြောနေတာ။ ဒီကောင်ကြီး အကြီးကြီးပဲ။ ပန်းသီးကိုကိုက်လိုက်တဲ့အသံ ဟားဟားဟားဟားဟား။ မော့ကြည့်လိုက်တော့ အရက်လား ရေလားမသိဘူး။ လလား ကြယ်လားဟ။ စတင်ခဲ့တယ်ဆိုလို့ရှိရင် ကန်တော့ပါသေးပေါက်ရဲ့။ သိမှုတွေထွက်ကျသွားလား။ အဲဒါ Big Bang လား။ ဒီလူဟာ လီဆယ်နေလား။ ဒီ Line ထဲက စကားဟာ Truth Value ဘယ်လောက်ရှိမလဲ။ Access Denied / Policy Denied / DNS Error။ ဒါအကုန်ပဲလား။ System တိုင်းရဲ့ ရင်သားဟာ ကျောပေါ်မှာရှိတယ်။ ဒါ ဒစ် ဒါဒါ ဒစ် ဒါဒါ အသေးစားလုပ်ငန်းပဲ။ ပိုမို ဟိုမို အီမို ကိုယ့်အတွေးနဲ့ကိုယ်ပေါ့။ ရပ်ချင်ရင်ရပ် မရပ်ချင်ရင်မရပ်နဲ့ပေါ့။ တော်ပြီဆိုလည်း တော်မပျော်ပါဘူး နှင်းဆီဖြူရယ်။ သူ့သိမှုနဲ့ မခံစားနဲ့ ကိုယ့်သိမှုနဲ့ခွစား ကိုယ့်လူ။ ကိုယ်တောင်မှ ကိုယ်မလုပ်နိုင်တာတွေရှိတယ်မဟုတ်လား။ ကျွန်တော့်မှာ ပိုက်ဆံမှမရှိတာ။ ကိုယ့်ခေါင်းပေါ်ကဆံပင်ရှည်လာရင်ဘာလုပ်မှာလဲ။ ရှည်တာကတော့ ရှည်နေမှာပဲ။ ခုတော့ ဝန်ဇင်းမင်းရာဇာရဲ့ လှေထိုးသမားက ပါချုပ်ဖြစ်နေပြီ။ ကဗျာထဲမှာပဲ ကဗျာအလုပ်လုပ်ခွင့်ရှိတယ်။ တကယ့်ဘဝက the girl’s poor ပါ။ မဟုတ်ပါဘူး။ ကျွန်တော်သစ်ပင်စိုက်ပေးမှာပါ။ ကျွန်တော့်လိုရဲရင်တော့တစ်ခါတည်းပေါ့ဗျာ။ လိုချင်တာ ဘာလဲလို့မမေးဘဲ တခြား ပြောင်းမေး။ ဘာသာစကားကိုစင်ကြယ်စွာသန့်စင်ပါ။ ကိစ္စပြီးလျှင် အဖုံးကိုလှန်လိုက်ပါ။ ယူခရေးဆီး၊ ယူလေးဆီး၊ Ulysse ကျွန်တော်တို့နဲ့တော့ ဘယ်တူမှာလဲ။ မိုးရေစက်တွေ တပေါက်ပေါက်ကျနေတာဟာ လူတစ်ယောက်သတိလက်လွတ်စကားတွေပြောနေသလိုမျိုး။ အေးလုပ်လကွာ။ ခပ်ဆင်ဆင်ပေါ့။ စားပြီးသောက်ပြီး နှပ်ချီးထွက်သလိုပဲ။


ဇေယျာလင်း၊ ခင်အောင်အေး၊ ကြက်သွန်၊ တေလေ၊ လင်းရမ္မာ၊ သိုးထိန်း (အန္တိမ)
20th Aug 2010




categories

archives